• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လပွတ္တာတွင် ကလေးအလုပ်သမားကို မီးရှို့နှိပ်စက်သည့် ဆိုင်ရှင်ကိုဖမ်းဆီး

by ဆလိုင်းသန့်စင်
25 February 2020
in သတင်း
A A
မီးရှို့နှိပ်စက်ခံရသည့် မောင်ဖိုးစနေ (ခ) ထက်စည်သူအောင် / Min Naing / လပွတ္တာ

မီးရှို့နှိပ်စက်ခံရသည့် မောင်ဖိုးစနေ (ခ) ထက်စည်သူအောင် / Min Naing / လပွတ္တာ

7.3k
VIEWS
Share on FacebookShare on Twitter

လပွတ္တာမြို့၊ တုနှိုင်းမမှီ ထမင်းနှင့် ရခိုင်မုန့်တီဆိုင်တွင် ငွေကျပ် ၈ သောင်း ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဆိုင်အလုပ်သမား အသက် ၁၃ နှစ်အရွယ် မောင်ဖိုးစနေ(ခ) ထက်စည်သူအောင်ကို မီးရှို့နှိပ်စက်ခဲ့သည့် ဆိုင်ရှင် ဒေါ်ချိုချိုစန်းအား ဧရာဝတီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းတွင် ဖမ်းဆီးလိုက်သည်။

“ဆိုင်အလုပ်သမား ကလေးငယ်ကို နှိပ်စက်မှုနဲ့ ဆိုင်ရှင် ဒေါ်ချိုချိုစန်းကို မနေ့က ညပိုင်းမှာ ကျနော်တို့ ဖမ်းဆီးလိုက်ပါပြီ။ ရဲလုပ်ငန်းစဉ်အရ လိုအပ်တဲ့ သက်သေစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်သွားပါမယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ဧရာဝတီကို ပြောသည်။

RelatedPosts

ချင်းမိုင်က ဗုဒ္ဓနေ့ တောင်တက်ပွဲ (ရုပ်/သံ)

ချင်းမိုင်က ဗုဒ္ဓနေ့ တောင်တက်ပွဲ (ရုပ်/သံ)

11 May 2025
73
စစ်တပ်ဗုံးကြဲလို့ တရက်အတွင်း အရပ်သား ၂၀ ကျော်သေဆုံး (ရုပ်/သံ)

စစ်တပ်ဗုံးကြဲလို့ တရက်အတွင်း အရပ်သား ၂၀ ကျော်သေဆုံး (ရုပ်/သံ)

11 May 2025
57
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
846

တရားလို ဦးမြင့်ဌေး၏ တိုင်တန်းချက်အရ တုနှိုင်းမမှီ ထမင်းနှင့် ရခိုင်မုန့်တီဆိုင်ပိုင်ရှင် ဖြစ်သည့် ၃၆ နှစ်ရှိ ဒေါ်ချိုချိုစန်း ကို ရာဇသတ်ကြီးပုဒ်မ ၃၂၆ (အပြင်းအထန် နာကျင်စေမှု) ဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်လှစ်ခဲ့ပြီး ယမန်နေ့ ညပိုင်းတွင် ဖမ်းဆီးကာ လပွတ္တာမြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

ရဲတပ်ဖွဲ့ လုပ်ထုံး လုပ်နည်းအရ ဒေါ်ချိုချိုစန်းအား ယနေ့ နံနက်ပိုင်းတွင် လပွတ္တာမြို့နယ် တရားရုံးတွင် ရုံးထုတ်၍ မြို့နယ် တရားသူကြီးထံတွင် မတ်လ ၄ ရက်နေ့အထိ ချုပ်မိန့်ရမန် တောင်းခံသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အသက် ၃၆ နှစ်ရှိ ဆိုင်ရှင် ဒေါ်ချိုချိုစန်းသည် ဆိုင်အလုပ်သမား မောင်ဖိုးစနေ (ခ) ထက်စည်သူအောင်အား ဖေဖော် ဝါရီလ ၁၉ ရက်နေ့ ညနက်ပိုင်းတွင် ဒီဇယ်ဖြင့်လောင်းကာ ခန္ဓာကိုယ်အား မီးရှို့ နှိပ်စက်ခဲ့သဖြင့် မီးလောင်ဒဏ်ရာများ ရရှိခဲ့ခြင်းကို လပွတ္တာမြို့ ၃ မိုင် ပြည်သူ့ဆေးရုံကြီးသို့ မုန့်ဟင်းရည်အိုး မှောက်ကျ၍ အပူလောင်သည်ဟု ပြောဆိုကာ ဆေးရုံတင်ခဲ့ခြင်း ဖြစ်သည်။

မောင်ဖိုးစနေ (ခ) ထက်စည်သူအောင် မီးရှို့နှိပ်စက်ခံရမှုအား မိခင်ဖြစ်သူကိုယ်တိုင်ကလည်း အမှုဖွင့်လှစ်ခြင်း မရှိဘဲ ကလေးငယ်ချင်း ဆော့ကစားရင်း မတော်တဆဖြင့် မုန့်ဟင်းရည်အိုး မှောက်ကျကာ အပူလောင်ခဲ့သည်ဟု သတင်း လွှင့်ပြောဆိုမှုများ ရှိနေသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေးမှ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် လပွတ္တာ မြို့သို့သွားရောက်၍ ရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့ပြီး နောက်ရက်တွင် ဆိုင်ရှင် ဒေါ်ချိုချိုစန်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“ကျနော်စွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်လို့ တရားလိုသက်သေတွေတော့ ရဲတပ်ဖွဲ့က စစ်ဆေးပြီးသွားပါပြီ။ အမှုကို တရား ဥပဒေ အတိုင်းဖြစ်အောင် အမှန်တရားပေါ်ပေါက်အောင် ဆက်လက်ကြိုးပမ်းသွားမှာပါ”ဟု တရားလို ဖြစ်သူ ဧရာဝတီတိုင်း ဒေသကြီး၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေးက ပြောသည်။

ဆိုင်ရှင်ဖြစ်သူ၏ မီးရှို့နှိပ်စက်မှုကြောင့် မောင်ဖိုးစနေ (ခ) ထက်စည်သူအောင်တွင် မျက်နှာ၊ ကျောပြင်၊ လည်ပင်းနှင့် ညာဘက် လက်မောင်းတို့တွင် မီးလောင်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ပြီး လပွတ္တာမြို့၃ မိုင်ဆေးရုံတွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့က စတင်၍ ဆေးကုသမှုခံယူခဲ့ရသည်။

လပွတ္တာ ၃ မိုင်ဆေးရုံတွင် ၅ ရက်ကြာ ဆေးကုသမှု ခံယူခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၄ ရက်ညပိုင်းတွင် မိသားစုဝင်များက မောင်ဖိုးစနေ (ခ) ထက်စည်သူအောင်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသခဲ့ကြောင်း သိရသည်။

“ကျနော်တို့ဘက်ကတော့ ရန်ကုန်မှာ ဆက်လက်ပြီး ကုသမယ်ဆိုရင် ပိုကောင်းမယ်လို့ အကြံပြုတယ်။ လူနာရှင်တွေရဲ့ ဆန္ဒက ဘယ်လိုရှိလဲ မေးတဲ့အခါ သူတို့က သွားမယ်ဆိုတဲ့အတွက် လူနာရှင်များရဲ့ဆန္ဒအရ ကလေးငယ်ကို ရန်ကုန် ပြည်သူ့ ဆေးရုံကြီးကို ညကပဲ လွှဲပြောင်းခဲ့တာ ဖြစ်ပါတယ်”ဟု လပွတ္တာမြို့ ၃ မိုင် ဆေးရုံကြီးမှ ဆေးလူမှု ဆက်ဆံရေး အရာရှိ ဦးအောင်မျိုးခိုင်က ပြောသည်။

မောင်ဖိုးစနေ (ခ) ထက်စည်သူအောင်ကို လပွတ္တာမြို့၊ ဂရုဏာမျက်ဝန်း လူမှုကူညီရေးအဖွဲ့၏ကားဖြင့် ယမန်နေ့
ည ၁၀ နာရီခန့်က လပွတ္တာမှ ရန်ကုန်သို့ ပို့ဆောင်ခဲ့ရာ ယနေ့ နံနက် ၄ နာရီခန့်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး
ခွဲစိတ်ကုသဆောင်တွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

“ကလေးကို ဦးဇင်းတို့အဖွဲ့ကပဲ တာဝန်ယူပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။ ကလေးက လက်မောင်း တွေရော၊ ကျောကုန်းတွေရော ဒဏ်ရာတွေရထားတော့ သူ့အသားတွေကို ကိုင်လိုက် ထိလိုက်တာနဲ့ အရမ်းနာနေတယ်။ ကားပေါ်အတင်အချတွေမှာပါ ကလေးက နာနေတော့ ဦးဇင်းတို့ ဂရုတစိုက် ပို့ဆောင်ပေးခဲ့ပါတယ်”ဟု လပွတ္တာမြို့၊ ဂရုဏာမျက်ဝန်း လူမှုကူညီရေးအသင်း တာဝန်ခံ ဆရာတော် ဦးပညာလောကက ပြောသည်။

You may also like these stories:

လပွတ္တာတွင် ကလေးလုပ်သားကို ဒီဇယ်လောင်းမီးရှို့သည့် ဆိုင်ရှင်အား အမှုဖွင့်

Your Thoughts …
Tags: ကလေးအလုပ်သမားဆိုင်ရှင်အပြင်းအထန်နာကျင်စေမှု
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

၂၀၁၆ ခုနှစ် ရန်ကုန်မြို့ အင်းဝအပ်ချုပ်ဆိုင်တွင် နှိပ်စက်ခံခဲ့ရသော အိမ်ကူအလုပ်သမား အမျိုးသမီးငယ် / ဧရာဝတီ

အိမ်ကူကလေးလုပ်သားတွေကို လျစ်လျူရှု မထားကြပါနဲ့

by အောင်မျိုးမင်း
16 June 2020
25.1k

ကလေးအလုပ်သမားတွေထဲမှာ အများစုက မြင်လေ့မရှိတဲ့ အိမ်ကူလုပ်သားတွေကို ကာကွယ်ပေးနိုင်ပါ့မလား

မြန်မာနိုင်ငံမှာ တွေ့ရတဲ့ ကလေး အလုပ်သမားများ / ဧရာဝတီ

၂၀၁၉ ခုနှစ်အတွက် ကလေးအလုပ်သမား အများဆုံး ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်

by ညီညီသူ
18 June 2019
8.5k

ဆင်းရဲခြင်းက အဓိကအကြောင်းတခု ဖြစ်နေပြီး တိုင်းပြည်ရဲ့ အနိမ့်ဆုံးဝင်ငွေနဲ့ အိမ်ထောင်စုကို ထောက်ပံ့နိုင်ဖို့အတွက် ဒီကလေးတွေက အလုပ် ထွက်လုပ်နေကြရပါတယ်။

ကလေးအလုပ်သမားတွေဟာ ဆိုးရွားတဲ့ အခြေအနေတွေအောက်မှာ နာရီပေါင်းများစွာ အလုပ်လုပ်နေရနိုင်တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

COVID-19 နဲ့အတူ ကြီးထွားလာတဲ့ ကလေးအလုပ်သမား ပြဿနာ

by ညီညီသူ
15 June 2020
3k

၂၀၀၀ ပြည့်နှစ်အတွင်း ကမ္ဘာတဝှမ်း ကလေးအလုပ်သမား အရေအတွက် ၉၄ သန်းအထိ လျော့ကျ သွားခဲ့ပေမယ့် ၂၀၂၀ ခုနှစ်မှာတော့ ပြန်လည် မြင့်တက်လာခဲ့ပါတယ်။

ဓာတ်ဆီလောင်း မီးရှို့ခံရသည့် မောင်ဖိုးစနေ (ခ) ထက်စည်သူအောင် / Facebook

လပွတ္တာတွင် ကလေးလုပ်သားကို ဒီဇယ်လောင်းမီးရှို့သည့် ဆိုင်ရှင်အား အမှုဖွင့်

by ဆလိုင်းသန့်စင်
23 February 2020
27k

မောင်ဖိုးစနေ(ခ) ထက်စည်သူအောင်တွင် ကျောပြင်၊ ဘယ်လက်၊ ညာလက်၊ ခန္ဓာကိုယ် အပေါ်ပိုင်းတို့တွင် မီးလောင်ဒဏ်ရာများ ရရှိထားပြီး လတ်တလောတွင် လပွတ္တာမြို့ ၃ မိုင် ပြည်သူ့ ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်၍ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

Next Post
"Teenage Mutant"

ရုပ်ပြအတိုင်း ပြန်လည် ရိုက်ကူးဖို့ရှိနေတဲ့ "Teenage Mutant"

Super 100 အစီအစဉ်ကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပန်ပန်

Super 100 အစီအစဉ်ကနေ ၁၀ နှစ်ကျော်ကြာ ကွဲကွာနေတဲ့ မိသားစုနဲ့ ပြန်ဆုံတွေ့ခဲ့တဲ့ ပန်ပန်

No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

2 days ago
5k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
4.7k

Most Read

  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0
  • အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate