• English
Thursday, July 10, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကြံ့ခိုင်ရေးအမတ်ကို အရေးယူရန် NLD အမတ် လွှတ်တော်သို့ တောင်းဆို

by မိုးမိုး
25 February 2020
in သတင်း
A A
ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ကြံ့ခိုင်ရေးအမတ် ဦးမောင်မြင့် တင်ပြဆွေးနွေးနေစဉ် /  Pyithu Hluttaw

ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ကြံ့ခိုင်ရေးအမတ် ဦးမောင်မြင့် တင်ပြဆွေးနွေးနေစဉ် / Pyithu Hluttaw

15.4k
VIEWS
Share on FacebookShare on Twitter

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) မှ ဦးမောင်မြင့်၏ ဆွေးနွေးချက်များသည် အခြားသူများကို ပုတ်ခတ်နေသဖြင့် အရေးယူပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါ တီ၏ အမတ်တဦးက ပြည်ထောင်စု လွှတ်တော်၌ တောင်းဆိုလိုက်သည်။

ယနေ့ ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်၍ USDP အမတ်၏ ဆွေးနွေး ချက်များတွင် အသက် ၇၀ နှင့်အထက် အရွယ်ရှိသူများမှာ “သူငယ်ပြန်တတ်တဲ့ အရွယ်တွေ တိုင်းပြည်ကို ဦးဆောင်ပြီး က မောက်ကမ မဖြစ်စေရန် ဖြစ်ပါတယ်” ဟု ပါရှိသဖြင့် NLD ပါတီမှ အမတ်တဦးက လွှတ်တော် နာယကထံ အထက်ပါ အတိုင်း တောင်းဆိုခြင်း ဖြစ်သည်။

RelatedPosts

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

9 July 2025
49
ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

9 July 2025
154
KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
154

ထို့ပြင် ၎င်း၏ ဆွေးနွေးချက်တွင် ပါရှိသည့် “ပုဒ်မ ၅၉(စ) သည် နိုင်ငံ၏ အသက်ပါ။ ဒါကြောင့် ဦးထွန်းထွန်းဟိန်က ပယ် ဖျက်ဖို့ ပြောတာဟာ အင်မတန်မှ စိတ်ပျက်စရာ ကောင်းပါတယ်” ဆိုသည့် စကားရပ်နှင့် “ဒီနေရာမှာ All Inclusive ဆို တာကို ဦးထွန်းထွန်းဟိန် က မေ့သွားပြီ ထင်ပါတယ်” အစရှိသဖြင့် ပြောဆိုချက်များကြောင့် NLD ပါတီမှ ဦးနေမျိုးထွန်း က အရေးယူပေးရန် နာယ ကထံ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ထန်းတပင်မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထွန်းက “ပြည်ထောင်စု လွှတ်တော် အဆင့်မှာ ရယ် စရာ ကောင်းပါတယ် ဆိုတဲ့ စကားရပ်တွေ၊ အသက် ၇၀ ကျော်တဲ့ သူငယ်ပြန်တတ်တဲ့ အရွယ်၊ ကျနော်တို့ ဒီလွှတ်တော် ထဲမှာလည်း အသက် ၇၀ ကျော် အရွယ်တွေ အများကြီး ရှိပါတယ်။ ဒါမျိုးတွေကို ပြောတော့ အသက်ကြီးပိုင်းကိုလည်း တော်တော် စော်ကားရာ ကျပါတယ်” ဟု ဦးမောင်မြင့်၏ ဆွေးနွေးချက်များကို လွှတ်တော်သို့ ထောက်ပြခဲ့သည်။

ထို့ကြောင့် နာယက အနေဖြင့်လည်း သတိပေးပြီး ဖြစ်သည့်အတွက် ပုဒ်မ ၂ (ခ) အရ အရေးယူ ဆောင်ရွက်ရန်သာ ကျန်ရှိ တော့ကြောင်း ဦးနေမျိုးထွန်းက ဆက်လက် တင်ပြခဲ့သည်။

လွှတ်တော် နာယက ဦးတီခွန်မြတ်က ဦးမောင်မြင့်၏ ဆွေးနွေးချက်များကို ပြန်လည် စစ်ဆေးပြီးပါက လိုအပ်သလို အရေး ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး မစတင်မီ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ချုပ်အောင် စန်းချစ်က ၎င်းတင်သွင်းသော အခြေခံ ဥပဒေ မူကြမ်းပါ အကြောင်းအရာ အချက်အလက်များကို လေ့လာစိစစ်ရေး ပူး ပေါင်းကော်မတီ ပေါ့လျော့စွာ စိစစ်ခဲ့ကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။

ထိုသို့ တင်ပြစဉ် လေ့လာစိစစ်ရေး ပူး ပေါင်းကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ မြတ်ဉာဏစိုးက ကော်မတီ အနေဖြင့် ဥပဒေအတိုင်းသာ ဆောင်ရွက်ခြင်း ဖြစ်ပြီး တလုံးမှ ပြင်ဆင်ထားခြင်း မရှိကြောင်း ပြန်လည် ရှင်းလင်းခဲ့သည်။

ထိုသို့ ရှင်းလင်းချက် အပြီးတွင် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ်တဦး ဖြစ်သူက ပြင်းထန်စွာ ပြန်လည် ကန့်ကွက် လိုက်သဖြင့် လွှတ်တော် နာယကမှ “ဗိုလ်ချုပ် ကြမ်းတမ်း ရုန့်ရင်းတဲ့ အမူအရာတွေ မသုံးပါနဲ့” ဟု ပြန်လည် တုံ့ပြန်ခဲ့ သည်။

ယနေ့ အစည်းအဝေး မစတင်မီ ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က လွှတ်တော်တွင် ကိုယ်စားလှယ်များ ဆွေးနွေးရာ၌ ဂရုပြုသင့်သည့် အချက်များကို မှာကြားပြီး ဖြစ်သော်လည်း ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၈ နှင့် အညီ ဆွေးနွေးကြရန် ထပ်မံ သတိပေးကြောင်း ပြောကြားခဲ့သေးသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေ မူကြမ်းကို လွှတ်တော်တွင် ကိုယ်စားလှယ် စုစုပေါင်း ၁၄၉ ဦး ဆွေးနွေးမည် ဖြစ်ပြီး၊ ဖေဖော် ဝါရီ ၂၅ ရက်မှ စ၍ မတ်လ ၅ ရက်အထိ ပြည်ထောင်စု လွှတ်တော်တွင် ဆက်တိုက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း လွှတ် တော် ကိုယ်စားလှယ်များထံက သိရသည်။

You may also like these stories:

အဖွင့်မလှတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲ

ဗိုလ်ချုပ် တဦး၏ ဆဲဆိုမှု မီဒီယာ အသိုင်းအဝိုင်း စိတ်ပျက်

Your Thoughts …
Tags: NLDUSDPပုဒ်မ ၅၉ (စ)ပြင်ဆင်ရေးပြည်ထောင်စုလွှတ်တော်ဖွဲ့စည်းပုံ
မိုးမိုး

မိုးမိုး

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.6k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
32.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.5k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.5k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
၂၀၁၉ ဩဂုတ် ၂၄ ရက် မင်းပြားမြို့နယ် ပန်းမြောင်ရွာ နေအိမ်ပေါ်တွင် လက်နက်ကြီးကျ ပေါက်ကွဲ၍ သေဆုံးသွားသူ မောင်အောင်ဇင်ဖြိုး / ဇော်ဇော်

တာဝန်ခံမှု ကင်းမဲ့နေသော ရခိုင်တိုက်ပွဲအတွင်း ကလေးငယ်များ သေဆုံးဒဏ်ရာရနေကြသည်

ဒူတာတေး၏ သမ္မတသက်တမ်းက ၂၀၂၂ ခုနှစ်တွင် ကုန်ဆုံးမည် / Reuters

ဖိလစ်ပိုင်နဲ့ အမေရိကန်တို့ ချစ်ခြင်းကို ဒူတာတေး ခွဲလိုက်ပြီ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

3 days ago
3.3k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate