• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

COVID-19 ကူးစက်ခံရသော တောင်ကိုရီးယားသူနှင့် တွေ့ဆုံသည့် မြန်မာ၂၂ ဦးကို စောင့်ကြည့်နေ

by ထက်ခေါင်လင်း
25 February 2020
in သတင်း
A A
/ ထက်ဝေ / ဧရာဝတီ

/ ထက်ဝေ / ဧရာဝတီ

53.9k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ပြီးနောက် ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရသည် ဆိုသည့် တောင်ကိုရီး ယားနိုင်ငံသူနှင့် တွေ့ဆုံခဲ့သူ ၂၂ ဦးကို စောင့်ကြပ်ကြည့်ရှုနေကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ကူးစက်ရောဂါ တိုက် ဖျက်ရေး ဌာ နခွဲမှ ဒုညွှန်မှူး ဒေါက်တာ ခင်ခင်ကြီးက အတည်ပြုသည်။

အဆိုပါ အမျိုးသမီးသည် မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၉ ရက်အထိ လာရောက်ခဲ့ပြီး၊ တောင်ကိုရီးယားနိုင်ငံသို့ ပြန်သွားပြီးမှ ဖျားနာသဖြင့် စစ်ဆေးကြည့်သည့်အခါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု တောင်ကိုရီးယား ကျန်းမာရေး ဌာနက အတည်ပြုခဲ့ခြင်း ဖြစ်သည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
222
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
484
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
190

ဒေါက်တာ ခင်ခင်ကြီးက “သူဘယ်မှာ တည်းတယ်။ သူဘယ်ကို သွားတယ် ဆိုတာကိုတော့ ကျမတို့ ထုတ်ဖော်ပြောလို့ မရ ပါဘူး။ ကျမတို့ ပြောလို့ရတာက သူနဲ့ ထိတွေ့ခဲ့တယ် ဆိုတဲ့ သူတွေက ၂၂ ဦးပါ။ သူတို့ကို စောင့်ကြည့်နေပါတယ်။ ဒီလောက်ပဲ ပြောလို့ရတယ်” ဟု ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရသူဆိုသည့် တောင်ကိုရီးယားနိုင်ငံသူသည် သီလရှင် တဦးဖြစ်ကာ မြန်မာနိုင်ငံ အတွင်း နေထိုင်ခဲ့စဉ်က ၎င်းနှင့် တွေ့ဆုံခဲ့သူ ၇ ဦးနှင့် အဆိုပါ သူများ၏ မိသားစုဝင် ၁၅ ဦး စုစုပေါင်း ၂၂ ဦးကို စောင့်ကြည့်နေခြင်း ဖြစ်သည်။

သို့ရာတွင် အဆိုပါ အမျိုးသမီး မည်သည့် နေရာသို့ သွားရောက်သည်၊ မည်သည့် နေရာတွင် နေထိုင်ခဲ့သည်ကို ဧရာဝတီမှ မေးမြန်းခဲ့ရာတွင် ၎င်းက ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိပေ။

ယခုကိစ္စနှင့် ပတ်သက်၍ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအပြင် ရန်ကုန်တိုင်း၊ ဟိုတယ် လုပ်ငန်းရှင်များ အသင်း သို့ပင် သတင်းပေးပို့ခဲ့ခြင်း မရှိခဲ့ကြောင်း အဆိုပါ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ပြောဆိုသည်။

လက်တလောတွင် တရုတ်နိုင်ငံသား ဧည်သည်များ ဝင်ရောက်လာသည့် ကိစ္စကိုသာ ဟိုတယ် လုပ်ငန်းရှင်းများ၊ စကားပြန် အဖွဲ့အစည်းများက အလေးထား ဆောင်ရွက်နေလျက် ရှိကြောင်း ရန်ကုန်တိုင်း၊ ဟိုတယ်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦး တင်မြင့်က ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဦးနိုင်ဝင်းက “ဒီသတင်းကို ကျနော့်ဆီ သတင်းပေးပို့ တာ မရှိသေးဘူးဗျ။ သူက ရန်ကုန်မှာပဲ တည်းတာလား၊ ဘယ်မှာတည်းတာလဲ။ သူက ဘယ်သူလဲတောင် ကျနော်မသိဘူး။ ကျနော့်လူတွေကို မေးကြည့်ပါဦးမယ်။ အဲဒီသတင်းတော့ ကြားမိပါတယ်။ ဒါပေမယ့် မြန်မာမှာ ဘယ်မှာနေခဲ့တယ်၊ ဘယ် ကိုသွားခဲ့တယ် ကျနော် ဘာမှမသိဘူးဗျ” ဟု ဆိုသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့် အဆိုပါ တောင်ကိုရီးယားနိုင်ငံသူ မည်သည့်မြို့တွင် မည်သည့်နေရာတွင် တည်းခိုခဲ့သည်၊ မည်သည့်နေရာများတွင် စားသောက်ခဲ့သည်၊ မည်သည့် လမ်းကြောင်းမှ မြန်မာမှ ထွက်ခွာသွားသည်ကို ပြည်သူအများ သိရှိစေရေး ထုတ်ပြန်ပေးသင့်ကြောင်း စာရေးဆရာမ မသွေး(စစ်ကိုင်း)က သုံးသပ် သည်။

အဆိုပါ အမျိုးသမီးနှင့် ထိတွေ့ခဲ့သည့်သူများကို စောင့်ကြည့်နေသည် ဆိုသော်လည်း အဆိုပါသူများ၏ သတင်း အချက် အလက်၊ အခြေအနေ အသေးစိတ်ကို ပြည်သူများ၏ သတင်း သိပိုင်ခွင့် အရ သိခွင့်ရှိကြောင်း၊ လက်ရှိအချိန်တွင် ပြည်သူ များသည် အဆိုပါ ကိုရိုနာဗိုင်းရပ်စ်သည် ဖွံ့ဖြိုးပြီး နိုင်ငံများတွင်ပင် ဖြစ်ပျက်နေသော်လည်း မြန်မာနိုင်ငံတွင် မတွေ့ရှိရသေး ဆိုသည့် သတင်းစကား အပေါ်သံသယရှိနေကြောင်း ၎င်းက ဆိုသည်။

သွေး(စစ်ကိုင်း)က “တောင်ကိုရီးယားဆို တရုတ်နိုင်ငံပြီးရင် အများဆုံး ဖြစ်နေတဲ့ နိုင်ငံ။ သူက မြန်မာနိုင်ငံထဲကို မလာခင် က ဒီဟာ ကူးစက်ခံနေရတာလား၊ မြန်မာနိုင်ငံထဲမှာပဲ ကူးစက်ခံရတာလား၊ မြန်မာနိုင်ငံက ထွက်သွားပြီးမှ ကူးစက်ခံရတာ လားဆိုတာ တိတိကျကျ ပြည်သူတွေကို သတင်းထုတ်ပြန်သင့်တယ်။ ပြည်သူတွေမှာက တခြားနိုင်ငံတွေတောင် ဖြစ်နေပြီ။ ကိုယ်နဲ့ အိမ်နီးချင်း ဖြစ်တဲ့ တရုတ်နိုင်ငံက အဖြစ်များဆုံး ဖြစ်နေတာ။ ကိုယ့်နိုင်ငံမှာ မဖြစ်ဘူး ဆိုတာတော့ မယုံကြဘူး။ အဲဒီလို သံသယ မဖြစ်အောင် မှန်မှန်ကန်ကန်တော့ သတင်းထုတ်ပြန်ဖို့ သင့်တယ်” ဟု ဆိုသည်။

တကမ္ဘာလုံးတွင် COVID-19 ကူးစက်ခံရသူ ၇၉၃၃၁ ဦး ရှိနေပြီး တရုတ်နိုင်ငံတွင် ၇၇၂၆၂ ဦး ရှိနေပြီ ဖြစ်ကြောင်း၊ တရုတ် နိုင်ငံတခုတည်းတွင် အဆိုပါ ကူးစက်ခံရသူများထဲမှ ၂၅၉၅ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ပြင်ပ ၂၉ နိုင်ငံတွင် သေဆုံးသူ ၂၃ ဦး ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယမန်နေ့ညက သတင်းထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံတွင် ၃၃ ပြည်နယ်၌ အဆိုပါ ကူးစက်ရောဂါ ဖြစ်ပွားနေပြီး တရုတ်နိုင်ငံ ပြင်ပတွင် တောင်ကိုရီးယား နိုင်ငံသည် အမြင့်ဆုံးအဆင့် အဖြစ် ကူးစက်ခံရသူ ၇၆၃ ဦး အထိရှိကြောင်း၊ ဒုတိယ အဖြစ် ဂျပန်နိုင်ငံသည် ကူးစက်ခံရသူ ၁၄၄ ရှိနေ ကြောင်း WHO ၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

ဆက်စပ်ဖတ်ရှုရန်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကိုရီးယားရောက် မြန်မာလုပ်သားများရဲ့ သောက

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတောင်ကိုရီးယားနိုင်ငံငူ
ထက်ခေါင်လင်း

ထက်ခေါင်လင်း

ဧရာဝတီ

Similar Picks:

ရန်ကုန်ဘူတာကြီးတွင် တွေ့ရသည့် ခရီးသွားများ  / ထက်ဝေ / ဧရာဝတီ

သင်္ကြန်ပိတ်ရက်ရှည် ခရီးသွားခြင်းများ မပြုလုပ်ရန် ကျန်းမာရေးဌာန သတိပေး

by သဇင်လှိုင်
20 March 2020
41.1k

သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်များ၌ ခရီးသွားရောက် လည်ပတ်ခြင်းများ မပြုလုပ်ကြရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒု ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။

လယ်တီ ဆရာတော်ကြီး ၏ ရောဂန္တရဒီပနီကျမ်းတွင် ပါဝင်သော အက္ခရာတံဆိ ပ်ပုံတော်  / ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်း

အယူအဆ အလွဲတွေနဲ့ ဝါဒဖြန့်ဖို့ မီဒီယာကို အသုံးမချသင့်

by အောင်သီဟ
4 February 2020
7.8k

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့နိုင်ငံများတွင် ကုသရန် အဖြေမရှာနိုင်သေးသော် လည်း မြန်မာနိုင်ငံတွင်တော့ ကြိုတင်ကာကွယ်ခြင်း နှင့် ပျောက်ကင်းနိုင်မည်ဟူသော နည်းလမ်းအမျိုးမျိုး ထွက်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့်နှစ်က မန္တလေး သင်္ကြန်ပွဲတော် ကျင်းပနေမှုကို တွေ့ရစဉ် / ဇော်ဇော် / ဧရာဝတီ

မန္တလေး သင်္ကြန် ကျင်းပရန် မသေချာ

by ဒီလှိုင်းဝင်း
11 March 2020
8.3k

လတ်တလော ဖြစ်ပွားလျက်ရှိသည့် ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက် ပြန့်ပွားနေမှုကြောင့် မန္တလေး သင်္ကြန်ပွဲတော် ကျင်းပရန် မသေချာဟု မန္တလေးတိုင်း အစိုးရ အဖွဲ့က သိရသည်။

တရုတ်-မြန်မာနယ်စပ် ရွှေလီမှ ရှိ နယ်ခြားဂိတ် / AFP

ကိုဗစ်နောက်ပိုင်း ရွှေလီမြို့ ပြန်လည်ရှင်သန်ရန် အားယူနေ

by ဧရာဝတီ
16 January 2023
9k

တရုတ်နိုင်ငံသည် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ လူများ နယ်စပ်ဖြတ်ကျော်ခြင်းကို ခွင့်မပြုသေးကြောင်း မူဆယ် ဆန်စပါး ကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။

Roche အရိုးအဆစ်ရောင် ရောဂါပျောက်ဆေး Actemra ဆေးဟာ ကိုရိုနာရောဂါ ကုသရာမှာ အထောက်ကူပြုတာကို တွေ့ရှိခဲ့ကြပါတယ်။

ဆွစ်ဇာလန်ထုတ် အဆစ်ရောင် ပျောက်ဆေးဟာ ကိုရိုနာဗိုင်းရပ်စ် ကုသရာမှာ သက်သာ‌စေတယ်လို့ ယူဆရ

by Aurora
6 March 2020
10.9k

Roche အဆစ်ရောင်ရောဂါပျောက်ဆေးဟာ ကိုရိုနာရောဂါ လက္ခဏာတချို့ကို ပျောက်ကင်း ကုသနိုင်တာကြောင့် တရုတ်အစိုးရက သုံးစွဲဖို့ အသိမှတ်ပြုလိုက်တာပါ။

ရန်ကုန်မြို့ရှိ ဆေးဆိုးပန်းရိုက် လုပ်ငန်း တခုကို တွေ့ရစဉ် / ရန်ကုန်မြို့ရှိ ဆေးဆိုးပန်းရိုက် လုပ်ငန်း တခုကို တွေ့ရစဉ်

ရန်ကုန်ရှိ အသေးစား ငွေချေးလုပ်ငန်းတချို့ ပြန်ဆပ်ငွေ ဆိုင်းငံ့ပေးမှုများ ပြုလုပ်လာကြ

by မျိုးပပစန်း
6 April 2020
11.2k

တချို့ကုမ္ပဏီများသည် ဆိုင်းငံ့ကာလအတွင်း တောင်းခံသည့် ဝန် ထမ်းကို ဥပဒေအရ အရေးယူ ဆောင်ရွက်ရန်အထိ လုပ်ဆောင်မည် ဖြစ်ကြောင်း အသိပေးထားသည်။

Next Post
ယနေ့ ပြည်ထောင်စုလွှတ်တော်မြင်ကွင်း / သီဟလွင် / ဧရာဝတီ

အဖွင့်မလှတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲ

ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ကြံ့ခိုင်ရေးအမတ် ဦးမောင်မြင့် တင်ပြဆွေးနွေးနေစဉ် /  Pyithu Hluttaw

ကြံ့ခိုင်ရေးအမတ်ကို အရေးယူရန် NLD အမတ် လွှတ်တော်သို့ တောင်းဆို

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.5k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

4 days ago
3.2k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate