• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လွှတ်တော်တွင်း ပုတ်ခတ် ဆွေးနွေးမှုများ တရားစွဲမည်ဟု နာယက သတိပေး

by မိုးမိုး
27 February 2020
in သတင်း
A A
ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် / ဧရာဝတီ

ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် / ဧရာဝတီ

34k
VIEWS
Share on FacebookShare on Twitter

လွှတ်တော်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးမှုများ အလွန်ဆိုးလာပါက တရား စွဲဆို သွားမည်ဟု ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ယနေ့ သတိပေးလိုက်သည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ လွှတ်တော်အတွင်း ဆွေးနွေးချက်များမှာ တဦးကိုတဦး ပုတ်ခတ် စွပ်စွဲသည့် စကား လုံးများ ပါဝင်နေသဖြင့် ကိုယ်စားလှယ်များမှ ကန့်ကွက်ခြင်းများ ရှိသကဲ့သို့ လွှတ်တော် နာယက ကိုယ်တိုင် ကလည်း အကြိမ်ကြိမ် သတိပေးပြောကြားမှုများ တွေ့ရသည်။

RelatedPosts

ရန်ကုန် အလုပ်သမားတွေ ဆန္ဒပြမှု သဘောတူညီမှုရရှိ (ရုပ်/သံ)

ရန်ကုန် အလုပ်သမားတွေ ဆန္ဒပြမှု သဘောတူညီမှုရရှိ (ရုပ်/သံ)

21 May 2025
0
ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

21 May 2025
66
ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို  အမေရိကန်ဥပဒေ ခွင့်ပြု မပြု

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

21 May 2025
181

ယနေ့ လွှတ်တော် အစည်းအဝေးအပြီးတွင် လွှတ်တော် နာယက ဦးတီခွန်မြတ်က “နာယက အနေနဲ့ စီမံခန့်ခွဲရေး အရ အရေးယူလို့ ရသလို၊ သူ့ အဆင့်လိုက် ရှိပါတယ်။ သိပ်လွန်လာရင် ဥပဒေအရ တရားစွဲဆိုတဲ့ အဆင့်နဲ့ အရေးယူနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်” ဟု သတိပေးသည်။

လွှတ်တော် အမတ်များ အနေဖြင့် ဆွေးနွေးသည့် အခါတွင် ဥပဒေဘောင် အတွင်းမှ လွတ်လွတ် လပ်လပ်ဆွေးနွေးနိုင်ကြောင်း သို့သော်လည်း တဖက်နှင့် တဖက် ပုတ်ခတ်ည့် အနေထားမျိုးမဖြစ်စေရန် လိုအပ်ကြောင်း ဦးတီခွန်မြတ်က ဆက်ပြောသည်။

အတိုက်အခံပါတီဖြစ်သည့်  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့် က “လွှတ်တော်မှာပြောလို့ တရားစွဲခံရတယ်ဆိုလည်း ဂုဏ်တော့ မငယ်ပါဘူးဗျာ။ ဒီမိုကရေစီမှာ ဘယ်နိုင်ငံမှာ လွှတ်တော်မှာပြောတာတရားစွဲတာ ခံရဘူးလဲ ကျနော်က ပြန်ပြီး မေးခွန်းထုတ်ရမှာပေါ့”  ဟု ဧရာဝတီသို့ ပြောသည်။

လွှတ်တော်နာယက၏ လုပ်ပိုင်ခွင့်ထဲများထဲတွင် လွှတ်တော်ပရဝဏ်အတွင်း ကိုယ်စားလှယ်တဦး၏ အပြုအမူနှင့် အပြော အဆိုသည် အလွန်မဖွယ်မရာ ဖြစ်ကြောင်း တွေ့ရှိပါက ယင်းကိုယ်စားလှယ်အား လွှတ်တော် ပရဝဏ် အတွင်းမှ ချက်ချင်းထွက်ခွာသွားရန်နှင့် ထိုနေ့အစည်းအဝေးသို့ တက်ရောက်ခြင်းမပြုရန် ညွှန်ကြား နိုင်သည်။

လွှတ်တော်အစည်း အဝေးကာလ တခုအတွင်း ယင်းသို့ ဒုတိယအကြိမ် ညွှန်ကြားခြင်းခံရလျှင်မူ အစည်းအဝေး၏ ကျန်ရှိ သောရက်များထက် မပိုသောကာလ အပိုင်းအခြား၌ ယင်းလွှတ်တော်ကိုယ်စားလှယ်အား လွှတ်တော် အစည်း အဝေး များသို့ လည်းကောင်း၊ လွှတ်တော်ပူးပေါင်း ကော်မတီ အစည်းအဝေး များသို့လည်းကောင်း မတက်ရောက်ရန် ညွှန်ကြား နိုင်ခြင်း၊ ထို့ပြင် ယင်းသို့ ညွှန်ကြားခြင်းခံထားရသော လွှတ်တော်ကိုယ်စားလှယ်ကို လွှတ်တော် ပရဝဏ် အတွင်းသို့ မလာရောက်စေရန်လည်း ညွှန်ကြားနိုင်ခြင်း အစရှိသည့် အချက်များ ပါဝင်သည်။

ကြံ့ခိုင်ရေးအမတ် ဦးမောင်မြင့်က “ပြောသင့်တာတော့ ပြောမှာပဲ။ သူဟာသူ အရေးယူယူ မယူယူပေါ့။ အရေးယူလို့ သေသွားတဲ့ကိစ္စမှ  မဟုတ်တာ။ တရားစွဲလို့ ရတယ်ဆိုတာ ကျနော်မသိဘူး”  ဟု ဆက်ပြောသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍  ကြံ့ခိုင်ရေး အမတ် ဆွေးနွေးချက်ကို အာဏာရ NLD ပါတီမှ ကန့်ကွက်ခဲ့ခြင်း၊ တပ်မ တော်ဘက်မှ ဆွေးနွေးချက်ကို  NLD ပါတီမှ ပြန်လည်ကန့်ကွက်ခဲ့ခြင်း၊ တသီးပုဂ္ဂလ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်း၏ ဆွေးနွေးချက်ကို NLD ပါတီမှ ကိုယ်စားလှယ်က အပြန်အလှန်ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုအခြေအနေများနှင့် ပတ်သက်၍ လွှတ်တော်နာယက ဦးတီခွန်မြတ် အနေဖြင့် အတွေ့အကြုံရှိသူတဦး ဖြစ်ပြီး အခြေအနေ တရပ်ကို ထိန်းနိုင်သည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း အောင်မြေသာစံ မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက မှတ် ချက်ပြုသည်။

ထိုသို့ တရားစွဲဆိုရသည့် အခြေအနေမျိုးကို မိမိကိုယ်တိုင် မလိုလားကြောင်း၊ အားလုံးက တိုင်းပြည်အတွက် ဝိုင်းဝန်း လုပ်ဆောင် နေသည့် အချိန်တွင် စည်းစည်း လုံးလုံး ညီညီ ညွှတ်ညွှတ်ဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း မမြင်မတူ သော်လည်း တယောက်နှင့် တယောက် ဂုဏ်သိက္ခာ ချခြင်း၊  ပုတ်ခတ်ခြင်းများ  မဖြစ်စေရန် အနှုးညွှန့် တောင်းပန်ကြောင်း ဦးတီခွန်မြတ်က မေတ္တာရပ်ခံသည်။

You may also like these stories:

ပုဒ်မ၂၆၁ ပြင်ဆင်ရေး NLD အစိုးရ လက်ထက် တပ်မတော် သဘောထား ပြောင်း

ဖွဲ့စည်းပုံ ပြင်ရေးမူကြမ်း ဆွေးနွေးမယ့် တပ်ကိုယ်စားလှယ်စာရင်း လျှော့ချခံရမလား

ပွင့်လင်းမြင်သာမှုရှိရန် ရန်ကုန်တိုင်းအစိုးရကို နိုင်ငံတော်အတိုင်ပင်ခံ တိုက်တွန်း

Your Thoughts …
Tags: ပုတ်ခတ်ဆွေးနွေးမှုလွှတ်တော်ဦးတီခွန်မြတ်
မိုးမိုး

မိုးမိုး

...

Similar Picks:

ပြည်သူ့ပါဝါ ထပ်မံအောင်ပွဲခံသည့် ကိုရီးယား

by ဝင်းပေါ်မောင်
21 December 2024
8.7k

ထိုညက လွှတ်တော်တွင်း ပုံရိပ်များသည် အမည်ဆိုး တင်ကျန်ခဲ့သော်လည်း စစ်တပ်သည်ပင် စစ်အုပ်ချုပ်ရေးကို လိုလားဟန် မပြခဲ့ပေ။ နှစ်ပေါင်းလေးဆယ်ခန့် ဒီမိုကရေစီကို စောင့်ရှောက်သော စစ်တပ်အဖြစ် တည်ရှိခဲ့သော ၎င်း၏ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းရန်သာ လိုလားပုံရသည်။

ပဋိပက္ခတွေကြား စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲ အထမြောက်နိုင်မလား

ပဋိပက္ခတွေကြား စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲ အထမြောက်နိုင်မလား

by ဧရာဝတီ
12 August 2023
3.9k

ပထမဆုံးကျင်းပမည့် လွှတ်တော်အစည်းအဝေး အထမြောက်ရန် လိုအပ်သည့် ၅၀ ရာခိုင်နှုန်းသော ကိုယ်စားလှယ်တွေအတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိပြီးဖြစ်ပါကြောင်း၊ ကျန် ၂၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ် ရှိရုံမျှဖြင့် လွှတ်တော်အစည်းအဝေးကို အထမြောက်အောင် ဆောင်ရွက်နိုင်ပါကြောင်း

လူထုတော်လှန်ရေးတွင် လိုအပ်နေသော ခိုင်မာသည့် နိုင်ငံရေးသဘောတူညီမှုနှင့် နားလည်မှု

လူထုတော်လှန်ရေးတွင် လိုအပ်နေသော ခိုင်မာသည့် နိုင်ငံရေးသဘောတူညီမှုနှင့် နားလည်မှု

by ဇုန်းရိန်
29 May 2024
2.6k

လက်ရှိတွင် ရရှိထားသော၊ တည်ဆောက်ထားနိုင်သော နိုင်ငံရေးသဘောတူညီမှု၊ နားလည်မှုသည် လုံလောက်သော ခိုင်မာမှု၊ စုစည်းမှု မဟုတ်သေး။

ခေါင်းထောင်ထလာတဲ့ ထရမ့်ဝါဒ ဘာလဲ ဘယ်လဲ (ရုပ်/သံ ဆွေးနွေးခန်း)

ခေါင်းထောင်ထလာတဲ့ ထရမ့်ဝါဒ ဘာလဲ ဘယ်လဲ (ရုပ်/သံ ဆွေးနွေးခန်း)

by ဧရာဝတီ
6 March 2025
1.1k

အနည်းဆုံး နောက် ၄ နှစ်ကြာဦးမည့် ထရမ့်ခေတ် ထရမ့်ဝါဒအကြောင်း ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်နှင့် အမှုဆောင် အယ်ဒီတာ ရဲနည်တို့၏ ဆွေးနွေးချက်အား နားဆင်ပါ။

ငလျင်ကြောင့် ပျက်စီးသွားတဲ့ လွှတ်တော်ကို ဘယ်သူဆောက်ခဲ့တာလဲ (ရုပ်/သံ)

ငလျင်ကြောင့် ပျက်စီးသွားတဲ့ လွှတ်တော်ကို ဘယ်သူဆောက်ခဲ့တာလဲ (ရုပ်/သံ)

by ဧရာဝတီ
24 April 2025
275

ဗိသုကာ လက်ရာတွေနဲ့ ထည်ထည်ဝါဝါ တည်ဆောက် ထားတဲ့နေပြည်တော်က လွှတ်တော် အဆောက်အအုံ တွေဟာ အင်အားပြင်း ငလျင်ဒဏ်ကိုမခံနိုင်ခဲ့ဘဲ ပျက်စီးမှုတွေရှိခဲ့ပါတယ်။

မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲအတွက် ဘန်ကောက်မြို့ ဈေးဝယ်စင်တာတခုအနီးရှိ မဲရုံတွင် ကြိုတင်မဲပေးနေသည့် အမျိုးသမီးတဦးကို ၂၀၂၃ ခုနှစ်၊ မေလ ၇ ရက်နေ့က တွေ့ရစဉ် / AFP

ထိုင်းရွေးကောက်ပွဲအကြောင်း သိကောင်းစရာများ

by ဧရာဝတီ
13 May 2023
4.9k

ထိုင်းနိုင်ငံသည် မေလ ၁၄ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပမည် ဖြစ်သည်။

Next Post
ထိုင်းရောက် မြန်မာ့အလုပ်သမားများ မဲပေးနိုင်ရေးအတွက် ကြိုးစားပေးမည် (ရုပ်/သံ)

ထိုင်းရောက် မြန်မာ့အလုပ်သမားများ မဲပေးနိုင်ရေးအတွက် ကြိုးစားပေးမည် (ရုပ်/သံ)

ထီးလိုမင်းလို ဘုရားအလှူတွင် တွေ့ရသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  / Aung Shine Oo

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုဂံ “ထီးလိုမင်းလို” စေတီအား ထီးတော်တင်

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.1k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.3k

Most Read

  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate