• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖွဲ့စည်းပုံ စိစစ်ရေး ပူးပေါင်းကော်မတီ တာဝန်ရှိသူများကို အရေးယူရန် တပ်မတော် တိုင်ကြား

by ထက်နိုင်ဇော်
28 February 2020
in သတင်း
A A
ယနေ့ ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်သည့် တပ်မတော်သား ကိုယ်စားလှယ်များ  / သီဟလွင် / ဧရာဝတီ

ယနေ့ ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်သည့် တပ်မတော်သား ကိုယ်စားလှယ်များ / သီဟလွင် / ဧရာဝတီ

20k
VIEWS
Share on FacebookShare on Twitter

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း လေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီ တာဝန်ရှိသူများကို ထိရောက်စွာ အရေးယူပေးရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်က ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားကြောင်း သတင်း ရရှိသည်။

တပ်မတော်သား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်ဆန်းချစ် အပါအဝင် တပ်မတော်သား ကိုယ်စားလှယ် ၁၄၄ ဦး တင်သွင်းသည့် ဥပဒေ မူကြမ်းတခုတွင် ၎င်းတို့ တင်ပြစဉ်က ပါဝင်ခဲ့သည့် အချက်တချို့သည် ပြည်ထောင်စု လွှတ်တော်က ပြန်လည် ထုတ်ပြန်သည့်အခါ မပါဝင်တော့သည့် ဖြစ်စဉ်တခု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်၌ ဖြစ်ပွားခဲ့သည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
224
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
488
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
191

၂၀၁၉ ခုနှစ် စက်တင်ဘာလက တပ်မတော်မှ တင်ပြသည့် ဥပဒေကြမ်းထဲ၌ ပုဒ်မ ၂၆၂ ပုဒ်မခွဲ (ဋ) အရ “နိုင်ငံတော် သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ခန့်အပ် တာဝန်ပေးရာတွင် သက်ဆိုင် ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်သို့ လည်းကောင်း တင်ပြရမည်” ဆိုသည့် အချက် ပါဝင်သည်။

ယင်း အချက်တွင် ဆက်၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ် ဝန်ကြီးများ ခန့်အပ် တာဝန်ပေးခြင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ အကြောင်း ကြား၍ နိုင်ငံတော် သမ္မတထံသို့လည်း တင်ပြရမည်ဟု ပြင်ဆင်ချက် ပေးထားခြင်း ဖြစ်သည်။

သို့သော် ဖေဖော်ဝါရီလ ၁၀ ရက်က ပြည်ထောင်စု လွှတ်တော်က ထုတ်ပြန်သည့် ဥပဒေမူကြမ်းတွင်မူ “တိုင်းဒေသ ကြီးသို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ် တာဝန်ပေးခြင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ အကြောင်းကြား၍ နိုင်ငံတော် သမ္မတထံသို့လည်း တင်ပြရမည်” ဆိုသော အချက် မပါဝင်တော့ပေ။

ထိုကဲ့သို့ ကျန်ရှိနေခြင်းသည် “ရည်ရွယ်ချက်ရှိရှိ မရိုးမဖြောင့်သော သဘောဖြင့် ချန်လှပ်ခဲ့ခြင်းဟု ယူဆရပါသည်” ဟု လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က ပြည်ထောင်စု လွှတ်တော်သို့ တိုင်ကြားထားသည့် စာ၌ ဖော်ပြထားသည်။

၎င်းတို့ တိုင်ကြားရသည့် စာတွင် ဖက်ဒရယ် ဒီမိုကရေစီကို အခြေခံသော ပြည်ထောင်စုကို ဖွဲ့စည်း တည်ထောင်ရန် အ တွက် တိုင်းရင်းသား ပြည်သူလူထု၏ အခွင့်အရေးကို ပိတ်ပင်ခြင်း၊ ဗဟိုချုပ်ကိုင်မှု လျှော့ချ၍ ဒီမိုကရေစီ အနှစ်သာရ ဖြစ်မှုကို တားဆီးခြင်းသည် ပြည်သူလူထု အပေါ် သစ္စာမဲ့သော လှည့်စားသော လုပ်ရပ် ဖြစ်စေ၍ ဟု ဖော်ပြထားသည်။

တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “တပ်မတော်သား ကိုယ်စားလှယ်တွေ ပြည်ထောင်စု လွှတ်တော်ကို တိုင်ကြားထားတယ် ဆိုတာ ဟုတ်ပါတယ်။ အသေးစိတ်ကိုတော့ ကျနော်လည်း မပြောနိုင်သေးပါဘူး” ဟု ပြောသည်။

ယခု ဖြစ်စဉ်တွင်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း လေ့လာစိစစ်ရေး ပူးပေါင်း ကော်မတီက သဘောရိုးဖြင့် ကျန်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကော်မတီတွင် တပ်မတော်သား ကိုယ်စားလှယ် ၂ ဦးလည်း ပါဝင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦး အောင်ကြည်ညွန့်က ပြောသည်။

“ဒီ ၃၀ ဦး ကော်မတီထဲမှာ တပ်မတော်သား ကိုယ်စားလှယ်၂ ဦးလည်း ပါတာပဲလေ။ ကော်မတီ အနေနဲ့ကတော့ သဘောရိုးနဲ့ ကျန်ခဲ့တာပါ။ ဒီဟာကလည်း အကျယ်အကျယ် ဒီလောက်ဖြစ်စရာ ကိစ္စလည်း မဟုတ်ပါဘူး။ ဘယ် အဆင့်မှာ ကျန်ခဲ့တာလည်းတော့ ကျနော်တို့လည်း မသိဘူး”ဟု ၎င်းက ဆိုသည်။

ယင်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးကို ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင် ခြင်း မရှိပါ။

ထိုသို့ ပြဿနာ ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီလ၂၅ ရက်က တပ်မတော်က ကန့်ကွက်သည့်အခါ လွှတ်တော် နာယက ဦးတီခွန်မြတ်က ရိုးရိုးမှားယွင်းမှုဟု ထင်ကြောင်း၊ ကော်မတီက စိစစ်ပေးရန် ပြောသည့်အခါ ယင်းကော်မတီ အတွင်း ရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက တလုံးမှ ပြင်ဆင်မှု မရှိကြောင်း ငြင်းဆိုသည့်အခါ ပြဿနာ ပိုကြီးသွားခဲ့ရသည်။

တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ် တင်ဆွေဝင်းက ပြည်ထောင်စု လွှတ်တော်ထဲတွင် မတ်တပ်ထရပ်ပြီး “ဒီမှာ ရေးထားတဲ့ဟာနဲ့ စာကျန်တာ၊ ဒီမှာ ရေးထားတာနဲ့ မပါတာ” လို့ အော်ဟစ်သည့်အခါ လွှတ်တော် နာယက ဦးတီခွန် မြတ် က “ဗိုလ်ချုပ်၊ ဗိုလ်ချုပ်” ဆိုပြီး “ဗိုလ်ချုပ် ကြမ်းတမ်းရုန့်ရင်းတဲ့ အမူအယာတွေကို မသုံးပါနဲ့၊ မေတ္တာရပ်ခံပါ တယ်” ဟု ပြောဆိုခဲ့ရသည်။

နောက်ဆုံးတွင် ဗိုလ်မှူးချုပ် အောင်စန်းချစ် တင်ပြသည့် ကိစ္စရပ်သည် မှန်ကန်ကြောင်း လွှတ်တော် နာယက ဦးတီခွန် မြတ်က ဆုံးဖြတ်ပေးခဲ့ပြီး ယင်းစာပိုဒ် ကျန်ခဲ့သည့်အပိုဒ်များ ပြန်လည် ထည့်သွင်းပေးမည် ဖြစ်ကြောင်း ကြေညာပေး ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ၂၇ ရက်နေ့က ပြည်ထောင်စု လွှတ်တော်ရုံးက ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်

လွှတ်တော်တွင်း ပုတ်ခတ် ဆွေးနွေးမှုများ တရားစွဲမည်ဟု နာယက သတိပေး

အဖွင့်မလှတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲ

Your Thoughts …
Tags: တပ်မတော်တိုင်ကြားပူးပေါင်းကော်မတီဖွဲ့စည်းပုံ ပြင်ဆင်ရေး
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.3k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

by ဧရာဝတီ
22 May 2025
3.3k

ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အတင်း ကြော်ငြာထိုးပြီး မင်းအောင်လှိုင် ပြောနေတာကတော့ သူဟာ သမ္မတ အဖြစ် ရာထူး ဆက်ယူထားဖို့ကို ကြံစည်နေတာပဲ ဖြစ်ပါတယ်။

စွမ်းသေးရဲ့လား

စွမ်းသေးရဲ့လား

by မသီတာ(စမ်းချောင်း)
7 April 2025
3.1k

တပ်ထဲက တပ်မှူး၊ တပ်သား လူစွမ်းကောင်းတွေ လိုနေပါတယ်။

၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ

by ပေါ်ထွန်း
15 January 2022
53.1k

သူများနှင့် မတူသည်က သူသည် အိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။

ဒီအချိန်က ဘုရားထီးသွားတင်နေရမယ့် အချိန်မဟုတ်ဘူး  (ရုပ်/သံ)

ဒီအချိန်က ဘုရားထီးသွားတင်နေရမယ့် အချိန်မဟုတ်ဘူး (ရုပ်/သံ)

by ဧရာဝတီ
12 April 2025
3k

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ၊ သား အောင်ပြည်စုံ၊ သမီး ခင်သိရီသက်မွန် တို့နဲ့အတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာရှိတဲ့ “ရွှေဘုန်းပွင့်” စေတီတော်ကို ဧပြီလ ၁၁ ရက်နေ့က မိသားစုလိုက် ရွှေထီးတော်တင်အခမ်းအနားကျင်းပခဲ့ပါတယ်။

တပ်မတော် စစ်သမိုင်း ပြတိုက်တွင် တွေ့ ရသည့် စစ်ရာထူးခန့်ထားသည့် ဇယား

တပ်မတော် ထိပ်ပိုင်းရာထူး အပြောင်းအလဲ မျိုးဆက်သစ် အရာရှိများ နေရာပေးခံရ

by ထက်နိုင်ဇော်
8 May 2020
169.5k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၅ မှဖြစ်ပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး(မန္တလေး) မဖြစ်မီ စစ်ဦးစီး အရာရှိ ဗိုလ်မှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ တဦးဖြစ်သည်။

Next Post
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ ရန်ကုန် စတော့အိတ်ချိန်း(YSX)ရုံး  / ဧရာဝတီ

EFR ကုမ္ပဏီ ရန်ကုန်စတော့ အိတ်ချိန်းသို့ စာရင်းဝင်မည်

ပြည်ထောင်စုလွှတ်တော် မြင်ကွင်း / သီဟလွင် / ဧရာဝတီ

ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းမှု အားမရဟု တိုင်းရင်းသား အမတ်များပြော

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

4 days ago
3.2k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate