ပုဒ်မ ၄၁၈ (က) ပြဌာန်းချက်ပါ အရေးပေါ်အခြေအနေ ကြေညာရာတွင် သမ္မတက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ အာဏာလွှဲအပ်ကြောင်း ကြေညာရမည့်အချက်အား ပယ်ဖျက်ရန် ပြင်ဆင်ချက်အပေါ် ယနေ့မဲခွဲရာ တွင် ရှုံးနိမ့်ခဲ့သည်။
ယနေ့မဲခွဲရာသို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ၆၅၄ ဦးရှိသည့်အနက် ၆၃၃ ဦးတက်ရောက်ကာ မဲပေးခဲ့ကြသည်။ ခွင့်ယူသူများအနေဖြင့် ယခင်ကခွင့်ပြုထားသူ ၁၆ ဦးနှင့် ယနေ့မှ ခွင့်ယူသူ ၅ ဦးရှိသည့်အတွက် စုစုပေါင်း ပျက်ကွက်သူ ၂၁ ဦးရှိခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းအား တတိယမြောက်နေ့အဖြစ် အရေးပေါ် ကာလဆိုင်ရာ ပြဌာန်းချက်များနှင့် သက်ဆိုင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုအား မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ပြင်ဆင်ရန်(သို့) ပယ်ဖျက်ရန် အဆိုပြုချက် အားလုံး ၇၅ ရာခိုင်နှုန်းမကျော်ဘဲ ရှုံးနိမ့်ခဲ့သည်။
ယနေ့ မဲခွဲသည့် ပုဒ်မအလိုက် ရလဒ်ဇယား