• English
Sunday, May 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗဟိုဘဏ် အတိုးနှုန်း သတ်မှတ်ချက် လျှော့ချ

by အောင်သီဟ
12 March 2020
in သတင်း
A A
ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဗဟိုဘဏ်  / ဧရာဝတီ

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဗဟိုဘဏ် / ဧရာဝတီ

19.8k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ၁ နှစ် အတိုးနှုန်း ၁၀ ရာခိုင်နှုန်းကို ၉ ဒသမ ၅ ရာခိုင်နှုန်းသို့ ပြောင်းလဲ သတ်မှတ်လိုက် ကြောင်း ယနေ့ ထုတ်ပြန်လိုက်သည်။

ထိုသို့ သတ်မှတ်ချက်သည် လာမည့် ဧပြီလ ၁ ရက်တွင် စတင် အကျူံးဝင်မည် ဖြစ်ပြီး ဘဏ်များ၏ အပ်ငွေများ အပေါ် ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ် တောင်းခံနိုင်သည့် အတိုးနှုန်းများလည်း ပြောင်းလဲသွားမည် ဖြစ်သည်။

RelatedPosts

ထိုင်းစစ်တပ်မြင်လိုက်ရတဲ့ မြန်မာစစ်တပ်ရဲ့ ကျရှုံးမှု (ရုပ်/သံ)

ထိုင်းစစ်တပ်မြင်လိုက်ရတဲ့ မြန်မာစစ်တပ်ရဲ့ ကျရှုံးမှု (ရုပ်/သံ)

24 May 2025
212
အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

24 May 2025
267
ငလျင်ကြောင့် ကာလရှည် စီးပွားရေးဒဏ်ရာ ရနိုင်သည်

ငလျင်ကြောင့် ကာလရှည် စီးပွားရေးဒဏ်ရာ ရနိုင်သည်

24 May 2025
152

ငွေစုစာရင်း အပ်ငွေ၊ ငွေရလက်မှတ်နှင့် အချိန်စေ့မှ ပေးရမည့် အပ်ငွေတို့ အပေါ်တွင် ပေးရမည့် အနည်းဆုံး အတိုးနှုန်း သည် ဗဟိုဘဏ် အတိုးနှုန်းအောက်၂ ရာခိုင်နှုန်း ထက်မနည်း ရမည်ဖြစ်ခြင်းကြောင့် အပ်ငွေများ အပေါ် ပေးရသည့် အနည်းဆုံး အတိုးနှုန်းသည် ၇ ဒသမ ၅ ရာခိုင်နှုန်းသို့ ရောက်ရှိသွားမည် ဖြစ်သည်။

ဘဏ်များက အာမခံ ပစ္စည်းများရယူပြီး ထုတ်ချေးသည့် ချေးငွေများအပေါ် တောင်းခံနိုင်သည့် အများဆုံး အတိုးနှုန်းသည် ဗဟိုဘဏ် အတိုးနှုန်း အထက် ၃ ရာခိုင်နှုန်းထက် ကျော်လွန်၍ ကောက်ခံခြင်း မရှိသည့်အတွက် အာမခံပစ္စည်း ရယူထား သည့် ချေးငွေများ၏ အများဆုံး ကောက်ခံနိုင်သော အတိုးနှုန်းမှာ ၁၂ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သည်။

လက်ရှိတွင် ဘဏ်များက အပ်ငွေအပေါ် ပေးရသည့် အနည်းဆုံး အတိုးနှုန်းသည် ၈ ရာခိုင်နှုန်းဖြစ်ပြီး အာမခံ ရယူထား သည့် ချေးငွေအပေါ် အများဆုံး ကောက်ခံနိုင်သည့် အတိုးနှုန်းသည် ၁၃ ရာခိုင်နှုန်း ဖြစ်သည်။

ဘဏ်များက အပေါင်ပစ္စည်း မရယူထားဘဲ ထုတ်ချေးထားသည့် ချေးငွေများ အပေါ် ကောက်ခံနိုင်သော အများဆုံး အတိုး နှုန်းသည်လည်း ယခင် ၁၆ ရာခိုင်နှုန်းမှ ၁၅ ဒသမ ၅ ရာခိုင်နှုန်းသို့ ပြောင်းလဲသွားမည် ဖြစ်သည်။

ယင်းသို့ အတိုးနှုန်း လျှော့ချလိုက်ခြင်းသည် လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေအရ လျှော့ချသင့်သည့် အခြေအနေတွင် ရောက်နေပြီ ဖြစ်ကြောင်း၊ ပမာဏ နည်းပါးသော်လည်း ကြိုဆိုရမည် ဖြစ်ကြောင်း ဘဏ်လုပ်ငန်းနှင့် စီးပွားရေး ပညာရှင် များက ပြောသည်။

ဘဏ်လုပ်ငန်း ကျွမ်းကျင်သူ ဦးရဲမင်းဦးက “ဘဏ်တွေ အားလုံးကတော့ ၂ ရာခိုင်နှုန်းလောက်အထိ ကျနော်တို့ ခံနိုင်ရည် ရှိတယ်။ လုပ်ငန်းရှင်တွေကလည်း များများ လျှော့ချလေ ကြိုက်လေပေါ့။ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေနဲ့ကျတော့ ဘဏ်တွေ စဉ်းစားပုံမျိုး မဟုတ်ဘူး။ သူ့မှာက တခြားသော တွက်ချက်မှုတွေ အများကြီး ရှိသေးတာကို၊ ဒီအချိန်မှာ ၀ ဒသ မ ၅ ပဲ ချဖို့ ဆုံးဖြတ်တာက ကျနော်တို့ ၁ ဘဏ်ချင်း တွက်ချက်ထားတဲ့ ကိန်းဂဏန်းထက် ပိုသေချာတဲ့ ဂဏန်းကို ယူတာ ပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ဘဏ်လုပ်ငန်းနှင့် စီးပွားရေး ပညာရှင်များက ဗဟိုဘဏ်၏ အတိုးနှုန်း လျှော့ချလိုက်ခြင်းကို ကြိုဆိုကြသော်လည်း လုပ်ငန်း ရှင်များ ဘက်တွင်မူ ယခုလို လျှော့ချလိုက်သည့် အတိုးနှုန်းသည် လက်ရှိ ကျဆင်းနေသော စီးပွားရေး အခြေအနေများ အတွက် အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း ဧရာဝတီသို့ ပြောဆိုကြသည်။

Your Thoughts …
Tags: ဗဟိုဘဏ်အတိုးနှုန်းလျှော့
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.1k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
31.7k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
20.8k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

by ဧရာဝတီ
5 September 2023
15.6k

မင်းအောင်လှိုင်သည် သူ့ဝန်ကြီးအဖွဲအစည်းအဝေးတွင် မြန်မာပြည်သူအများစုသည် လူတစု၏ မိုက်မဲမှုကြောင့် ဒုက္ခရောက်နေသည်ဟု ပြောသည်

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

by Justin Higginbottom
13 September 2023
13.9k

ဧရာဝတီသတင်းဌာနမှ ဂျပ်စတင် ဟစ်ဂင်ဘော့တွမ်နှင့် ဒေါက်တာ တာနဲလ် တွေ့ဆုံမေးမြန်းခန်းဖြစ်သည်။

Next Post
ထောင်ဝတ်စုံကို အမြဲတမ်း ဝတ်ဆင်ခဲ့သည့် ဦးဝင်တင်  / စိုးဇေယျာထွန်း

၂၀၀၈ ဖွဲ့စည်းပုံကို ရဲရဲရင့်ရင့် ဆန့်ကျင်ခဲ့သည့် သံမဏိ နှလုံးသားပိုင်ရှင်

UWSA အဖွဲ့ နှစ် ၃၀ပြည့် စစ်ရေးပြအခမ်းအနား  / မျိုးမင်းစိုး / ဧရာဝတီ

ဝ ဒေသမှာ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်မှာလား

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

4 days ago
4k
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

24 hours ago
3.8k

Most Read

  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate