• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းချေးငွေဖြင့် မြဝတီမြို့ ရေပေးရေးနှင့် အမှိုက်စွန့်ပစ်မှု စနစ် အဆင့်မြှင့်မည်

by အောင်သီဟ
3 March 2020
in သတင်း
A A
ထိုင်း-မြန်မာနယ်စပ်မြို့တမြို့ဖြစ်သည့် မြဝတီမြို့  / ထက်ဝေ / ဧရာဝတီ

ထိုင်း-မြန်မာနယ်စပ်မြို့တမြို့ဖြစ်သည့် မြဝတီမြို့ / ထက်ဝေ / ဧရာဝတီ

14.3k
VIEWS
Share on FacebookShare on Twitter

ထိုင်း- မြန်မာနယ်စပ်မြို့ ဖြစ်သည့် မြဝတီမြို့၏ ရေပေးဝေရေးနှင့် အမှိုက်စွန့်ပစ်မှု စနစ်များကို ကောင်းမွန်စေရန် ထိုင်းနိုင်ငံမှ ချေးငွေ ဘတ်သန်း ၇၇၇ ကျော်(အမေရိကန်ဒေါ်လာ ၂၄ သန်းကျော်) ဖြင့် အဆင့်မြှင့်တင် လုပ်ဆောင်တော့မည် ဖြစ်ကြောင်း သိရသည်။

ထိုချေးငွေသည် ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ စီးပွား တိုးတက်ရေး ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (NEDA)မှ မဲ ခေါင် ဒေသခွဲ တိုးတက်ရေး စီမံကိန်း အရ ထိုင်း-မြန်မာ နယ်စပ်ရှိ မြဝတီမြို့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထုတ်ချေးပေးခြင်း ဖြစ်သည်။

RelatedPosts

အခုတော့ဗုံးမှန်တဲ့ ငါတို့ကျောင်းဖြစ်သွားပြီ (ရုပ်/သံ)

အခုတော့ဗုံးမှန်တဲ့ ငါတို့ကျောင်းဖြစ်သွားပြီ (ရုပ်/သံ)

13 May 2025
24
အရိုင်းအစိုင်းများအတွက် မေးခွန်းများ

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

13 May 2025
613
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

13 May 2025
673

လတ်တလောတွင် အဆိုပါ ချေးငွေအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒု ဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E Mrs.Supatra တို့ အပါအဝင် နှစ်နိုင်ငံ တာဝန်ရှိသူများကြား ပြီးခဲ့သည့် ဖေဖော်ဝါရီ တတိယပတ်အတွင်း သဘောတူညီ လက်မှတ်ရေး ထိုးလိုက်ပြီး ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက သိရသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းဦးက “ဒီချေးငွေက ရေပေး ဝေရေး စနစ်နဲ့ အမှိုက်စွန့်ပစ်မှု စနစ်တွေ အဆင့်မြှင့်ဖို့ရယ် အဓိက ဆောင်ရွက်သွားမှာပါ။ ဒီစီမံကိန်းတွေ ပြီးရင် ရေပေးဝေ ရေး စီမံကိန်း ဆိုရင် မြဝတီမြို့ရဲ့ အိမ်ထောင်စု ၈၀ ရာခိုင်နှုန်းလောက် အထိ လွှမ်းခြုံနိုင်မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ထို ချေးငွေအတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ အတည်ပြု ရရှိရန် တင်ပြထားခြင်း၊ စီမံကိန်းများ အကောင်အထည် ဖော်ရန်အတွက် နိုင်ငံတကာ အကြံပေး ကုမ္ပဏီ ငှားရမ်းခြင်း အပါအဝင် ကုမ္ပဏီများ တင်ဒါခေါ်ယူခြင်းနှင့် အခြား ပြင်ဆင် ဆောင်ရွက်ရမည့် ကိစ္စများအတွက် အချိန် ၁ နှစ်ခန့် ကြာမြင့်မည် ဖြစ်ပြီး၊ ယင်းလုပ်ငန်းများ ပြီးစီးပါက စီမံကိန်းများ စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထိုင်း-မြန်မာနယ်စပ်မြို့တမြို့ဖြစ်သည့် မြဝတီမြို့ (ဓာတ်ပုံ-ထက်ဝေ/ဧရာဝတီ)

ဒေါ်သန်းသန်းဦးက “အခု အဆင့်က နှစ်ဖက် လက်မှတ်ထိုးထားတဲ့ အဆင့်ပေါ့။ ရှေ့နေချုပ်ရုံးက အတည်ပြုတာနဲ့ ချေးငွေ က စပြီ” ဟု ပြောဆိုသည်။

မြန်မာနိုင်ငံ အနေဖြင့် ထိုင်းနိုင်ငံ NEDA ထံမှ ချေးငွေရယူရေးကို ၂၀၁၈ နိုဝင်ဘာလတွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားခဲ့ပြီး ထိုင်းနိုင်ငံ အစိုးရက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် အနိမ့်ဆုံး အတိုးနှုန်းဖြင့် ချေးငွေပေးရန် အတည် ပြုခဲ့သည်။

ထိုချေးငွေသည် တနှစ်အတိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ နှစ် ၂၀ သတ်မှတ်ထား ကာ ချေးငွေ သက်တမ်းမှာ နှစ် ၃၀ ဖြစ်သည်။

ကရင်ပြည်နယ် မြဝတီ မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က “အခုက မြဝတီ ရွှေပြည် ရေပေးဝေရေး လုပ်ငန်းနဲ့ လက်ခတ်တောင် စီမံကိန်း ဆိုပြီး နှစ်ခု ရှိတယ်။ နောက်ပြီး ရေကားတွေနဲ့ လိုက်ရောင်း တဲ့ အနေအထားတွေ ရှိတယ်။ တမြို့လုံးကိုတော့ မလွှမ်းခြုံနိုင်သေးဘူး။ ဒီထက် ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့ သန့် စင်တဲ့ ရေတွေ ကောင်းကောင်းပေးနိုင်မယ် ဆိုရင် ပိုကောင်းတာပေါ့ ” ဟု ဧရာဝတီသို့ ပြောသည်။

ယခင်က ထိုင်း-မြန်မာ နယ်စပ် သောင်းရင်းမြစ် ကမ်းဘေး၌ အမှိုက်စွန့်ပစ်မှုများ အများအပြားရှိခဲ့ကာ ယခု နောက်ပိုင်း တွင် အမှိုက်စွန့်ပစ်မှု လျော့ကျလျက် ရှိပြီး၊ ရွှေ့ပြောင်းလုပ်သား အများအပြား ရှိနေသည့် နယ်စပ်မြို့ ဖြစ်နေခြင်းကြောင့် အမှိုက်စွန့်ပစ်မှုကို စနစ်တကျ ဖြစ်စေရန် လုပ်ဆောင်နေမှုများမှာ အခက်အခဲ ရှိနေကြောင်း ၎င်းက ဆိုသည်။

မြဝတီမြို့သည် တပ်ခ်ပြည်နယ် မဲဆောက်ခရိုင်မှ တဆင့် မြန်မာနှင့် ထိုင်းကုန်သွယ်ရာတွင် အဓိက နယ်စပ် ဖြစ်သော ကြောင့် ထိုင်းနှင့် မြန်မာနိုင်ငံ စီးပွားတိုးတက်ရေးတွင် အရေးပါလျက် ရှိပြီး နယ်စပ် ဖြတ်ကျော် ကုန်သွယ်မှုမှာ နှစ်စဉ် ဘတ် ၇၀ ဘီလီယံ ရှိနေကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်

မြဝတီဒေသဖွံ့ဖြိုးရေး ထိုင်းက ဘတ်၇၇၇သန်းချေး

Your Thoughts …
Tags: ထိုင်းချေးငွေမြဝတီရေပေးဝေရေးအဆင့်မြှင့်တင်အမှိုက်စွန့်ပစ်မှု
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

by ဧရာဝတီ
1 May 2024
24.2k

ယခုအခါ ပိုမိုစိတ်ခြောက်ခြားပြီး ညှာတာမှုကင်းမဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ပတ်ဝန်းကျင်မှ ဝန်ကြီးများ၊ ဗိုလ်ချုပ်များကို အယုံအကြည်မရှိတော့။

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

by စောလွင်
18 April 2024
19.8k

စစ်ရေးပြင်းထန်နေချိန် မြဝတီမြို့ကို လေကြောင်းမှတဆင့် စစ်ကောင်စီသည် ဝင်ရောက်စီးနင်းမည်ဟု မြဝတီလူထုများအကြား သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေသည်။

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.5k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ဗိုလ်မှူးကြီး ညီညီဦး ၄၄ တပ်မမှူးသစ် ဖြစ်လာ

ဗိုလ်မှူးကြီး ညီညီဦး ၄၄ တပ်မမှူးသစ် ဖြစ်လာ

by ဧရာဝတီ
14 May 2024
15.8k

ဗိုလ်မှူးကြီးစိုးမင်းထက်သည် တပ်မ ၄၄ တပ်မမှူးအဖြစ် ၂ လခန့်တာဝန်ယူပြီးနောက် ဧပြီလတွင် မဲဆောက်-မြဝတီအမှတ် ၂ တံတား အနီးတိုက်ပွဲ၌ ဒဏ်ရာရရှိသွားခဲ့သည့်အတွက် ရာထူးမှအနားပေးကာ ဗိုလ်မှူးကြီးညီညီဦးအား တပ်မမှူးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
14.8k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

Next Post
ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသည့် လွှတ်တော် နာယက ဦးတီခွန်မြတ်  / ထက်နိုင်ဇော် / ဧရာဝတီ

လွှတ်တော်၌ မလျော်သြဇာသုံး ခြိမ်းခြောက် အနိုင်ကျင့်ခြင်းများ ပြုလုပ်၍ မရဟု NLD အမတ်ဆို

ကုန်ကြမ်းပြတ်တောက်၍ ပိတ်သိမ်းလိုက်သည့်ကန်ကြီးထောင့်မြို့ မှ ဟွာမန်အထည်ချုပ်စက်ရုံ  / ဆလိုင်းသန့်စင် / ဧရာဝတီ

ကန်ကြီးထောင့် အထည်ချုပ်စက်ရုံ ပိတ်၊ လူ ၁၀၀၀ ခန့် အလုပ်လက်မဲ့ဖြစ်

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate