သတင်း

မိုင်းကိုင်တွင် တပ်မတော်နှင့် RCSS တို့၏ တိုက်ပွဲများ ဖြစ်ပွားနေ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု၊ လွယ်တွမ်တောင်ပေါ်တွင် တပ်မတော်နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ရှမ်းပြည် တပ်မတော် (RCSS/SSA) တို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

ယခုလဆန်းပိုင်းက RCSS ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ကျင်းပသည့် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း ၊ တြိဂံတိုင်း စစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် ဇောဇော်နိုင်၊ ကက (ကြည်း) ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ရာ တပ်မတော်နှင့် RCSS အကြား ဆက်ဆံရေး ကောင်းမွန်နေပြီဆိုသည့် ပြောဆိုမှုများ ထွက်ပေါ်နေချိန် ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားခြင်းဖြစ်သည်။

ယခုတိုက်ပွဲများသည် ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းမှ စတင်ဖြစ်ပွားခဲ့ပြီး ယနေ့အချိန်ထိ ပစ်ခတ်မှုများ ဆက်လက် ရှိနေသေးကြောင်း သိရသည်။

RCSS/SSA မှ ပြောရေးဆိုခွင့် ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းအုမ်ခေးက “တိုက်ပွဲကတော့ ဆက်ဖြစ်နေတာပဲ။ အပြင်းအထန်တော့ မဟုတ်ဘူး။ ဘယ်လောက် ဒဏ်ရာ ရတယ် မရဘူးကတော့ သေချာ မသိရသေးဘူး။ တပ်မတော်က မဆုတ်သရွေ့တော့ စစ်ရေးက ဆက်တင်းမာနေမှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ယခု တိုက်ပွဲ ဖြစ်ပွားသည့် နေရာသည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကြားတွင် ဖြစ်ပွားခြင်း ဖြစ်သည့်အတွက် RCSS ဘက်မှ နယ်မြေကျော်လွန်၍ ဖြစ်ကြောင်း၊ NCA လက်မှတ် ရေးထိုးပြီးနောက် RCSS အား နယ်မြေ သတ်မှတ်ပေးထားပြီး ဖြစ်ကြောင်း တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ် မှူးချုပ် ဇော်မင်းထွန်းက ရှင်းပြသည်။

“တပ်ဘက်က စပစ်တယ်လို့ မဟုတ်ဘူး။ နှစ်ဦးနှစ်ဖက်လုံး အတူတူ ပစ်နေကြတာပဲ။ အဲဒီမှာ သူတို့က နယ်မြေကျော်လွန် ရောက်ရှိနေတာပဲ။ အဓိကကတော့ သတ်မှတ်ထားတဲ့ နယ်မြေအတွင်းမှာ ဆိုရင်တော့ ဖြစ်စရာ အကြောင်း မရှိပါဘူး။ ဒါပေ မယ့် ကြိုကြားကြိုကြားတော့ ဖြစ်နေတုန်းပဲ” ဟု ၎င်းက ဆက်ပြောသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး RCSS က တိုက်ပွဲများ ရပ်တန့်ရေးနှင့် နောက်နောင်တွင် တိုက်ပွဲများ မဖြစ်ပွားရေး အတွက် နှစ်ဦးနှစ်ဖက် အမြန်ဆုံး တွေ့ဆုံဆွေးနွေး ညှိနှိုင်းရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ထုတ်ပြန်ချက် ၁ စောင် ကို ယနေ့ နေ့လယ်ပိုင်းက ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် RCSS မှ ထိုကဲ့သို့ နည်းလမ်းပေါင်းစုံဖြင့် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ (EAO) နှင့် လက်တွဲ ပူးပေါင်း ကြိုးပမ်း ဆောင်ရွက်နေသည့် အခိုက်အတန့်၌ တပ် မတော်မှ ကြိုတင် ညှိနှိုင်းခြင်းမရှိဘဲ ချီတက် တိုက်ခိုက်ခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်တကွ ၈ ကြိမ်မြောက် တနိုင် ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) သဘောတူညီချက်များနှင့် ပတ်သက်သည့် တပ်မတော်၏ ရပ်တည်ချက်များ အပေါ် သံသယ ပွားစေခဲ့သည်ဟု ဆိုထား သည်။

ယခု ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် RCSS ၏၂၀ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး ထုတ်ပြန်ချက်တွင် ပါရှိသည့် ပြည်ထောင်စု ငြိမ်းချမ်းမှု ဆွေးနွေးရေး ပူးတွဲ ကော်မတီ(UPDJC) နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေး ကော်မတီ(JMC) အစည်းအဝေးဆိုင်ရာ ဆုံးဖြတ်ချက်များအား ပြန်လည် သုံးသပ်သွားမည် ဖြစ်ကြောင်း ထုတ် ပြန်ကြေညာခဲ့သည်။

အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု သဘောတူ စာချုပ်(NCA) ချုပ်ဆိုထားသည့် RCSS အဖွဲ့သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ ယာယီ အဖွဲ့ခေါင်းဆောင် ဖြစ်ပြီး တစ်ဆို့နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရှေ့ ဆက်သွားနိုင်ရေး အတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေသည့် အဖွဲ့အစည်း ဖြစ်သည်။

ထို့ပြင် ၈ ကြိမ်မြောက် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး(JICM) ၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ စတုတ္တအစည်းအဝေး ကျင်းပနိုင် ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးနှင့် ပတ်သက်သော သဘောတူညီချက် ၈ ချက် ရရှိရန် ဦးဆောင် ဆွေး နွေး ညှိနှိုင်းပေးခဲ့သည် ဟု သိရသည်။

ဆက်စပ်ဖတ်ရှုရန်

လက်နက်များဘေးချ၍ တိုင်းပြည်အရေး ပူးပေါင်းဆောင်ရွက်ကြရန် တပ်ချုပ် တိုက်တွန်း

ကျနော်တို့ ခွဲထွက်ရေးဆိုတာကို ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး

ငြိမ်းချမ်းရေး အတွက် အပေါင်းလက္ခဏာဟု ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း ပြော

SSA ဌာနချုပ်တွင် ကျင်းပမည့် ရှမ်းပြည်အမျိုးသားနေ့ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းတက်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading