အနည်းဆုံးအခကြေးငွေ နှုန်းထားများကို ပြင်ဆင် သတ်မှတ်ရန်အတွက် တိုင်ဒေကြီး ပြည်နယ်များ၏ အဆိုပြုနှုန်းထားများ ကို ယခုနှစ် ဧပြီ ၁၀ ရက်နောက်ဆုံးထား တင်ပြရန် အကြောင်းကြားထားပြီး ဖြစ်သည်ဟု သတင်းရရှိသည်။
နေပြည်တော်ရှိ အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာတွင် မတ်လ ၁၁ ရက်နေ့က ပြုလုပ်သော အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးက ယင်းသို့ ပြောခြင်းဖြစ်သည်။
အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ဦးသိန်းဆွေ က “အလုပ်ရှင်များ ပေး နိုင်တဲ့နှုန်း၊ အလုပ်သမားများတင်ပြတဲ့ နှုန်းများကို လေ့လာဆန်းစစ်ပြီးတော့မှ၊ စစ်ဆေးတွက်ချက်ပြီးတော့မှ သတ်မှတ် သင့်တဲ့ အဆိုပြု နှုန်းထား ၂၀၂၀ ဧပြီလ ၁၀ နေ့အရောက် နောက်ဆုံးတင်ပြဖို့ သက်ဆိုင်ရာ ကော်မတီဝင်များ တိုင်းဒေ သကြီး နှင့် ကော်မတီဝင်များကို အကြောင်းကြားပြီးဖြစ်ပါတယ်” ဟုပြောသည်။
ဖြစ်ပေါ်နေသည့် ပြောင်းလဲမှုများ အားလုံးကို ဘက်စုံ၊ ထောင့်စုံမှ စဉ်းစားသုံးသပ်သွားမည် ဖြစ်ကြောင်း၊ တက်နေသည့် ကုန်ဈေးနှုန်းများ၊ ဖြစ်ပေါ်နေသည့် ဒေါ်လာဈေး နှုန်းများကို အလေးထား ဦးစားပြီးဆောင်ရွက်မည် ဖြစ်ကြောင်း၊ အလုပ် ရှင်များဘက်မှ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ ရရှိနိုင်သည့် အခွင့်အရေးများ၊ ဖြစ်ပေါ်လာသည့် အကျိုးကျေး ဇူးတွေကို လည်း ချိန်ညှိ သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။
အနည်းဆုံး အခကြေးငွေ နှုန်းထားကို ပြင်ဆင်သတ်မှတ်နိုင်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်း အဖွဲ့ ၆ ဖွဲ့ခွဲ၍ စစ် တမ်းများ ကောက်ယူလျက်ရှိကြောင်း၊ သင့်တင့်မျှတသည့် နှုန်းထား ဖြစ်ရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်မှုကို အ နည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီမှ ဆုံးဖြတ်ရန် ကော်မတီ အစည်းအဝေးကို ဧပြီလ မတိုင်ခင် ၂ ကြိမ် ပြုလုပ်၍ ဆုံးဖြတ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူစွမ်းအား အရင်း အမြစ် ဝန်ကြီးဌာန၊ ဝန်ကြီး ဒေါ်မိုးမိုး စုကြည်ယနေ့ သတင်းထောက်များကို ပြောသည်။
ဒေါ်မိုမိုးစုကြည်က “နှုန်းထား သတ်မှတ်ချက်သည် ကောင်းမွန် မျှတတဲ့ နှုန်းထား ဖြစ်အောင်တော့ တိုင်းဒေသကြီး အနေနဲ့ ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟုပြောသည်။
မြန်မာနိုင်ငံ အနေဖြင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက်ကို ၂၀၁၅ ခုနှစ်တွင် ၃၆၀ဝ ကျပ် အဖြစ် ပထမ အကြိမ် သတ်မှတ်ပေးခဲ့ပြီး၊ လုပ်သား ၁၅ ဦးနှင့် အထက် ရှိသည့် လုပ်ငန်းများသာ အကျုံးဝင်ခဲ့သည်။
၂၀၁၈ ခုနှစ် မေလ ၁၄ ရက် တွင် ဒုတိယ အကြိမ် ၄၈၀ဝ ကျပ် အဖြစ် တိုးမြှင့် သတ်မှတ်ရာတွင် အလုပ်သမား ၁၀ ဦး အထိ ရှိပါက ပြောင်းလဲ သတ်မှတ်ရမည်ဟု ပြင်ဆင်ခဲ့သည်။
အဆိုပါ လုပ်ခနှုန်းထားကို တနိုင်ငံလုံးရှိ အလုပ်သမားများ အတွက် နေရာဒေသနှင့် လုပ်ငန်း အမျိုးအစား မခွဲခြားဘဲ တနိုင်ငံလုံး တပြေးညီဖြင့် ၁ နာရီကို ၆၀ဝ ကျပ်နှုန်းဖြင့် အလုပ်ချိန် ၈ နာရီအတွက် ၄၈၀ဝ ကျပ် အတည်ပြုသတ်မှတ် လိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ စက်မှု၊လက်မှုနှင့်ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွ့ဲချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ဦးနော် အောင်က “အမှန်က ၂ နှစ်တကြိမ် ပြင်ဆင်သတ်မှတ်မယ်ဆိုရင်မြန်မြန် လုပ်ဖို့တော့ လိုတာပေါ့။ အလုပ်သမားတွေ အနေနဲ့က ဘယ်လို ဖြစ်လာမလဲ ဆိုတဲ့ စိုးရိမ် ပူပန်မှုတွေက နစ်နာမှု အနေနဲ့ ရှိနေတာပေါ့” ဟုပြောသည်။
၂၀၂၀ မေလတွင် အနည်းဆုံး အခကြေးငွေကို ပြင်ဆင်သတ်မှတ်နိုင်ရန်အတွက် အနည်းဆုံး အခကြေးငွေ သတ်မှတ်ခြင်း၊ သတင်းအချက်အလက် ကောက်ခံခြင်း၊ လက်တွေ့ကျင့်သုံးခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်း၊ အမျိုးသား အဆင့်၊ ဒေသအနည်းဆုံး အခကြေးငွေ သတ်မှတ်ခြင်းတို့ကို ပြည်တွင်းပြည်ပ မှ ပညာရှင်များနှင့် အတွေ့အကြုံရှိသူများနှင့် ဆွေးနွေးမှုများမှာ အထောက်အကူများ ဖြစ်စေကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။
ဝန်ကြီးဦးသိန်းဆွေ က “ဖြစ်ပေါ်ပြောင်းလဲနေတဲ့အခြေအနေများဟာလည်း တနေ့ထက်တနေ့ ကွဲပြားမှုဖြစ်နိုင်ပါတယ်။ တူညီမှုလည်းရှိသလို ကွဲပြားမှုတွေအပေါ်မှာလည်း ကျနော်တို့ စဉ်းစားသုံးသပ်ရမှာဖြစ်ပါတယ်” ဟု ပြောသည်။
၂၀၁၃ ခုနှစ်က အတည်ပြု ပြဌာန်းထားသည့် အနည်းဆုံး အခကြေးငွေ ဥပဒေတွင် ပါဝင်သည့် လုပ်ခလစာအား ၂ နှစ် တကြိမ် ပြင်ဆင် သတ်မှတ်ရန်ဆိုသည့် ပြဌာန်းချက် ပါဝင်သည့် ပုဒ်မ ၅ (ဇ) အပါအဝင် အချက် ၆၃ ချက်ကို ပြင်ဆင်နိုင် ရန် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးရန် အဆိုတရပ် အနေဖြင့်လည်း တင်သွင်းခဲ့ပြီး ဖြစ်သည်။
လုပ်ခလစာနှင့် ပတ်သက်၍ လုပ်အားခမှာ တက်သင့်ရင် တက်ရမည် ဖြစ်သောကြောင့် ၂ နှစ်တကြိမ် ပြင်ဆင် သတ်မှတ် ရမည် ဆိုသည့် အချက်ကို ပုဒ်မ ၅ (ဇ) တွင် မပါသင့်ဟု ယူဆသဖြင့် ယခုကဲ့သို့ ပြင်ဆင်ရန်၊ ရန်ကုန်မဲဆန္ဒ နယ် အမှတ် ၈ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေးက လွှတ်တော်သို့ တင်ပြခဲ့သည်။
You may also like these stories:
လစာ မပေးဘဲ အလုပ်ရှင် ထွက်ပြေးမှုများ စိုးရိမ်ဖွယ်ဟု အလုပ်သမား အဖွဲ့များ ပြော
ပြည်တွင်း၌ စက်ရုံများ ပိတ်၍ အလုပ်သမား ၁ သောင်းဝန်းကျင် အလုပ်လက်မဲ့ဖြစ်
COVID-19 ကြောင့် စက်ရုံများရပ်နားမှု အစိုးရ စနစ်တကျ စီမံပေးရန် တောင်းဆို