• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဆေးခြောက်လျှော်အမှုမှ အမေရိကန်နိုင်ငံသား ပတ်စပို့အသစ်လဲပြီး ထွက်ပြေးသွားခဲ့

by ဇာနည်မာန်
6 March 2020
in သတင်း
A A
၂၀၁၉ ခုနှစ် မေလအတွင်း အမှု ကြားနာရန် တရားရုံး ရောက်လာသော ဂျွန် ဖရက်ဒရစ် တိုဒိုရိုကီ / ဇော်ဇော်

၂၀၁၉ ခုနှစ် မေလအတွင်း အမှု ကြားနာရန် တရားရုံး ရောက်လာသော ဂျွန် ဖရက်ဒရစ် တိုဒိုရိုကီ / ဇော်ဇော်

43.4k
VIEWS
Share on FacebookShare on Twitter

ဆေးခြောက်လျှော် စိုက်ခင်းအမှုကြောင့် မြန်မာနိုင်ငံတွင် စွဲချက်တင်ခံထားရသည့် ပျောက်ဆုံးနေသော အမေရိကန်နိုင်ငံသားသည် နိုင်ငံကူးလက်မှတ်သစ်ဖြင့် မြန်မာနိုင်ငံမှ တိမ်းရှောင်သွားပြီး အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်ရောက်ရှိနေကြောင်း ၎င်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်တခုက ဧရာဝတီသို့ပြောသည်။

မန္တလေးတိုင်း မြို့သာ စက်မှုဇုန်တွင် ဆေးခြောက်စိုက်ပျိုးသည်ဟူသော စွဲချက်ဖြင့် အသက် ၆၃ နှစ်ရှိပြီဖြစ်သော ဂျွန် ဖရက်ဒရစ် တိုဒိုရိုကီ ကို  ဒေသခံ နှစ်ဦးနှင့်အတူ မန္တလေးမှ ရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ် ဧပြီလတွင် ဖမ်းဆီးခဲ့သည်။

RelatedPosts

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

16 June 2025
92
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

16 June 2025
1.6k
ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

16 June 2025
676

သူသည် ဆေးခြောက်မဟုတ်သော လျှော်အုပ်စုဝင် အပင်များကိုသာ စိုက်ပျိုးနေကြောင်းနှင့် ထိုသို့ စိုက်ပျိုးရန် ဒေသအာဏာပ်ိုင်များထံမှ ခွင့်ပြုချက်ရပြီးဖြစ်ကြောင်း တိုဒိုရိုကီ ပြောသည်။ လျှော်ထုတ်ရန် အပင်နှင့် ဆေးခြောက်တို့သည် မတူညီသော မျိုးစိတ်များဖြစ်ကြသည်။

တိုဒိုရိုကီသည် မြင်းခြံထောင်တွင် ၄ လခန့် ဖမ်းဆီးခံရပြီးနောက် ထောင်အတွင်း အသက်ရှူလမ်းကြောင်း ရောဂါဖြစ်သောကြောင့် ဇူလိုင်လတွင် ကျပ်ငွေ ၃၂၅ သန်း ( အမေရိကန်ဒေါ်လာ ၂၃၂၃၈၀) ဖြင့် တရားရုံးက သူ့ကို ကျန်းမာရေး အာမခံပေးခဲ့သည်။ ထိုငွေပမာဏကို အာမခံသူတဦးက လက်မှတ်ရေးထိုးပြီးနောက် သူ့ကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။

သူအာမခံဖြင့် လွတ်မြောက်လာသည့် အတောအတွင်း လျှော်ပင် စိုက်ပျိုးရန် တရားဝင်ခွင့်ပြုချက်ရထားသောကြောင့် ထိုအမှုကို ရုတ်သိမ်းပေးရန် သူ၏ရှေ့နေများက မန္တလေးတိုင်းတရားရုံးတွင် လျှောက်ထားခဲ့သည်။ သို့သော် တိုင်းတရားရုံးက  ထိုအချက်ကို နိုဝင်လာလတွင် ပယ်ချခဲ့ပြီး မြင်းခြံခရိုင်တရားရုံးတွင် အမှုကို ဆက်လက်ကြားနာစေခဲ့သည်။

ထိုသို့ အမှုကို ပြန်လည်ကြားနာချိန်တွင် အာမခံဖြင့် လွှတ်ထားပေးသည့် တိုဒိုရိုကီသည် တရားရုံးသို့လာရောက်ရန် ပျက်ကွက်ခဲ့သည်။ စွဲဆိုခံထားရသည့် ပြစ်မှုထင်ရှားပါက သူသည် ၁၅ နှစ်အထိ ထောင်ကျနိုင်သည်။

တရားခွင် ပျက်ကွက်မှုများကြောင့် ဖေဖေါ်ဝါရီလတွင် တရားရုံးက သူ့ကို ဖမ်းဝရမ်းထုတ်ပြီး အာမခံသူ ဒေါက်တာ ခင်မောင်ဝင်းအနေဖြင့် အာမခံငွေ အပြည့်အဝကို မတ်လ ၃ ရက်နောက်ဆုံးထားပြီးပေးရန် အမိန့်ချခဲ့သည်။

ယင်းသို့ အခြေအနေများ ရှိနေချိန်  လက်တွေ့တွင် ထိုအမေရိကန်နိုင်ငံသားသည် အမှုရုတ်သိမ်းရန်တောင်းဆိုမှု ပယ်ချခံရပြီးနောက် မြန်မာနိုင်ငံမှ တိမ်းရှောင်သွားခဲ့ပြီးဖြစ်သည်။

“သူက အောက်တိုဘာလထဲလောက်မှာ ထိုင်းနယ်စပ်ကတဆင့်  ဘန်ကောက်ကို ထွက်သွားပြီး အခုအမေရိကန်ပြည်ထောင်စုက သူ့အိမ်မှာ ရှိနေပြီး အဆုတ်ရောဂါ ကုသမှု ခံနေတယ်” ဟု မြင်းခြံထောင်မှ တိုဒိုရိုကီ ကူးစက်ခံရသည့် ရောဂါကို ရည်ညွှန်းပြီး သတင်းရင်းမြစ်တခုကပြောသည်။ အမှုအနေအထားမှာ အရေးကြီးနေသောကြောင့် သူ၏ အမည်ကို ထုတ်ဖေါ်ပြောဆိုခြင်းမပြုရန် သူကတောင်းဆိုထားသည်။

ထို သတင်းရင်းမြစ်၏ ပြောဆိုချက်ကို အွန်လိုင်း သတင်းစာမျက်နှာတခုဖြစ်သော Gen တွင်ဖေါ်ပြသည့် သတင်းဆောင်းပါးကလည်း အတည်ပြုပေးသည်။

Gen ၏အဆိုအရ တိုဒိုရိုကီသည် လွန်ခဲ့သော နှစ် အောက်တိုဘာလက ပစ်ကပ်ထရပ်ကား တစင်းဖြင့် ထိုင်းနယ်စပ်မြို့တခုမှတဆင့် မြန်မာနိုင်ငံမှ ထွက်ပြေးသွားကြောင်း သိရသည်။

တိုဒိုရိုကီကို ကိုလော်ရာဒိုတွင် သွားရောက်တွေ့ဆုံခဲ့သော ထို ဆောင်းပါးရေးသူက “အမေရိကန်သံရုံးသည် ဂျွန်ကို သူ၏အမည်ဖြင့်ပင် နိုင်ငံကူးလက်မှတ်သစ် ထုတ်ပေးခဲ့ပြီး သူထွက်ပြေးလွတ်မြောက်စေရန် စီစဉ်ပေးသူက မြန်မာလူဝင်မှုကြီးကြပ်ရေးအရာရှိတဦးကို တံဆိပ်တုံးအတွက် အမေရိကန်ဒေါ်လာ ၃၀၀ ပေးခဲ့သည်” ဟု ရေးသားသည်။

ရန်ကုန်ရှိ အမေရိကန်သံရုံးကို ဧရာဝတီသတင်းဌာနက ဆက်သွယ် မေးမြန်းသောအခါ “အမေရိကန် နိုင်ငံသားတယောက်ရဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့်ဖြစ်တဲ့အတွက် ကိုယ်ရေးအချက်အလက်တွေကို ကျနော်တို့ ထုတ်ဖေါ်ပြောဆိုနိုင်ခြင်းမရှိပါဘူး” ဟုအကြောင်းပြန်သည်။

Gen မှ ဆောင်းပါးအရ တိုဒိုရိုကီသည် ထောင်မှ အာမခံဖြင့် လွတ်မြောက်ပြီးနောက် မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးဇော်မြင့်မောင်နှင့်တွေခဲ့သော်လည်း အမှုတွင် ဝန်ကြီးချုပ်အနေဖြင့် ကြားဝင်ပေးရန်တောင်းဆိုမှု မအောင်မြင်ဟု သိရသည်။ ဆေးကုသရန်သုံးသော အပင်မှ သဘာဝဓါတ်ပေါင်းတခုဖြစ်သော CBD ထုတ်ရန် စမ်းသပ် စိုက်ပျိုးခွင့်ကို ထိုအမေရိကန်နိုင်ငံသား အလုပ်လုပ်သည့် II M Global Neutrictical Company အား ခွင်ပြုခဲ့သူမှာလည်း ဒေါက်တာဇော်မြင့်မောင်သာဖြစ်သည်။ တိုဒိုရိုကီ၏ ကုမ္ပဏီသည် လျှော်ပင်မှ CBD ထုတ်သောလုပ်ငန်းဖြစ်ကြောင်းကြေညာထားပြီး ထိုလျှော်ပင်သည် ဆေးခြောက်နှင့်မတူဘဲ အပမ်းဖြေ ရှူရှိုက်သုံးစွဲသည့် ဓါတ်ပေါင်းတခုဖြစ်သည့် THC အပြည့်အ၀ ပါဝင်ခြင်းမရှိပေ။

Gen မှဆောင်းပါး၏အဆိုအရ “ ဂျွန်ကို စွဲဆိုထားသည့် မြန်မာနိုင်ငံမှ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးဥပဒေ ဆေးခြောက်နှင့် လျှော်ပင်အကြား ခွဲခြားထားခြင်း၊ THC နှင့် CBD ခွဲခြားထားခြင်း မရှိကြောင်း ဝန်ကြီချူပ်က သူ့ကို ရှင်းပြပြီး သူသည် မြင်းခြံသို့ ပြန်ရမည်သာ ဖြစ်ပြီး ထောင်ထဲမှာ အဆင်ပြေမှာပါဟု သူ့ကို ပြောသည်” ဟု ဖေါ်ပြသည်။

တိုဒိုရိုကီ၏ ရှေ့နေများအနက်တဦးဖြစ်သူ ဦးသိန်းသန်းဦးက သူ၏အမှုသည်နှင့် လွန်ခဲ့သော နှစ် အောက်တိုဘာလမှ စတင် အဆက်အသွယ်ပြတ်သွားခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီ သတင်းဌာနသို့ပြောသည်။

သူ၏ အမှုသည်သည် ကျန်းမာရေး အာမခံဖြင့် လွတ်လာပြီးနောက် စိတ်ဓာတ်ကျနေသည့်ပုံဖြစ်နေပြီး သူရင်ဆိုင်နေရသည့် အမှုအပေါ်လည်း မကျေမလည် ဖြစ်နေကြောင်း၊ ထောင်ကျမည်ဆိုပါက မြန်မာပြည်ထောင်တွင်းတွင် သူသေဆုံးသွားနိုင်သည်ဟု မကြာခဏ ပြောဆိုကြောင်း ရှေ့နေက ဆိုသည်။

“ဒီကုမ္ပဏီက မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ပြီး ကန်နာဘစ်လျှော်ပင်ကို တရားဝင် စိုက်ခွင့် ဝန်ကြီးချုပ်ရဲ့ ခွင့်ပြုချက်လည်း ရထားတယ်။ မျိုးစေ့တွေကိုကလည်း တရားဝင် လေကြောင်းနဲ့ သွင်းလာတယ်။ ပြီးတော့ စိုက်ပျိုးရေး ဝန်ကြီးဌာနနဲ့လည်း လျှော်ပင် စိုက်ဖို့ သဘောတူစာချုပ်ချုပ်ဖို့ လုပ်နေတဲ့ အချိန်မျိုးမှာမှ အခြေအနေပြောင်းပြန်ဖြစ်သွားတာ သူနားမလည်နိုင်ဘူး ဖြစ်သွားတယ်” ဟု ပြောကြောင်း ရှေ့နေက ဆိုသည်။

“ဒီနိုင်ငံကို သူစိတ်ကုန်သွားပြီ။ တရားရုံးက ပြစ်မှုထင်ရှားစီရင်ရင် သူထောင်ထဲမှာ သေနိုင်တယ်လို့ပြောတယ်။ ထောင်ထဲက သန့်ရှင်းရေး အခြေအနေကြောင့် ရောဂါရသွားတာရယ်၊  အမှုကိစ္စရယ်ကြောင့် သူစိတ်ဒဏ်ရာရနေတာရှိတယ်။  ဒါကြော့င် ဒီလို တိမ်းရှောင်သွားဖို့ သူကြံစည်လိုက်တာ ဖြစ်နိုင်တယ်” ဟု ဦးသိန်းသန်းဦးပြောသည်။

You may also like these stories:

ဆေးခြောက်စိုက်ခင်းအမှု အမေရိကန်နိုင်ငံသားကို အာမခံသူ ကျပ်သိန်း ၃ ထောင်ကျော် လျော်ရ

မြို့သာဆေးခြောက်အမှု စွဲချက်တင်၊ တဦးအား တရားရှင်လွှတ်

ကွတ်ခိုင်တွင် ကျပ် ၉၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

Your Thoughts …
Tags: ဆေးခြောက်လျှော် စိုက်ခင်းပတ်စပို့အသစ်အမေရိကန်နိုင်ငံသား
ဇာနည်မာန်

ဇာနည်မာန်

ဧရာဝတီ

Similar Picks:

ဖမ်းဆီးခံ ရွှေဝါရောင်ဆရာတော် ဦးပညာဇောတ အသက်အန္တရာယ် စိုးရိမ်ရ

ဖမ်းဆီးခံ ရွှေဝါရောင်ဆရာတော် ဦးပညာဇောတ အသက်အန္တရာယ် စိုးရိမ်ရ

by စောလွင်
20 November 2024
3.1k

ရွှေဝါရောင်ဆရာတော် ဦးပညာဇောတ ဖမ်းဆီးခံထားရသည့် ဖြစ်စဉ်ကို ကြားသိထားပြီး လောလောဆယ် မှတ်ချက်မပေးနိုင်သေးကြောင်း၊ သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးအဖွဲ့နှင့် ဆက်သွယ်ပြီးနောက် ပြည့်ပြည့်စုံစုံ အကြောင်းပြန်ပေးမည်ဖြစ်ကြောင်း ပြောသည်။

အမေရိကန်နိုင်ငံသား ဂျွန်ဖရက်ဒစ် တိုဒိုရိုကီ  / ဇော်ဇော် / ဧရာဝတီ

ဆေးခြောက်လျှော် စိုက်ခင်းအမှုမှ အမေရိကန်နိုင်ငံသား အာမခံရ

by ထွန်းထွန်း
24 July 2019
19.6k

ယင်းအမှုကို လာမည့် သြဂုတ်လ ၅ ရက်နေ့တွင် ပြန်လည် ချိန်းဆိုထားပြီး၊ ယင်းရုံးချိန်းတွင် ကိုရှိန်းလတ်၊ မရွှန်းလဲ့ မြတ်နိုးတို့ အတွက် အာမခံရရှိရေး ထပ်မံလျှောက်ထားမည်ဟု ရှေ့နေများက ပြော သည်။

မော်လ်ဒိုက် ကမ်းခြေ

အမေရိကန်နိုင်ငံသားများကို မော်လ်ဒိုက်သို့ ဝင်ရောက်ခွင့်ပြုမည်

by ညီညီသူ
13 July 2020
11.3k

မော်လ်ဒိုက်ဟာ အာရှမှာ လှပတဲ့ ကျွန်းနိုင်ငံငယ်လေး တနိုင်ငံပါ။ အခုလို နိုင်ငံတကာခရီးသွားတွေကို ပြည်ဝင်ခွင့်ပြုလိုက်တာဟာ ကောင်းမွန်တဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။

ခရိုအေးရှားနိုင်ငံကိုလာ ရောက်လည်ပတ်လိုရင် ကျန်းမာရေး ထောက်ခံစာ ယူလာရမှာပါ

အမေရိကန်နိုင်ငံသားများကို ခရိုအေးရှားသို့ ဝင်ရောက်ခွင့်ပြု

by ညီညီသူ
15 July 2020
15.9k

ဒါကြောင့်လည်း အီးယူနိုင်ငံ တွေထဲမှာဆိုရင်တော့ ခရိုအေးရှားနိုင်ငံဟာ အမေရိကန်နိုင်ငံသားတွေကို ပြည်ဝင်ခွင့်ပြုလိုက်တဲ့ ပထမဆုံးသော နိုင်ငံဖြစ်ခဲ့ပါတယ်။

Next Post
စင်ကာပူနိုင်ငံသားတွေအနေနဲ့လည်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့နိုင်ငံတွေကို ခရီးသွားတာမျိုး မလုပ်ကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ နိုင်ငံများမှ ပြန်လာသူများအား စင်ကာပူ ပြည်ဝင်ခွင့် ယာယီပိတ်

Myanmar's Pride Awards ဆု ရရှိခဲ့တဲ့ နေတိုး / ချစ်ပိုး / ဧရာဝတီ

ရုပ်ရှင်နယ်ပယ် ကိုယ်စားပြု Myanmar's Pride Awards ဆုရရှိလို့ ဂုဏ်ယူနေတဲ့ နေတိုး

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.8k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

4 days ago
5k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate