နိုင်ငံတကာ တရားရုံး (ICJ) တွင် မြန်မာဘက်က ခုခံချေပသည့် ဥပဒေ ပညာရှင် ပါမောက္ခ ဒေါက်တာ ဝီလီယံ ရှာဘတ်စ် သည် လာမည့် မတ်လ ၅ ရက်တွင် ရန်ကုန်တက္ကသိုလ်၌ လာရောက် ဟောပြောမည် ဖြစ်ကြောင်း သိရသည်။
ဒေါက်တာ ဝီလီယံ ရှာဘတ်စ်သည် ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ဥပဒေပညာ ရပ်ဆိုင်ရာ အကြောင်းအရာများကို ဟောပြောမည် ဖြစ်ကြောင်း ဟောပြောပွဲကို စီစဉ်သည့် အဆင့်မြင့်ပညာ ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ အဓိကက Law ကျောင်းသားကျောင်းသူတွေ ဘာသာရပ် ဖွံ့ဖြိုးဖို့၊ ဘာသာရပ်ကို ပိုမိုတတ်ကျွမ်း နားလည်ဖို့ အတွက် ပြည်ပပညာရှင်နဲ့ တွေ့ဆုံပွဲ လုပ်တာပါ” ဟု ၎င်းက ပြောဆိုသည်။
ဟောပြောပွဲတွင် ရန်ကုန် တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်တို့ရှိ ဥပဒေပညာဌာနအပါအဝင် ဥပဒေပညာနှင့် ဆက်စပ်သော ဘာသာရပ်ဌာနများမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ စုစုပေါင်း လူ ၁၀၀၀ ခန့် တက်ရောက်နိုင်ရန် စီစဉ်ထားကြောင်း ဒေါက်တာ သိန်းဝင်းက ပြောသည်။
ရန်ကုန် တက္ကသိုလ် ဥပဒေပညာဌာနမှ စတုတ္ထနှစ် ကျောင်းသား ကိုနိုင်လင်းခန့် ကလည်း ICJ တွင် မြန်မာဘက်က ခုခံ ချေ သည့် ဒေါက်တာ ဝီလီယံရှာဘတ်စ် လာရောက် ဟောပြောပါက ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတကာ ဥပဒေနှင့် ပတ်သက်သော ဗဟုသုတများ သိခွင့်ရလာမည် ဖြစ်ကြောင်း ပြောဆိုသည်။
“သူကိုယ်တိုင် လာပြောပြမယ် ဆိုတော့ ကျနော်တို့အတွက် အားတခုလည်း ဖြစ်စေတယ်။ ကျနော်တို့ မျှော်လင့်တာက မြန် မာနိုင်ငံအနေနဲ့ ကမာ္ဘနဲ့ ယှဉ်လာပြီဆိုရင် ဥပဒေပညာနဲ့ တိုင်းပြည်ရဲ့ အကျိုးစီးပွား ကာကွယ်ဖို့ ဘယ်လောက်အထိ အရေး ပါသလဲဆိုတာ ထိထိရောက်ရောက် ပြောပေးဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဒေါက်တာ ဝီလီယံရှာဘတ်စ်၏ ဟောပြောပွဲကို တက်ရောက်ရန် ဆန္ဒရှိသော်လည်း ရန်ကုန် တက္ကသိုလ်ဥပဒေပညာဌာနက လက်ရှိ အချိန်အထိ တက်ရောက်မည့် လူစာရင်းကို ကောက်ယူခြင်း မရှိသေးကြောင်း ကိုနိုင်လင်းခန့်က ပြောကြားသည်။
ပါမောက္ခ ဒေါက်တာ ဝီလီယံရှာဘတ်စ်သည် ကနေဒါ နိုင်ငံသား ဂျူးလူမျိုးတဦး ဖြစ်သည်။
ဒေါက်တာ ဝီလီယံရှာဘတ်စ်သည် လူ့အခွင့်ရေး ဥပဒေ၊ နိုင်ငံတကာ ရာဇဝတ်မှု ဥပဒေ၊ လူမျိုးတုံး သတ်ဖြတ်မှု၊ နိုင်ငံတ ကာ ရာဇဝတ် တရားရုံး ဥပဒေ၊ အသွင် ကူးပြောင်းရေး ကာလ တရားမျှတမှုနှင့် သေဒဏ် စီရင်မှု စသည့် ဘာသာရပ်များ အတွက် ပါရဂူဘွဲ့ (Ph.D) ယူမည့် ကျောင်းသားများကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ Middlesex University London တွင် ကြီးကြပ်ပေးနေသူလည်း ဖြစ်သည်။
၎င်းသည် ဥပဒေပညာရပ် ဆိုင်ရာ စာအုပ်ပေါင်း ၂၀ ကျော် ရေးသားထားပြီး ယင်းစာအုပ်များထဲမှ ပထမ ကမာ္ဘစစ်အတွင်း စစ်ရှုံးသည့် ဂျာမန် အင်ပါယာ၏ ဧကရာဇ် Kaiser Wilhelm ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွင် တရားစွဲဆိုသည့်အကြောင်း ရေးသားထားသော The Trial of Kaiser စာအုပ်သည် ကမာ္ဘပေါ်ရှိ ဥပဒေပညာ လေ့လာသူများကြားတွင် ထင်ရှားသည်။
ဒေါက်တာ ဝီလီယံရှာဘတ်စ်ကို နိုင်ငံတကာ လူမျိုးတုံး သတ်ဖြတ်မှု လေ့လာသူများ အဖွဲ့အစည်း (IAGS) က မြန်မာ အစိုးရနှင့် အဆက်အသွယ် ဖြတ်ရန် ဖေဖော်ဝါရီလဆန်းပိုင်းက တိုက်တွန်းထားပြီးနောက် ဒေါက်တာ ဝီလီယံရှာဘတ်စ် ရန်ကုန် တက္ကသိုလ်၌ လာရောက် ဟောပြောရန် စီစဉ်ထားသည်ဟု အဆင့်မြင့်ပညာ ဦးစီးဌာနဘက်က သတင်းများ ထွက်ပေါ်လာ ခြင်းလည်း ဖြစ်သည်။
ဒေါက်တာ ဝီလီယံရှာဘတ်စ်သည် ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ IAGS အဖွဲ့၏ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူး သည်။
You may also like these stories:
ICJ ကြားဖြတ်အမိန့် မြန်မာ လိုက်နာရေး ထုတ်ပြန်ရန် ကုလလုံခြုံရေးကောင်စီ သဘောကွဲ
ICJ က ဂမ်ဘီယာနှင့် မြန်မာကို လျှောက်လှဲချက်တင်ရန် ၆ လအချိန်ပေး
ICJ ကြားဖြတ်စီမံချက်ကြောင့် နိုင်ငံ့အချုပ်အခြာအာဏာ ထိခိုက်ခြင်းမရှိဟုဆို