ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဒုတိယနေ့အဖြစ် ယနေ့ ပြည်ထောင်စု လွှတ်တော်၌ မဲခွဲရာတွင် ပုဒ်မ ၅၉(စ) ပယ်ဖျက်ရန် ရှုံး နိမ့်ခဲ့သည့်အပြင် ယနေ့ ပြင်ဆင်မည့် ပုဒ်မ ၁၅ ခုလုံး ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် ပြင်ဆင်ခွင့် မရဘဲ ဖြစ်ခဲ့သည်။
ပုဒ်မ ၅၉(စ)သည် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေး ဦးတည် ရေးဆွဲထားကြောင်း ဝေဖန်မှုများ ရှိနေသည့် ပုဒ်မ ဖြစ်သည်။
ယနေ့ မဲရလဒ်များကြောင့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီတွင် တပ်မတော်ဘက် က ၆ ဦးနှင့် အရပ် သား အစိုးရဘက်မှ ၅ ဦးဖြင့် မူလအတိုင်းသာ ဆက်ရှိမည် ဖြစ်ပြီး ကောင်စီအတွင်း မဲခွဲရန် အရေးကြုံပါက တပ်မတော် ကသာ အသာစီး ရဦးမည် ဖြစ်သည်။
ယနေ့ အစည်းအဝေးတွင် တက်ရောက်ခွင့် ရှိသူ ကိုယ်စားလှယ် ၆၅၄ ဦးအနက် ၆၃၅ ဦး တက်ရောက်ခဲ့ပြီး မဲပေးခဲ့ ကြခြင်း ဖြစ်သည်။ ပျက်ကွက်သူများမှာ မူလက လွှတ်တော်က ခွင့်ပြုထားသူ ၁၈ ဦး ရှိပြီး ယနေ့ ခွင့်တိုင်ကြားသူ ၁ ဦး ရှိခဲ့သည်။
ပြည်ထောင်စု လွှတ်တော်တွင် စုစုပေါင်း ကိုယ်စားလှယ် အရေအတွက်မှာ ၆၅၄ ဦး ရှိသည့်အတွက် ပြင်ဆင်ချက် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း ပြည့်မီရန် ၄၉၁ မဲ ထောက်ခံရန် လိုအပ်လျက် ရှိသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မများ ပြင်ဆင်ရာတွင် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်း ကျော် ထောက်ခံရန် လိုအပ်သည့်အတွက် လွှတ်တော်အတွင်း ၂၅ ရာခိုင်နှုန်း ရယူထားသည့် တပ်မတော်က ပုဒ်မ တခုချင်း အလိုက် ပြင်ဆင်ရန် ဆန္ဒရှိမှသာ ပြင်ဆင်နိုင်မည် ဖြစ်သည်။
ယနေ့တွင် ပုဒ်မ ၄၃၆ (က)နှင့် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၅ ခုအား မဲခွဲခဲ့ခြင်း ဖြစ်ပြီး ပုဒ်မအလိုက် မဲရလဒ်များမှ အောက်ပါအတိုင်း ဖြစ်သည်။
ယနေ့မဲခွဲသည့် ပုဒ်မအလိုက် ဇယား
ဆက်စပ်ဖတ်ရှုရန်
ပုဒ်မ ၅၉ (စ) ပယ်ဖျက်ရေးနှင့် ကာ/လုံ ပြင်ဖွဲ့ဖို့ မနက်ဖြန် မဲခွဲမည်