• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အောင်သပြေပဋိပက္ခ ဖမ်းဆီးခံသတင်းထောက်အမှု စွဲချက်တင်အမိန့်ချတော့မည်

by ဒီလှိုင်းဝင်း
7 March 2020
in သတင်း
A A
တရားစွဲခံရသည့် သတင်းထောက်နန္ဒ(တကိုယ်တော်)အား မတ်လ ၆ရက်နေ့ ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် ရုံးထုတ်လာစဉ် / ဒီလှိုင်းဝင်း /  ဧရာဝတီ

တရားစွဲခံရသည့် သတင်းထောက်နန္ဒ(တကိုယ်တော်)အား မတ်လ ၆ရက်နေ့ ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် ရုံးထုတ်လာစဉ် / ဒီလှိုင်းဝင်း / ဧရာဝတီ

33.9k
VIEWS
Share on FacebookShare on Twitter

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီးရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေ စက်ရုံ စီမံကိန်း ပဋိပက္ခဖြစ်စဉ်တွင် ဖမ်းခံရသည့် မန္တလေးအခြေစိုက် Channel Mandalay ရုပ်သံမှ သတင်းထောက် နန္ဒအား လာမည့် အပတ် ရုံးချိန်းတွင် စွဲချက်တင် အမိန့်ချသွားမည်ဟု သိရသည်။

ကိုနန္ဒဘက်မှ လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးနိုင်နိုင်ထွန်းက “သတင်းထောက်ကိုနန္ဒပါ ၈ ဦး အမှုမှာ ကိုနန္ဒအနေနဲ့ စွဲဆိုထားတာတွေ ကျုးလွန်မှု မရှိဘူးဆိုပြီး စွဲချက်မတင်သင့်ဘူးလို့ နှုတ်နဲ့ပဲ လျှောက်လဲချက် ပေးခဲ့ပါတယ်၊ အဲဒီတော့ နောက်တချိန်းမှာ စွဲချက်အမိန့်ချမယ်ဆိုပြီး ပြန်ချိန်းလိုက်ပါတယ်”ဟု ပြောသည်။

RelatedPosts

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

13 May 2025
181
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

13 May 2025
267
ငလျင်နိုင်ငံရေးနှင့် မြန်မာ့နိုင်ငံရေးပြတ်ရွေ့များ

ငလျင်နိုင်ငံရေးနှင့် မြန်မာ့နိုင်ငံရေးပြတ်ရွေ့များ

13 May 2025
26

စွဲချက်တင်အမိန့်ချမှတ်ရန် မတ်လ ၁၃ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

သတင်းထောက် ကိုနန္ဒက “စွဲချက်တင်အမိန့်အပေါ်မှာ ကျနော်တို့ အများကြီးမျှော်လင့်မထားပါဘူး၊ သူတို့က ပြစ်မှု မကျုးလွန်တဲ့ ပြည်သူကို တရားစွဲ ဖမ်းဆီးထောင်ချချင်လို့ ဒီလိုလုပ်ထားတဲ့အပေါ် အရမ်းကြီးမျှော်လင့်မထားပါဘူး၊ အကောင်းဆုံးဖြစ်လာပါစေလို့တော့ ဆုတောင်းတယ်”ဟု ပြောသည်။

လာမည့်ရုံးချိန်းများတွင် စွပ်စွဲခံရသူများက ကိုယ်တိုင် ထုချေကြမည်ဖြစ်သည့်အတွက် အမှုတွင် လိုက်ပါဆောင်ရွက် သည့်တရားလွှတ်တော်ရှေ့နေဦးနိုင်နိုင်ထွန်းမှ ရှေ့နေပါဝါကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

“ပါဝါရုပ်တာကတော့ ကိုနန္ဒရဲ့ ပြောပြချက်အရ သူတို့အပေါ်ကို မတရားသဖြင့် တရားစွဲထားပြီး တရားရုံးရဲ့ တရားစီရင်မှု တွေအပေါ်အယုံအကြည်မရှိဘူး၊ ဒါကြောင့်မို့လို့ ဆက်လက် စစ်ဆေးမှုတွေမှာ ကိုယ်တိုင် ခုခံသွားမယ်လို့ ပြောလာတဲ့ အတွက် ကျနော့်အနေနဲ့ ပါဝါရုပ်ပေးခဲ့တာပါ၊ လျှောက်လဲချက်ပေးပြီးမှ ပါဝါရုပ်ပေးခဲ့တာပါ”ဟု တရားလွှတ်တော်ရှေ့နေ ဦးနိုင်နိုင်ထွန်းက ဆက်လက်ပြောသည်။

သတင်းထောက် ကိုနန္ဒမှာ ၂၀၁၉ခုနှစ် အောင်သပြေကျေးရွာအနီးရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေ စက်ရုံ စီမံကိန်းနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်စဉ်တွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်ဖြိုခွင်းမှုအား Channel Mandalay TV သတင်းဌာန အတွက် Live လွှင့်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ထို့အတွက် “ကျနော်ဟာ သတင်းထောက်ပါဆိုတာကို အခိုင်အမာသက်သေအထောက်အထားတွေ ရှိပါလျက်နဲ့ လုပ်ကြံတရားစွဲဆိုထားတယ်၊ ကျနော့်လက်ထဲမှာ ကိုင်ထားတဲ့ ကင်မရာနဲ့ ဖုန်းကို ရဲတပ်ဖွဲ့က တုတ်ဆိုပြီးတော့ လီဆယ်ပြီး ထွက်ဆိုထားကြတယ်၊ အဲဒါကြောင့် ကျနော့်အနေနဲ့ တရားစွဲအဖွဲ့အစည်းကို ယုံကြည်မှုမရှိတဲ့အပြင် တရားစီရင်ရေးမဏ္ဍိုင်ကို ယိမ်းယိုင်အောင်လုပ်နေတာကြောင့် ရဲတပ်ဖွဲ့ကို ဘယ်သူထိန်းမလဲဆိုတဲ့ မေးခွန်းကို မေးချင်ပါတယ်”ဟု သူက ပြောသည်။

၎င်းအား ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးမျိုးညွန့်သန်းက တရားလိုပြုလုပ်၍ ပုသိမ်ကြီးမြို့နယ်တရားရုံးသို့ တရားစွဲဆို ခဲ့ခြင်းဖြစ်ပြီး၊ ရာဇဝတ်ကြီးအမှုအမှတ် ၄၆၈/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၄၇( ရုန်းရင်းဆန်ခတ် မှု)၊ ၃၃၃( ပြည် သူ့ဝန်ထမ်းကို ပြင်းထန်ဒဏ်ရာရအောင်ပြုမှု)၊ ၃၃၂ (ပြည်သူ့ဝန်ထမ်းကို သာမန်ဒဏ်ရာရအောင်လုပ်မှု)၊ ၃၅၃ (ပြည်သူ့ဝန်ထမ်းကို နှောက်ယှက်ဟန့်တားမှု)၊ ၁၁၄ (အားပေးကူညီမှု)တို့ဖြင့် လက်ခံစစ်ဆေးနေသည်။

“ဒီအမှုနဲ့ပတ်သက်ပြီး ကျနော်တို့က ကျူးလွန်ထားခြင်းမရှိဘူး၊ ဒါပေမယ့် ကျနော်တို့စိုးရိမ်နေတာ တခုပဲရှိပါတယ်၊ တရားစီရင်ရေးမဏ္ဍိုင်ကို ယိမ်းယိုင်အောင်လုပ်တဲ့ ရဲတပ်ဖွဲ့ရဲ့ မဟုတ်မမှန် လုပ်ကြံတရားစွဲတဲ့အပေါ်မှာ တရားစီရင်ရေး နယ်ပယ်မှာရှိတဲ့ တရားရေးဝန်ထမ်းတွေ တစုံတရာနစ်နာသွားမှာ အရမ်းစိုးရိမ်ပါတယ်”ဟု ကိုနန္ဒက ဆက်လက်ပြော သည်။

ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းပေးရန်နှင့် ဖမ်းထားသော တောင်သူများ အမြန်ဆုံး လွှတ်ပေးရန် အောင်သပြေကျေးရွာမှ ရွာသူရွာသားများက ၂၀၁၉ခုနှစ် မေလ၁၄ရက်နေ့က ကျေးရွာအဝင်လမ်းကို ပိတ်ဆို့၍ ဆန္ဒပြခဲ့ကြခြင်း ဖြစ်ပြီး၊ ယင်းဖြစ်စဉ်ကို မေလ ၁၅ ရက်နေ့ နံနက်၄နာရီခွဲခန့်က ရဲတပ်ဖွဲ့ဝင်များက ရာဘာ ကျည်များ၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်လူစုခွဲခဲ့သည်။

ထိုကဲ့သို့ လူစုခွဲခဲ့ရာ ပစ်ခတ်ဖြိုခွင်းမှုအား Live လွှင့်နေသည့် မန္တလေးအခြေစိုက် Channel Mandalay TV သတင်းဌာနက သတင်းထောက် နန္ဒ(တကိုယ်တော်)အပါအဝင် ဒေသခံ ၃ဦး ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်-

အောင်သပြေဖြစ်စဉ်မှ တရားရှင်လွတ်မြောက်လာသူက စက်ရုံမန်နေဂျာကို တရားပြန်စွဲမည်

အောင်သပြေ ပဋိပက္ခဖြစ်စဉ်မှ ဒေသခံ ၅ ဦးကို စွဲချက်တင်၊ တဦးလွတ်

အောင်သပြေ ဘိလပ်မြေစက်ရုံစီမံကိန်း ဒေသခံများ လုံးဝလက်မခံ

Your Thoughts …
Tags: ဘိလပ်မြေ စက်ရုံ၊သတင်းထောက်အောင်သပြေ
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

ဒီတော်လှန်ရေး မပြီးသေးဘဲ အနာဂတ်ကို မျှော်လင့်လို့ မရဘူး

ဒီတော်လှန်ရေး မပြီးသေးဘဲ အနာဂတ်ကို မျှော်လင့်လို့ မရဘူး

by ဧရာဝတီ
22 January 2024
3.2k

သတင်းထောက်ဆိုတာမျိုးက တိုင်းပြည်ရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍမျိုးမှာရှိတယ်။ ဒီလိုတိုင်းပြည် အချိုးအကွေ့ အကြီးကြီးဖြစ်သွားတဲ့ အချိန်မှာ လဲကျနေလို့ မဖြစ်ဘူး။ ကျမတို့က ဆက်လုပ်ရမှာပဲ။

အာဏာရှင်က စတုတ္ထမဏ္ဍိုင်ကို ပြိုလဲအောင်လုပ်တာ

အာဏာရှင်က စတုတ္ထမဏ္ဍိုင်ကို ပြိုလဲအောင်လုပ်တာ

by ဧရာဝတီ
31 January 2024
2k

ကလေး ၂ ဦးရဲ့ မိခင်ဖြစ်တဲ့ သူမဟာ အာဏာသိမ်းမှု ဖြစ်စဉ်အပြီးမှာတော့ လုံခြုံရေး အရ နယ်စပ်ဒေသကို မိသားစုနဲ့အတူ ထွက်ပြေးတိမ်းရှောင်လာရသူဖြစ်ပါတယ်။

ကျိုက်ထိုတွင် သတင်းသမား ၂ ဦး အပါအဝင် ၄ ဦး စစ်တပ်စီးနင်း သတ်ဖြတ်

ကျိုက်ထိုတွင် သတင်းသမား ၂ ဦး အပါအဝင် ၄ ဦး စစ်တပ်စီးနင်း သတ်ဖြတ်

by ဧရာဝတီ
23 August 2024
1.5k

တော်လှန်ရေးတပ်ဖွဲ့များ ရောက်နေသည်ဆိုသော သတင်းပေးမှုကြောင့် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်

အများကကြိုက်၍ တချို့က ဆဲသော်လည်း အားလုံးတော့ ဖတ်ကြသည်

အများကကြိုက်၍ တချို့က ဆဲသော်လည်း အားလုံးတော့ ဖတ်ကြသည်

by မြသန်းတင့်
1 September 2024
1.1k

သတင်းစာ ဆရာများသည် ကျိန်ဆဲ မခံချင်ကြပါ။ သတင်းများကို ရေးပြီး အမှားများကို ဖော်ထုတ် ဖွင့်ချ လိုကြပါသည်။ အရိပ်ထိုးနေသော ကမ္ဘာ့ထောင့်များကို အလင်းရောင် လာလိုကြပါသည်။

အမျိုးသမီး သတင်းစာဆရာ

အမျိုးသမီး သတင်းစာဆရာ

by မောင်သစ်လွင် (လူထု)
19 November 2023
726

ယခု အချိန်အထိ တွေ့ရသမျှ အမျိုးသမီး သတင်းစာဆရာများ အနက် ဒေါ်ဖွားရှင်သည် ပထမဆုံး မြန်မာ အမျိုးသမီး သတင်းစာဆရာ ဖြစ်သည်။

ဘာတွေ ဖြစ်နေကြသနည်း

ဘာတွေ ဖြစ်နေကြသနည်း

by အထောက်တော် လှအောင်
29 June 2024
623

ဘာတွေ ဖြစ်နေသနည်း။ ဘယ်လို ဖြစ်နေသနည်း။ ဘာကြောင့်နည်း။ ဘယ်သူတွေက ဖြစ်အောင် ဖန်တီးနေကြသနည်း။ ဘာကို ရည်စူးသနည်း။

Next Post
အပူအအေးမမျှတတဲ့အခါမျိုးမှာ နှာစေးနှာပိတ်ခြင်းကို ခံစားရ တတ်ပါတယ်

နှာစေးနှာပိတ်ခြင်းကို ၁၅ မိနစ်အတွင်း သက်သာစေနိုင်မယ့် နည်းလမ်းကောင်းများ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှစ်စဉ်ကျင်းပတဲ့ ချယ်ရီပန်းပွဲတော်ကို ဖျက်သိမ်းလိုက်တာပါ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျပန်မှာနှစ်စဉ်ကျင်းပတဲ့ ချယ်ရီပန်းပွဲတော်ကို ဖျက်သိမ်း

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate