• English
Saturday, June 21, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဝန်ကြီးချုပ်သစ်နဲ့အတူ အရှုပ်ထုပ် မလေးရှားပါတီများ ထိပ်ပိုင်းသို့ ပြန်လည်ရောက်ရှိ

by ဧရာဝတီ
4 March 2020
in သတင်း
A A
မလေးရှား ဝန်ကြီးချုပ်သစ် ဖြစ်လာသူ မူယီဒင်ယာဆင်နှင့် သူ့အဖွဲ့ / Reuters

မလေးရှား ဝန်ကြီးချုပ်သစ် ဖြစ်လာသူ မူယီဒင်ယာဆင်နှင့် သူ့အဖွဲ့ / Reuters

5.9k
VIEWS
Share on FacebookShare on Twitter

မလေးရှား၏ နိုင်ငံရေး ကမောက်ကမ သီတင်းပတ်က ခြစားမှုအရှုပ်တော်ပုံနှင့် ညိစွန်းခဲ့သည့် ပါတီများမှာ အာဏာပြန်ရလာခဲ့ရာ ဒီမိုကရေစီနှင့် ပွင့်လင်းမြင်သာမှုအတွက် အောင်ပွဲတခုအဖြစ် ကြိုဆိုခံခဲ့ရသည့် သမိုင်းဝင် ၂၀၁၈ ရွေးကောက်ပွဲကို ပျက်စီးရာပျက်စီးကြောင်းဖြစ်လာစေခဲ့သည်။

မူယီဒင်ယာဆင်သည့် တနင်္ဂနွေနေ့က နိုင်ငံ၏ အဋ္ဌမမြောက်ဝန်ကြီးချုပ် ကျမ်းသစ္စာကျိမ်ဆိုခဲ့ပြီး မဟာသီယာမိုဟာမက်နေရာကို အစားထိုးဝင်ရောက်ခဲ့သည်။ မကြာသေးခင်အချိန်အထိ ဝန်ကြီးချုပ်သစ်ကို ခေါင်းဆောင်မှုနေရာအတွက် အရည်အချင်းကို ကောင်းစွာမသိရသေးသူ အဖြစ်သာ ယူဆခဲ့ကြသည်။ သို့သော်လည်း ၎င်းသည် United Malays National Organization (UMNO) လုပ်ဖော်ကိုင်ဖက်ဟောင်းများနှင့် ၂၀၁၈ မေလက ရှုံးနိမ့်ခဲ့သည့် တခြားအတိုက်အခံပါတီများကို စည်းရုံးသိမ်းသွင်းခြင်းဖြင့် အတွင်းစည်း အာဏာသိမ်းမှုကို ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

RelatedPosts

Jurassic World Rebirth ရုပ်ရှင် ရိုက်ကူးရေးက ထိုင်းစီးပွားရေးကို အကျိုးဖြစ်စေမယ်လို့ ဆို

Jurassic World Rebirth ရုပ်ရှင် ရိုက်ကူးရေးက ထိုင်းစီးပွားရေးကို အကျိုးဖြစ်စေမယ်လို့ ဆို

21 June 2025
91
အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

21 June 2025
483
တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ

တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ

21 June 2025
321

“အများအားဖြင့် မူယီဒင်က သစ္စာဖောက်တယ်လို့ ကျနော်ခံစားရတယ်”ဟု မဟာသီယာက တနင်္ဂနွေနေ့က ပြောသည်။ “သူက ဒီအတွက် အလုပ်လုပ်နေခဲ့တာကြာပြီ။ အခုတော့ သူအောင်မြင်သွားပြီပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။ ဘုရင်စူလ်တန် အဗ္ဗဒူလာရီယာယာတူဒင်က မူယီဒင်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ပြီးသည့်နောက် ၎င်းတွင် အမတ်အများစု၏ ထောက်ခံမှုရှိနေသေးသည်ဟု မဟာသီယာက ဆိုသည်။

ဘုရင်က ဆုံးဖြတ်ပြီးနောက် မလေးရှားပြည်သူအချို့က လမ်းပေါ်ထွက်၍ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ တွစ်တာတွင်လည်း ငါ့ဝန်ကြီးမဟုတ်၊ ငါ့အစိုးရမဟုတ်ဟု ရေးတင်ခဲ့ကြသည်။ လွန်ခဲ့သည့်တနင်္ဂနွေနေ့က အာဏာရပါတီအမတ်များနှင့် လျို့ဝှက်ကြံစည်စဉ် အန်ဝါအီဘရာဟင်ကို အာဏာလွှဲရေး ကြိုတင်အစီစဉ်တစ်ခုကို ချောင်ထိုးရန်အတွက် ညွှန့်ပေါင်းအဖွဲ့မှ ထွက်ခွာရန် အသက် ၉၄ နှစ်အရွယ် မဟာသီယာကို အသက် ၇၂ နှစ်အရွယ်မူယီဒင်က သွေးဆောင်ရန် ကြိုးစားခဲ့သည်။

ယင်းအစား မဟာသီယာသည် ဖေဖော်ဝါရီ ၂၄ တွင် ရာထူးမှနုတ်ထွက်ခဲ့သည်။ “ရာဇဝတ်တရားရုံးမှာ တရားခွင်တွေကနေတဆင့် သွားနေတဲ့သူတွေနဲ့ အလုပ်အတူလုပ်ဖို့ ကျနော်ငြင်းဆိုပါတယ်” ဟု UMNO ပါတီမှ အမတ်များကိုရည်ညွှန်းကာ မဟာသီယာက ပြောကြားခဲ့သည်။

၎င်းတို့အနက်တဦးမှာ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ဖြစ်ပြီး နိုင်ငံတော်ရန်ပုံငွေ 1Malaysia Development Berhad (1MDB) ပါဝင်သည့် စွပ်စွဲခံရသည့် ခြစားမှုအတွက် တရားခွင် စစ်ဆေးခံနေရသူဖြစ်သည်။ အနည်းဆုံး တခြား UMNO ခေါင်းဆောင် ငါးဦးမှာ နာဂျစ်အာဏာရစဉ်ကာလအတွင်းက ဖြစ်ပေါ်ခဲ့သည့် ခြစားမှုအတွက် တရားစွဲခံနေရသည်။

အခုအခါ မူယီဒင်၏ အာဏာရ မဟာမိတ်ကို ဥပဒေပြုအမတ် ၃၉ ဦးဖြင့် UMNO ကကြီးစိုးလိမ့်မည်ဟု မျှော်လင့်ရပြီး မလေးရှား အစ္စလာမ်ပါတီ Parti Islam Se-Malaysia (PAS) က အမတ် ၁၈ နေရာရရှိထားသည်။ ယင်းပါတီနှစ်ခုစလုံးမှာ ရှေးရိုးစွဲပါတီများအဖြစ် သိရှိကြသည်။ UMNO သည် ၎င်းရှုံးနိမ့်ခဲ့သည့် ၂၀၁၈ ခုနှစ် မတိုင်ခင် ဆယ်စုနှစ် ခြောက်နှစ်ကျော်သည်အထိ အာဏာရညွန့်ပေါင်းကို ဦးဆောင်ခဲ့ပြီး နိုင်ငံတော်အင်စတီးကျူးရှင်းများနှင့် အစိုးရနှင့် ဆက်နွယ်သည့် ကုမ္ပဏီများတွင် အရေးပါသည့်ရာထူးနေရာများကို မလေးတိုင်းရင်းသားများကိုသာ ရရှိစေခဲ့သည်။

ထိုစဉ် သေးငယ်သည့် မလေးရှားပြည်နယ်နှစ်ခုဖြစ်သည့် ကီလန်တန်နှင့် တီရင်ဂါနု တို့ကို အုပ်ချုပ်နေသည့် PAS သည် မွတ်စလင်များကို အဓိကအဖွဲ့အစည်းများ၏ ထိပ်သို့မြင့်တင်ရေးကို ဦးစားပေးသည်။ ၎င်းပြည်နယ်နှစ်ခုတွင် ဘာသာရေး ဦးစားပေးသည့်အနေဖြင့် တနင်္ဂနွေနေ့အစား သောကြာနေ့ကို ရုံးပိတ်ရက်သတ်မှတ်သည်။

လက်ရှိ PAS ခေါင်းဆောင် ဟာဒီအာဝန်၏ လက်ထက်တွင် ကီလန်တန်ပြည်နယ်အစိုးရသည်လည်း ၂၀၁၅ တွင် တင်းကျပ်သော အစ္စလာမ္မစ်ဥပဒေတစ်ခုကို ပြဋ္ဌာန်းအတည်ပြုခဲ့ပြီး သူခိုးများကို လက်ဖြတ်ခြင်း အိမ်ထောင်ရေးဖောက်ပြန်သူများကို ကျောက်တုံးဖြင့် ထုသတ်ခြင်းတို့ပြုလုပ်ရန် ခွင့်ပြုခဲ့ရာ လူမျိုးစုံနေသော နိုင်ငံတဝန်း ထိတ်လန့်တကြားဖြစ်စေခဲ့သည်။

“မူယီဒင်နဲ့ သူ့အပေါင်းအပါတွေက အစိုးရသစ်တရပ်ကို ဖွဲ့စည်းရင် နိုင်ငံလူ့ဦးရေရဲ့ ၄၀ ရာခိုင်နှုန်းရှိတဲ့ မလေးမဟုတ်တဲ့သူတွေဆီက အမှန်တကယ် ထည့်သွင်းမှုမရှိဘဲ မလေးယိမ်းတဲ့ အစိုးရတခုသာ ဖြစ်ပါလိမ့်မယ် ” ဟု တက်စမေးနီးယားတက္ကသိုလ်မှ အုပ်ချုပ်မှုဆိုင်ရာကျွမ်းကျင်သူတစ်ဦးဖြစ်သူ ဂျိမ်းချင်က ပြောသည်။ PAS ဟာ အစ္စလာမ်ဇာတ်သွင်းမှုကို ပြင်းပြင်းထန်ထန် တွန်းအားပေးပါလိမ့်မယ်” ဟုလည်း ၎င်းကဆိုသည်။

မလေးရှား၏ ခြစားမှုတိုက်ဖျက်ရေးအဖွဲ့ကလည်း လွန်ခဲ့သည့်နှစ်က 1MBD ထံမှ ရန်ပုံငွေများ လက်ခံခဲ့သည်ဆိုသည့် စွပ်စွဲချက်များအတွက် PAS ခေါင်းဆောင်အချို့ကို စုံစမ်းစစ်ဆေးခဲ့သော်လည်း ယခုအချိန်အထိ စွဲချက်မတင်ရသေးပေ။

UMNO နှင့် PAS တို့ကို ကျယ်ပြန့်သည့် မယုံကြည်မှုရှိသော်လည်း ယခုသီတင်းပတ်တွင် မဟာသီယာနှင့် အန်ဝါတို့ အခွင့်အာဏာမရှိတော့သည့်အတွက် ၎င်းပါတီတို့မှာ မသေးငယ်သည့် ပမာဏဖြင့် ပြန်လည်ပေါ်ထွက်လာခဲ့သည်။

၂၀၁၈ ရွေးကောက်ပွဲအတွက် အင်အားစုများမပေါင်းစည်းခင် ပြိုင်ဘက်များမှ မဟာမိတ်ဖြစ်လာသူများသည် နှစ်နှစ်အကြာတွင် မဟာသီယာက အန်ဝါသို့ အာဏာလွှဲပေးရေး သဘောတူထားခဲ့ကြသည်။ သို့သော်လည်း မဟာသီယာက လွှဲပေးမည့် ရက်စွဲတခုကို သတ်မှတ်ရန် ငြင်းဆိုခဲ့သလို အန်ဝါကလည်း လူထုဖိုရမ်များတွင် ရက်စွဲသတ်မှတ်ရေး ဆက်လက်တွန်းအားပေးနေခဲ့သည်။

၂၀၂၀ ပြည့်နှစ် မေလတွင် ၎င်းအနေဖြင့် ခေါင်းဆောင်နေရာရမည်လားဟု လွန်ခဲ့သည့်နှစ် စက်တင်ဘာလက Bloomberg သတင်းဌာနက မေးရာ အန်ဝါက ” အဲဒီအချိန် ဝန်းကျင်လောက် ဖြစ်မယ်ဆိုတဲ့ နားလည်မှုတခုတော့ ရှိပါတယ်။ ဒါပေမဲ့ လအတိအကျနဲ့ပါတ်သက်လို့ ကျနော်က သဘောထားသေးလွန်းမယ်လို့တော့ ကျနော်မထင်ဘူး” ဟုပြောကြားခဲ့သည်။

နိုဝင်ဘာလတွင် မလေးရှားတွင် ကျင်းပမည့် အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးပြီးနောက်အချိန်ထိ မဟာသီယာက အာဏာယူထားရန် ဖေဖော်ဝါရီ ၂၁ က နှစ်ဦး သဘောတူညီမှုရရှိခဲ့သည်။ သို့သော်လည်း မူယီဒင်၏ လှည့်ကွက်က ၎င်းတို့၏ သဘောတူညီချက်အသစ်ကို အသုံးမဝင်ဖြစ်စေခဲ့သည်။

ကိုးကား။      ။ Nikkei Asian Review

မဟာသီယာကို ဘယ်သူဆက်ခံမလဲ

မလေးရှားဝန်ကြီးချုပ် မဟာသီယာ ရာထူးမှနုတ်ထွက်

Your Thoughts …
Tags: UMNOမလေးရှား ဝန်ကြီးချုပ်သစ်မဟာသီယာမိုဟာမက်မူယီဒင်ယာဆင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရာထူးမှနုတ်ထွက်သွားသော မလေးရှားဝန်ကြီးချုပ် မူဟစ်ဒင်ယက်ဆင် / Bloomberg

မလေးရှားဝန်ကြီးချုပ်သစ် ဘယ်သူဖြစ်မလဲ

by ဧရာဝတီ
17 August 2021
8k

ရာထူးမှနုတ်ထွက်သွားသော မလေးရှားဝန်ကြီးချုပ် မူဟစ်ဒင်ယက်ဆင်သည် မလေးရှာဝန်ကြီးချုပ်များတွင် ရာထူးသက်တမ်း အတိုဆုံး ဝန်ကြီးချုပ်ဖြစ်သည်။

မစ္စတာ ဆိုင်ဖူဒင် အဗ္ဗဒူလာ မဟုတ်သော မလေးရှားနိုင်ငံခြားရေးဝန်ကြီးသစ်သည် မြန်မာ့အရေးတွင် သူ့လောက် တက်ကြွမည်မှာ မသေချာ

မလေးရှားရွေးကောက်ပွဲက မြန်မာ့အရေး မည်သို့ သက်ရောက်မည်နည်း

by ဧရာဝတီ
13 October 2022
2.9k

လာမည့် အထွေထွေရွေးကောက်ပွဲသည် ဒေသဆိုင်ရာ နောက်ဆက်တွဲ သက်ရောက်မှုများ၊ အထူးသဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ မလေးရှား၏ မူဝါဒနှင့် စပ်ဆက်၍ သက်ရောက်မှုများ ဖြစ်လာနိုင်သည်။

အစ္စမေးလ် ဆက်ဗရီ ယာကော့သည် မလေးရှားနိုင်ငံ၏ နဝမမြောက်ဝန်ကြီးချုပ်အဖြစ် စနေနေ့နေ့လယ်ပိုင်းက ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

အစ္စမေးလ် ဆက်ဗရီ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် မလေး ရှေးရိုးစဉ်လာဝါဒီများ ခေါင်းထောင်လာ

by ဧရာဝတီ
23 August 2021
15.2k

အစ္စမေးလ် ဆက်ဗရီ ယာကော့သည် မလေးရှားနိုင်ငံ၏ နဝမမြောက်ဝန်ကြီးချုပ်အဖြစ် စနေနေ့နေ့လယ်ပိုင်းက ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

မေလ ၉ ရက်နေ့တွင် မဟာသီယာနှင့် အန်နဝါအီဘရာဟင် တို့က မူယစ်ဒင် ယက်ဆင် အစိုးရကို ဖြုတ်ချရေး အတူတကွ ဆောင်ရွက်ရန် ကတိပြုသော ပူးတွဲ ကြေငြာချက်တစောင်ကို ထုတ်ပြန်ခဲ့ကြသည် / Reuters

အသက်ကြီးပေမယ့် တိုက်ပွဲတပွဲ ထပ်နွှဲဦးမယ့် မဟာသီယာ

by ဧရာဝတီ
8 June 2020
45.3k

မဟာသီယာက ဒေသတွင်း မီဒီယာများတွင် နောက်တကြိမ် သတင်းခေါင်းစဉ်များ ပြန်ဖြစ်လာခဲ့သည်။

မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ်သစ် မူယီဒင်ယာဆင်သည် အောက်လွှတ်တော် ကျင်းပမည့်နေ့ကို မေလ ၁၈ ရက်နေ့သို့ နောက်ဆုတ်ခဲ့သည် / Reuters

အယုံအကြည်မရှိ အဆိုကို ရှောင်ရန် မလေးရှားဝန်ကြီးချုပ်သစ် ပါလီမန်ကို အချိန်ဆွဲ

by ဧရာဝတီ
6 March 2020
9.2k

မလေးရှားဝန်ကြီးချုပ်သစ် မူယီဒင်ယာဆင်သည် အောက်လွှတ်တော် ကျင်းပမည့်နေ့ကို မေလ ၁၈ ရက်နေ့သို့ နောက်ဆုတ်ခဲ့သည်

Next Post
Equality Myanmar ဒါရိုက်တာ ဦးအောင်မျိုးမင်း / Aung Myo Min / FB

လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့များ မှတ်ပုံတင်မှ တရားဝင်သလား

Superman ဇာတ်ကောင်

“Shazam! 2” ရုပ်ရှင်မှာ Superman ကို ဧည့်သည်သရုပ်ဆောင် အဖြစ် တွေ့မြင်ရဖို့ရှိနေ

No Result
View All Result

Recommended

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

1 week ago
26.8k
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

5 days ago
4.6k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate