သတင်း

မြောင်းမြတွင် စက်လှေမှောက်သဖြင့် ပျောက်ဆုံးနေသူကလေး ၂ ဦး သေဆုံးလျှက်ပြန်တွေ့

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ရေငန်ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာအနီးရှိ ကုန်းသာမြစ် အတွင်း မတ်လ ရက်နေ့ နံနက်ပိုင်းက ကူးတို့စက်လှေတိမ်းမှောက်ရာတွင် ပျောက်ဆုံးနေသည့် ကလေးငယ် ဦးအား သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ 

ခရီးသည် ၃၀ ဦးမှာ မတ်လ ရက်နေ့ နံနက်ပိုင်းက ရေငန်အုပ်စု၊ ဘုရားကြီးကုန်းကျေးရွာဆိပ်ကမ်းအမှတ်

မှ အနောက်ဘက်ကမ်း ကြွက်နွယ်ချောင်းကျေးရွာသို့ ကူးတို့စက်လှေဖြင့်ကူးဖြတ်စဉ် စက်လှေ၏ခံနိုင်ဝန် အားထက် စက်လှေပေါ်ပါ လူဦးရေက ပိုများနေသည့် အတွက် လှေ၏ဦးပိုင်းမှ ရေများဝင်ရောက်ကာ နံနက် ၁၀ နာရီခန့်တွင် ကုန်းသာမြစ်အတွင်း စက်လှေ နစ်မြုပ်သွားခဲ့ရာ အမျိုးသမီးကြီး ဦးနှင့် ကလေး ဦးမှာ မြစ်ထဲတွင် နစ်မြုပ်ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

ကုန်းသာမြစ်အတွင်း ပျောက်ဆုံးခဲ့သူများအား မြောင်းမြမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ ရှာဖွေခဲ့ရာ မတ်လ ရက်နေ့ ညနေပိုင်းတွင် အမျိုးသမီးကြီး ဦးနှင့် အမျိုးသမီးငယ် ဦးတို့ကို သေဆုံးလျှက် ပြန်တွေ့ခဲ့ကြောင်း မြောင်းမြမြို့နယ်၊ အုပ်ချုပ်ရေးရုံးထံမှ သိရသည်။ 

ပျောက်ဆေုံးနေသူ ကလေးငယ် (ယောက်ျားလေး) ဦးကို ဆက်လက်ရှာဖွေခဲ့ရာ အသက် နှစ်အရွယ် မောင်လင်းထက်ကျော်ကို မတ်လ ရက်နေ့ ညနေပိုင်းတွင် လည်းကောင်း၊ အသက် နှစ်အရွယ် မောင်သူရအောင်အား မတ်လ ရက်နေ့ နံနက်ပိုင်းတွင်လည်းကောင်း မြစ်အတွင်းမှ သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြောင်းမြမြို့နယ်၊ ဒုအုပ်ချုပ်ရေးမှူး ဦးမျိုးခိုင်ကအသက် နှစ်အရွယ်ကလေးကို မနေ့ကညနေ နာရီလောက်က တွေ့ပါတယ်။ အသက် နှစ်အရွယ် ကလေးကို ဒီနေ့မနက် နာရီမှာ သေဆုံးလျှက်တွေ့ပါတယ်။ အလောင်းတွေကို မြောင်းမြမြို့ ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဥပဒေအတိုင်း သေမှုသေခင်းဖွင့်လှစ်ပြီး ဆက်လက် စစ်ဆေးဆောင်ရွက်သွားမှာပါဟု ဧရာဝတီကို ပြောသည်။

ကူးတို့စက်လှေနစ်မြုပ်မှုကြောင့် အသက် ၄၀ အရွယ် ဒေါ်နန့်ငယ်ငယ်နှင့် သားဖြစ်သူ အသက် နှစ်အရွယ် မောင်လင်းထက်ကျော်၊  အသက် ၄၉ နှစ်အရွယ် ဒေါ်သင်းသင်းသွယ်၊ အသက် ၁၃ နှစ်အရွယ် တန်း ကျောင်းသူ မနန့်ချောကလျာနှင့် အသက် နှစ်အရွယ် မောင်သူရအောင်တို့ ဦး သေဆုံးခဲ့ကြောင်း 

မြောင်းမြမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ကူးတို့စက်လှေတိမ်းမှောက်မှုနှင့်ပတ်သတ်၍ စက်လှေမောင်းသူ မန်းသာအေး () မန်းစပေါ် (အသက် ၆၈ နှစ်) ကို မြောင်းမြမြို့မရဲစခန်းတွင် ပြစ်မှုနံပါတ် ၂၀၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

You may also like these stories:

စစ်ပွဲလက်ကျန် ဗုံးပေါက်ကွဲမှုကြောင့် နမ့်ခမ်းတွင် ကလေးငယ်နှစ်ဦး သေဆုံး

ထောက်ကြန့် ယာဉ်တိုက်မှုတွင် ၆ ဦးသေ၍ ၁၇ ဦးဒဏ်ရာရ

Loading