• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပင်လယ်ပြင် ရေလုပ်သားများ မှတ်ပုံမတင်ပါက အရေးယူမည်

by မိုးမိုး
29 February 2020
in သတင်း
A A
ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှ ကျားဖောင်ပေါ်က ရေလုပ်သားများ  / ဆလိုင်းသန့်စင် /  ဧရာဝတီ

ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှ ကျားဖောင်ပေါ်က ရေလုပ်သားများ / ဆလိုင်းသန့်စင် / ဧရာဝတီ

11.6k
VIEWS
Share on FacebookShare on Twitter

ပင်လယ်အတွင်း ငါးဖမ်း လုပ်ကိုင်နေသည့် ရေလုပ်သားများ မှတ်ပုံမတင်ဘဲ လုပ်ဆောင်ပါက အရေးယူမည်ဟု လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးလှကျော်က ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးအပြီး တွင် မီဒီယာများကို ပြောကြားသည်။

ဒု ဝန်ကြီးက “မှတ်ပုံ မတင်ရင် ထိုက်သင့်တဲ့ အရေးယူ ဆောင်ရွက်မှုခံရမှာ ဖြစ်ပါတယ်။ ဖြစ်လာရင် ဒါ ဥပဒေကြောင်းအရ သွားရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

RelatedPosts

မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

21 May 2025
875
ရန်ကုန် အလုပ်သမားတွေ ဆန္ဒပြမှု သဘောတူညီမှုရရှိ (ရုပ်/သံ)

ရန်ကုန် အလုပ်သမားတွေ ဆန္ဒပြမှု သဘောတူညီမှုရရှိ (ရုပ်/သံ)

21 May 2025
16
ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

21 May 2025
148

ထိုသို့ ပင်လယ်ထဲတွင် ငါးဖမ်း လုပ်ကိုင်နေသည့် ရေလုပ်သားများ တရားဝင် ခွင့်ပြုချက် ရရန်နှင့် ရေလုပ်ငန်းရှင်၊ ရေလုပ် သားများ လိုက်နာရမည့် တာဝန်နှင့် စည်းမျဉ်းစည်းကမ်းများ (Court of Conduct) အပိုင်းများကို ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက လုပ်ငန်းနှင့် ဆက်စပ်သူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ ညှိနှိုင်း ဆွေးနွေးပြီး ဖြစ်ကြောင်း ဒု ဝန်ကြီးက ဦးလှကျော်က ပြောဆိုသည်။

အဆိုပါ ဆွေးနွေးပွဲမှ ပင်လယ် ကျားဖောင်လုပ်ငန်းများကို ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့် အညီ အလေးအနက် ထား ထိရောက်စွာ ထိန်းချုပ် ကြပ်မတ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဧရာဝတီတိုင်း ဖျာပုံမြို့နယ် ခါးပြတ် ကျေးရွာမှ ကျားဖောင် လုပ်ငန်းရှင် ဦးသန့်စင်က ကျားဖောင်တွင် ရှိနေသည့် ရေလုပ် သားများကို လက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူ၍ ငါးလုပ်ငန်းဦးစီးဌာနသို့ အမည် စာရင်းပေးသွင်းသည့် အခါတွင် နာမည်များ ကွဲလွဲနေသည့် အခက်အခဲများ ရှိကြောင်း ပြောသည်။

၎င်းက “တချို့ရေလုပ်သားတွေက အမှန် မပြောတာ ရှိတယ်။ အဖေ နာမည်တွေက တမျိုးစီ ဖြစ်နေတယ်။ လူကတော့ ဒီတယောက်ထဲပဲ နာမည်က ၃ ခုလောက် ဖြစ်ချင် ဖြစ်နေပြန်ရော” ဟု ဆိုသည်။

ဖျာပုံမြို့နယ်တွင် ပင်လယ် ဆိပ်ကမ်း ၈ ခု ရှိပြီး၊ ယင်း ၈ နေရာမှ ရေလုပ်သားများ ပျောက်ဆုံးခြင်း၊ ရေထဲခုန်ချခြင်း၊ ထွက် ပြေးပြီး ကုန်းပေါ် ပြန်ရောက်နေခြင်း၊ အလောင်း ပြန်မတွေ့တော့ခြင်း စသည့် ဖြစ်စဉ်မျိုး တနှစ်ကို လူ ၅၀ နဲ့ ၁၀၀ ကြား တွင် ရှိကြောင်း ဖျာပုံခရိုင် ပင်လယ်ကျားဖောင် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသံချောင်းက ဧရာဝတီသို့ ဖြေကြားထား သည်။

ဖျာပုံမြို့နယ်အတွင်း မြန်မာ ပြည်တွင်းရှိ ရွှေ့ပြောင်း လုပ်သားများကို လူကုန်ကူးခြင်း၊ လုပ်အား ခေါင်းပုံဖြတ်ခြင်း၊ ခြိမ်း ခြောက်ရိုက်နှက် ခိုင်းစေခြင်းများလည်း ဖြစ်ပေါ်လျက် ရှိကြောင်း ဦးသံချောင်းက ဆိုသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလ အတွင်း ရန်ကုန်မြို့မှ ဒဂုံတက္ကသိုလ် ကျောင်းသား ကိုမြတ်သူရထွန်းကို အမျိုးသမီး၂ ဦးက ဖျာပုံမြို့နယ်သို့ ခေါ်ဆောင်သွားပြီး ပင်လယ်ကျားဖောင် လုပ်ငန်းခွင်သို့ လူကုန်ကူးခဲ့သည့် ဖြစ်စဉ် ပေါ်ပေါက်ခဲ့သည့် နောက် ကျားဖောင် လုပ်ငန်းများ၌ ဖြစ်ပွားနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်များအပေါ် မြန်မာပြည် တဝှမ်းလုံး မှ စိတ်ဝင်စားမှု အမြင့်ဆုံး အနေအထားသို့ ရောက်ရှိခဲ့ပြီး လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ပြစ်တင်မှု အများအပြားလည်း ပေါ် ပေါက်ခဲ့သည်။

ကိုမြတ်သူရထွန်း လူကုန်ကူးခံရမှုနှင့် ရိုက်နှက်ညှဉ်းပန်း နှိပ်စက် ခိုင်းစေခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သံသယတရား ခံ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကလည်း ပင်လယ်ကျား ဖောင်လုပ်ငန်းများ တည်ရှိရာ ဖျာပုံဒေသသို့ ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

ထို့ကြောင့် ရေလုပ်သားများ၊ လုပ်ငန်းရှင်များ အားလုံး အမည်၊ နေရပ်လိပ်စာ၊ လုပ်ငန်းရှင်တဦးတွင် လုပ်သားပေါင်း မည်မျှ ရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာနတွင် အတိအကျ မှတ်ပုံတင်ရမည် ဖြစ်ပြီး စည်းကမ်းလိုက်နာခြင်း မရှိပါက ဥပဒေကြောင်း အရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒု ဝန်ကြီးက ပြောသည်။

ကျားဖောင် လုပ်ငန်းရှင် ဦးသန့်စင်က “သူတို့ မိန်းမတွေ ပိုက်ဆံလာထုတ်တယ်။ သူ့ ယောင်္ကျား နာမည်က တမျိုးဖြစ်နေ ပြီး၊ ပင်လယ်မှာ ရှိနေတဲ့ နာမည်က တမျိုး ဒါပေမယ့် ဟိုမှာ ရှိတဲ့ လူက အတူတူ ဖြစ်နေပြန်ရော။ အဲဒီ ပြဿနာတော့ ဖြစ် နေတာ ရှိတယ်” ဟု ပြောသည်။

ကျားဖောင် ရေလုပ်သားတဦး၏ ၁ လဝင်ငွေမှာ စားစရိတ်ငြိမ်း ၁ လလျှင် ငွေကျပ်၂ သိန်းခွဲမှ ၃ သိန်းခန့် အထိ ရရှိ ကြောင်း လုပ်ငန်းရှင်များထံက သိရသည်။

ဆက်စပ်ဖတ်ရှု့ရန်

မွန်ပြည်နယ်ရှိ တရားမဝင် ငါးဖမ်းမှုများ တပ်မတော်(ရေ)နှင့် ပူးပေါင်း အရေးယူမည်

မွန်ပြည်နယ်ရေပိုင်နက်အတွင်း ငါးအလွန်အကျွံဖမ်းဆီးမှုများ အရေးယူရန် စီစဉ်နေ

ကျားဖောင်လုပ်ငန်းကို လူသတ်ကွင်းလို၊ မူးယစ်ဆေးဝါး စက်ရုံကြီးလို့ ပုံဖော်တာတွေ ရှိနေတယ်

ကျားဖောင်နှင့် ပတ်သက်ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ အမြန် ပြဋ္ဌာန်းရန် သမ္မတထံ အကြံပြု

Your Thoughts …
Tags: ကျားဖောင်လုပ်ငန်းမှတ်ပုံတင်ရေလုပ်ငန်းလူ့အခွင့်အရေး
မိုးမိုး

မိုးမိုး

...

Similar Picks:

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

by ဥသြ
30 October 2024
16k

မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ကိုယ်စားပြုတယ်ဆိုတာ ဝတ်စုံလှလှလေးဝတ်ပြီး စင်မြင့်ပေါ်မှာ လမ်းလျှောက်ပြတာထက် အများကြီး ပိုပါတယ်။

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

မြန်မာစစ်ကောင်စီနှင့် ထရမ့် ထိတွေ့ဆက်ဆံမည်‌လော

မြန်မာစစ်ကောင်စီနှင့် ထရမ့် ထိတွေ့ဆက်ဆံမည်‌လော

by Bertil Lintner
15 March 2025
6k

မေးစရာရှိသည်မှာ သမ္မတ ထရမ့်သည် ခြေတလှမ်းတိုးပြီး စစ်ကောင်စီနှင့် စတင် “ထိတွေ့ဆက်ဆံမည်လား” ဆိုသည့် မေးခွန်း ဖြစ်သည်။

NUG ကိုယ်တွင်းက နတ်ဆိုး

NUG ကိုယ်တွင်းက နတ်ဆိုး

by David Scott Mathieson
7 March 2024
5.8k

NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန (MOHAI) ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနမှတဆင့် လွန်စွာ စိုးရိမ်စရာကောင်းသည့် ကြေညာချက်တစောင်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

by ငြိမ်းငြိမ်း
25 October 2024
5.6k

ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက သူ့မိခင်၏ ကျန်းမားရေးနှင့် ဘာမှမသိရဘဲ ချုပ်နှောင်ထားခံရခြင်းတို့အတွက် သူ၏ စိုးရိမ်ပူပန်မှုများကို ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

မြန်မာပြည်တွင်းစစ် မည်သို့ အဆုံးသတ်မည်နည်း

by Koh Ewe
7 November 2024
5.6k

နိဂုံးသည် မနီးကပ်သေးသော်လည် ရှင်းလင်းထင်ရှားသည်ဟု ၂၀၂၁ ခုနှစ်တွင် မြန်မာ စစ်အာဏာသိမ်းမှုဖြင့် အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် မြန်မာ့ပြည်တွင်းစစ်ကို အနီးကပ်လေ့လာနေသူများက ပြောသည်။

Next Post
ရန်ကုန်တိုင်း အတွင်းက အထည်ချုပ် စက်ရုံတခု / ဧရာဝတီ

ကုန်ကြမ်း ပြတ်လပ်မှုကြောင့် လုပ်ငန်းရပ်ရန် အထည်ချုပ်စက်ရုံ ၂၀ နီးပါး တင်ပြထား

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် / ထက်နိုင်ဇော်

လွှတ်တော်တွင် ဖွဲ့ စည်းရမည့် ကာ/လုံ ကော်မတီကို မပယ်ဖျက်ဖို့ ကြံ့ခိုင်ရေး အမတ် ပြော

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.3k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

2 days ago
2.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate