• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပုပ်ရဟန်းမင်းကြီး ဖျားနာမှုအပေါ် စိုးရိမ်နေကြ

by ဧရာဝတီ
28 February 2020
in သတင်း
A A
ပြာခံပွဲနေ့ (Ash Wednesday) ဝတ်ပြုပွဲအတွင်း ပုပ်ရဟန်းမင်းကြီး ချောင်းဆိုးနေခြင်း နှင့် နှပ်ညှစ်ခြင်းများ ဖြစ်နေသောကြောင့် လူအများ စိုးရိမ်နေကြသည် / Reuters

ပြာခံပွဲနေ့ (Ash Wednesday) ဝတ်ပြုပွဲအတွင်း ပုပ်ရဟန်းမင်းကြီး ချောင်းဆိုးနေခြင်း နှင့် နှပ်ညှစ်ခြင်းများ ဖြစ်နေသောကြောင့် လူအများ စိုးရိမ်နေကြသည် / Reuters

7.6k
VIEWS
Share on FacebookShare on Twitter

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဝတ်ပြုဆုတောင်းသူများကို မျက်နှာဖုံး မတပ်ဘဲ တွေ့ဆုံနှုတ်ဆက်၍ ကောင်းချီး ပေးခဲ့ပြီး နောက်တရက် အကြာတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရောမတွင် နေမကောင်း ဖြစ်နေကြောင်း သိရသည်။ သို့သော်လည်း ဗာတီကန်အာဏာပိုင်များက ပုပ်ရဟန်းမင်းကြီးကို Covid-19 အတွက် စမ်းသပ်ခဲ့ခြင်း ရှိ/မရှိ ပြောကြားရန် ငြင်းဆန်ခဲ့ကြသည်။

အီတလီနိုင်ငံတွင် ဟိုတယ်အခန်း ကြိုတင်မှာကြားမှုများ ကျဆင်းနေခဲ့ပြီး ကူးစက်ခံရသူ ၆၅၀ ဦး နှင့် သေဆုံးသူ ၁၇ ဦး အထိ (ယခုအချိန်အထိ ဥရောပတွင် အများဆုံး) ရှိခဲ့သည့်အတွက် မြောက်ပိုင်းမှ မြို့တဒါဇင်နီးပါးကို ပိတ်ဆို့ခံထားရကြောင်း အများပြည်သူ ကာကွယ်ရေးအေဂျင်စီမှ နောက်ဆုံးထုတ်ပြန်ခဲ့သည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
641
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
2.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
681

သို့သော်လည်း ပုပ်ရဟန်းမင်းကြီးက ကိုရိုနာဗိုင်းရပ် စစ်ဆေးမှု ပြုလုပ်ခဲ့ခြင်း ရှိ/မရှိနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ဗက်တီကန်အရာရှိများက ငြင်းဆန်ခဲ့ကြပြီး အနည်းငယ် နာမကျန်းဖြစ်နေသောကြောင့်  ဥပုသ်စုဝေးပွဲ တခုကိုသာ လွဲချော်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဗာတီကန်ပြောရေးဆိုခွင့်ရှိသူ Matteo Bruni က “ဒီမနက်မှာ ပုပ်ရဟန်းမင်းကြီးက ရောမ ဘုန်းတော်ကြီးတွေနဲ့အတူ အာပတ်ဖြေပွဲ အတွက် St John Lateran Basilica ဘုရားကျောင်းကို မသွားခဲ့ပါဘူး။ အနည်းငယ် ကိုယ်လက်မအီမသာ ဖြစ်နေတဲ့အတွက်  သူက Santa Marta (ဗာတီကန်မှ သူ၏ နေအိမ်)မှာ ပိုပြီး နေချင်ပါတယ်။ အခြား တာဝန်များကိုလည်း ပုံမှန် ဆက်လက် လုပ်ဆောင်နေပါတယ် ”ဟု ပြောကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ကိုရိုနာဗိုင်းရပ် စမ်းသပ်စစ်ဆေးမှု ခံယူပြီးပြီလား သို့မဟုတ် စမ်းသပ်စစ်ဆေးမှု ပြုလုပ်မည်လားဟု မေးသောအခါ Matteo Bruni က ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

ပြာခံပွဲနေ့ (Ash Wednesday) ဝတ်ပြုပွဲအတွင်း ပုပ်ရဟန်းမင်းကြီး ချောင်းဆိုးနေခြင်း နှင့် နှပ်ညှစ်ခြင်းများ ဖြစ်နေသည့် မှတ်တမ်းများ ဆိုရှယ်မီဒီယာတွင် ပြန့်ပွားခဲ့ပြီးနောက် စိုးရိမ်မှုများ တိုးပွားလာခဲ့ကြသည်။ အခမ်းအနားအတွင်း ပုပ်ရဟန်းမင်းကြီးက လူများကို နှုတ်ဆက်စဉ် မျက်နှာဖုံး ဝတ်ဆင်ထားခဲ့ခြင်း မရှိပါ။ သူက အအေးမိထားပုံရပြီး ပြာခံပွဲနေ့ ပရိသတ်များသို့ ပြောဆိုရာတွင် အသံက ကွဲအက်နေခဲ့သည်။

သူက လူများ၏ ပါးများနှင့် ဦးခေါင်းများကို နမ်းခြင်း၊ လက်များနှင့် မျက်နှာများကို တို့ထိ ခြင်းအားဖြင့် ဗိုင်းရပ်စ် ကူးစက်ခံရသူများဆီသို့ မျှော်လင့်ချက် သတင်းစကား ပါးခဲ့သည်။

“ကိုရိုနာဗိုင်းရပ် ကူးစက်ခံရတဲ့ လူနာများနဲ့ သူတို့ကို ကုသပေးနေတဲ့ ကျန်းမာရေးလုပ်သားများ အဲဒီအပြင် အရပ်ဘက်အာဏာပိုင်များနဲ့ အတူ ကျွန်ုပ်က အနီးကပ်ဆုံး ရှိနေကြာင်း ပြောကြားလိုပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးက ပြော ကြားခဲ့ကြောင်း ကက်သလစ်မီဒီယာတွင် ဖော်ပြခဲ့သည်။

ကိုးကား။         ။ Asia Times

You may also like these stories:

အီရန်နိုင်ငံရဲ့ ဒုသမ္မတ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရ

အီရန်က ကိုရိုနာဗိုင်းရပ်ကူးစက်မှု အရှေ့အလယ်ပိုင်းကို ခြိမ်းခြောက်လာ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရရင် ပြသတဲ့ ရောဂါလက္ခဏာများ

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်စိုးရိမ်နေကြပုပ်ရဟန်းမင်းကြီးဖျားနာမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဘုရားကျောင်းများကို ဗုံးကြဲနေသော်လည်း ပုပ်ရဟန်းမင်းကြီး ကွယ်လွန်မှု ဝမ်းနည်းကြောင်းပို့

ဘုရားကျောင်းများကို ဗုံးကြဲနေသော်လည်း ပုပ်ရဟန်းမင်းကြီး ကွယ်လွန်မှု ဝမ်းနည်းကြောင်းပို့

by ဧရာဝတီ
23 April 2025
2.1k

ခရစ်ယာန်ဘုရားကျောင်းများ အပါအဝင် ဘာသာရေးအဆောက်အဦများအား မီးရှို့၊ ဗုံးကြဲတိုက်ခိုက်နေသည့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရိုမန်ကက်သလစ်ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် / The Catholic Church  European

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

by ဧရာဝတီ
25 November 2017
7.9k

ထူးခြားချက်ကတော့ အရင် ပုပ်ရဟန်းများကြီးများလို ဥရောပတိုက်မှ ဆင်းသက်လာသူ မဟုတ်ဘဲ တောင်အမေရိကတိုက်ကနေ ပထမဆုံး ပုပ်ရဟန်းမင်းကြီးအဖြစ် ခန့်အပ်ခံရသူလို့ ဆိုနိုင် ပါတယ်။

ရန်ကုန်ဘူတာကြီးတွင် တွေ့ရသည့် ခရီးသွားများ  / ထက်ဝေ / ဧရာဝတီ

သင်္ကြန်ပိတ်ရက်ရှည် ခရီးသွားခြင်းများ မပြုလုပ်ရန် ကျန်းမာရေးဌာန သတိပေး

by သဇင်လှိုင်
20 March 2020
41.1k

သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်များ၌ ခရီးသွားရောက် လည်ပတ်ခြင်းများ မပြုလုပ်ကြရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒု ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။

လယ်တီ ဆရာတော်ကြီး ၏ ရောဂန္တရဒီပနီကျမ်းတွင် ပါဝင်သော အက္ခရာတံဆိ ပ်ပုံတော်  / ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်း

အယူအဆ အလွဲတွေနဲ့ ဝါဒဖြန့်ဖို့ မီဒီယာကို အသုံးမချသင့်

by အောင်သီဟ
4 February 2020
7.8k

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့နိုင်ငံများတွင် ကုသရန် အဖြေမရှာနိုင်သေးသော် လည်း မြန်မာနိုင်ငံတွင်တော့ ကြိုတင်ကာကွယ်ခြင်း နှင့် ပျောက်ကင်းနိုင်မည်ဟူသော နည်းလမ်းအမျိုးမျိုး ထွက်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့်နှစ်က မန္တလေး သင်္ကြန်ပွဲတော် ကျင်းပနေမှုကို တွေ့ရစဉ် / ဇော်ဇော် / ဧရာဝတီ

မန္တလေး သင်္ကြန် ကျင်းပရန် မသေချာ

by ဒီလှိုင်းဝင်း
11 March 2020
8.3k

လတ်တလော ဖြစ်ပွားလျက်ရှိသည့် ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက် ပြန့်ပွားနေမှုကြောင့် မန္တလေး သင်္ကြန်ပွဲတော် ကျင်းပရန် မသေချာဟု မန္တလေးတိုင်း အစိုးရ အဖွဲ့က သိရသည်။

တရုတ်-မြန်မာနယ်စပ် ရွှေလီမှ ရှိ နယ်ခြားဂိတ် / AFP

ကိုဗစ်နောက်ပိုင်း ရွှေလီမြို့ ပြန်လည်ရှင်သန်ရန် အားယူနေ

by ဧရာဝတီ
16 January 2023
9k

တရုတ်နိုင်ငံသည် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ လူများ နယ်စပ်ဖြတ်ကျော်ခြင်းကို ခွင့်မပြုသေးကြောင်း မူဆယ် ဆန်စပါး ကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။

Next Post
သမ္မတ ဦးဝင်းမြင်နှင့် ဇနီး၊ အိန္ဒိယ သမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ်၊ ဝန်ကြီးချုပ် နရိန္ဒြာ မိုဒီတို့ တွေ့ဆုံစဉ်  / Myanmar President Office

မြန်မာသမ္မတရဲ့ အိန္ဒိယခရီးစဉ်မှာ နှစ်ဖက် ဘာတွေ သဘောတူညီခဲ့သလဲ

ပန်းတောင်မြို့နယ် ကြာအင်းရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲ တည်ဆောက်မှု အခြေအနေကို ၂၀၁၉ ခုနှ် ဇူလိုင်လက တွေ့ရစဉ် / ကောင်းမြတ်မင်း / ဧရာဝတီ

တင်ဒါလျှောက်သူ မရှိ၍ ပဲခူးတိုင်း၌ စာသင်ကျောင်း ၅၀ ကျော် မဆောက်နိုင်သေး

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

5 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate