• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

COVID- 19 ကြောင့် စက်ရုံ ပိတ်သိမ်းမှု ပိုများလာနိုင်ဟု အလုပ်သမားဝန်ကြီးပြော

by မိုးမိုး
14 March 2020
in သတင်း
A A
အလုပ်ရှင်ထွက်ပြေးသွားသည့် ရန်ကုန် ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် ၂ ရှိ Myanmar Royal Apollo Company Limited အထည်ချုပ်စက်ရုံ အလုပ်သမားများ လုပ်ခလစာနှင့် ခံစားခွင့်များ တောင်းဆိုနေပုံ / မျိုမင်းစိုး / ဧရာဝတီ

အလုပ်ရှင်ထွက်ပြေးသွားသည့် ရန်ကုန် ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် ၂ ရှိ Myanmar Royal Apollo Company Limited အထည်ချုပ်စက်ရုံ အလုပ်သမားများ လုပ်ခလစာနှင့် ခံစားခွင့်များ တောင်းဆိုနေပုံ / မျိုမင်းစိုး / ဧရာဝတီ

8.5k
VIEWS
Share on FacebookShare on Twitter

COVID- 19 ကြောင့် မြန်မာနိုင်ငံအတွင်း စက်ရုံပိတ် သိမ်းမှုများ ပိုများလာနိုင်ကြောင်း အလုပ်သမား၊လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

ဝန်ကြီး ဦးသိန်းဆွေက “ရှေ့ကာလများမှာ ဒီထက်ပိုပြီးတော့ ယာယီပိတ်မဲ့ဟာတွေ အပြီးပိတ်မဲ့ဟာတွေ ပိုလာနိုင် တယ်လို့မှန်းပါတယ်။ ဘယ်လောက်ပိုမလဲဆိုတာ ပြောရခက်ပါတယ်။ ရောဂါအခြေအနေပေါ်မူတည်ပါတယ်။ အတိ အကျတော့ မပြောနိုင် သေးဘူး” ပြောသည်။

RelatedPosts

တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

10 July 2025
79
ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

10 July 2025
690
စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်က သွေးခွဲချေမှုန်းရေးလို့ဆို (ရုပ်/သံ)

စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်က သွေးခွဲချေမှုန်းရေးလို့ဆို (ရုပ်/သံ)

10 July 2025
89

မတ်လ ၁၃ ရက်နေ့က နေပြည်တော်ရှိ အလုပ်သမား၊လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးရုံးတွင် COVID-19 ရိုက်ခတ်မှုကြောင့် စက်မှုလုပ်ငန်းခွင်၊စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ရှင် နှင့်အလုပ်သမားများ ရင်ဆိုင်နေရသော အခက်အခဲ အ ကြပ်အတည်းများ အပေါ်ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ပတ်သက်သည့် သုံးပွင့်ဆိုင် အစည်းအဝေး မစ တင်မီ သတင်းထောက်များကို အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပိတ်သိမ်းမည့် စက်ရုံ အရေအတွက်ကို အတိအကျ ပြောရန် ခက်ခဲကြောင်း၊ အဆိုပါ ရောဂါအခြေအနေပေါ် မူတည် ကြောင်း သို့သော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အကောင်းဆုံး တုန့်ပြန်ရန် မှာကြားထားပြီး ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ စုပေါင်း၍ အကောင်းဆုံး ဖြစ်အောင် အလုပ်ရှင်၊ အလုပ်သများ အတွက်အ ကောင်းဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးကဆိုသည်။

အဆိုပါ ဗိုင်းရပ်ကြောင့် ကုန်ကြမ်းပြတ်လပ်၍ ပိတ်သိမ်းသွားသည့် စက်ရုံ ၉ ရုံ၊ ယာယီပိတ်သိမ်းထားသည့် စက်ရုံ ၆ ရုံနှင့် လုပ်သားအင်အားလျှော့ချသည့် စက်ရုံ ၃ ရုံရှိကြောင်းနှင့် ဧရာဝတီတိုင်းအတွင်း ဆက်လက်ပိတ်သိမ်းမည့် စက်ရုံပေါင်း၂၀ ခန့် ရှိကြောင်း အဆိုပါ ဝန်ကြီးဌာနမှ သိရသည်။

အလုပ်သမားများအနေဖြင့် အလုပ်လက်မဲ့ဖြစ်မည်ကိုစိုးရိမ်ကြောင်း၊ အလုပ်ရှင်များက ကိုရိုနာဗိုင်းရပ်ကို အကြောင်းပြကာ အလုပ်ပိတ်မည်ကို စိုးရိမ်ကြကြောင်း၊ အလုပ်ရှင်များအနေဖြင့်လည်း အလုပ်သမားများ မလျော့ချင်ကြောင်း စက်ရုံများ မ ပိတ်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက လက်ရှိ ဖြစ်နေသည့် မြေပြင်အခြေအနေကို ပြောပြသည်။

သို့သော် အလုပ်လက်မဲ့ ဖြစ်သွားသည့်သူများမှာ ယင်းတို့၏ သက်ဆိုင်ရာ စက်ရုံများတွင် ထည့်ဝင်ကြေးပေးထားသည့် ကာလအပေါ် မူတည်၍ ဆေးကုသခွင့် နှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆက်လက် စောင့်ရှောက်သွားမည် ဖြစ်ကြောင်း သိရသည်။

“အလုပ်လက်မဲ့ နစ်နာကြေး ကတော့ ဒီလူမှု ဖူလုံရေးမှာကိုက ကောက်ထားတာ မရှိတဲ့အတွက် အဲ့ဒါတော့ ပေးလို့မရ ပါဘူး” ဟုပြည်ထောင်စု ဝန်ကြီးက ဆိုသည်။

ထို့အတူ စက်ရုံများပိတ်သိမ်းမှုများရှိနေသကဲ့သို့ ယင်းကာလအတွင်း စက်ရုံ၊ အလုပ်ရုံ အသစ်များ ထပ်မံဖွင့်လှစ် မှုများရှိနေသဖြင့် အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်ခြင်းကြောင့် အလုပ်အကိုင် အခွင့်အလမ်း အသစ်များ ဖန်တီး ပေးနိုင်ကြောင်း ဝန်ကြီးက ဆက်ပြောသည်။

ထိုသို့ စက်ရုံများ ပိတ်သိမ်းလိုက်သဖြင့် စက်ရုံ လုပ်သားပေါင်း ၄၀၀၀ ခန့် အလုပ်လက်မဲ့ဖြစ်သည်ဟု ဝန်ကြီးဌာ အနေဖြင့် ထုတ်ပြန်သော်လည်း အလုပ်သမား အရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ စစ်တမ်းများ အရ အလုပ်သမားပေါင်း ၁ သောင်းကျော် အလုပ်လက်မဲ့ ဖြစ်ကြောင်း ထံမှ သိရသည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ၊အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က “ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းက ကျမတို့ စာရင်းနဲ့ တူမှာ မဟုတ်ဘူး။ ဝန်ကြီးဌာနက စာရင်းသိမ်း၊တကယ့်ကို ပိတ်သွားတဲ့ စာရင်းပဲ ဖြစ်တဲ့ အတွက် ကျမတို့ စာရင်းနဲ့တော့ ကွာနေလိမ့်မယ်” ဟု ပြောသည်။

အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ စက်ရုံများ ထပ်မံ ပိတ်သိမ်းမည်ကို စိုးရိမ်သဖြင့် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းပွဲများကို ဆက်တိုက်လုပ်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဝန်ကြီး ဦးသိန်းဆွေက “နောက်ဖြစ်လာမယ့်ကိစ္စတွေကတော့ အခြေအနေပေါ်မူတည်ပြီးတော့ အကောင်း ဆုံးဖြစ် အောင်အစိုးရရော အလုပ် ရှင်ရော အလုပ်သမားရောပူးပေါင်းပြီးတော့မှ ဖြေရှင်းသွားမှာဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ဗိုင်းရပ်မှာ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO ၏ ထုတ်ပြန်ချက်အရ မတ်လ ၁၁ ရက်နေ့အထိ စာရင်းများ ကမ္ဘာ့ နိုင်ငံပေါင်း ၁၁၄ နိုင်ငံ၊ ကမ္ဘာ့ နိုင်ငံများတွင် ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၁၁၈၃၂၆ ဦး၊ ကမ္ဘာ့ နိုင်ငံများတွင် သေဆုံးသူ စုစုပေါင်း ၄၂၉၂ ဦးရှိသဖြင့် ကမ္ဘာ့ ပေါ်တွင်သေဆုံးမှု ရာခိုင်နှုန်း ၃.၆ ရာခိုင်နှုန်းရှိနေဖြစ်ကြောင်း သိရသည်။

You may also like these stories:

မန္တလေး မင်္ဂလာ လက်တွန်း ထွန်စက် စက်ရုံ အလုပ်သမားသပိတ် ညှိနှိုင်းနေဆဲ

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် မန္တလေးရှိ ကျောက်စိမ်းအချောထည်ကုမ္ပဏီ ပိတ်သိမ်း

ကိုရိုနာဗိုင်းရပ်စ်ဂယက် မန္တလေးစက်မှုဇုန်အပေါ် သက်ရောက်မှုမရှိသေး

Your Thoughts …
Tags: စက်ရုံအလုပ်သမား
မိုးမိုး

မိုးမိုး

...

Similar Picks:

ပြည်ပထွက်ခွင့်ပိတ်လိုက်ရာ အလုပ်သမား သောင်းနှင့်ချီ ပိတ်မိ

ပြည်ပထွက်ခွင့်ပိတ်လိုက်ရာ အလုပ်သမား သောင်းနှင့်ချီ ပိတ်မိ

by ယုဖြူဟန်
8 March 2025
7.3k

ပြည်ပထွက်ခွာမည့် အလုပ်သမားများသာမက ပြည်ပမှ ခွင့်ပြန်အလုပ်သမားများပါ ပြန်လည်ထွက်ခွာခွင့်မရ ဘဲ ပိတ်မိနေကြောင်း

အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို

အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို

by ဧရာဝတီ
18 October 2023
6.6k

အခွန်ကင်းရှင်းကြောင်း အထောက်အထားမပြနိုင်ပါက သက်တမ်းတိုးပေးမည် မဟုတ်ကြောင်း၊ ပြည်ပတွင် သက်တမ်းတိုးလိုသူများအနေဖြင့် သက်ဆိုင်ရာသံရုံးများတွင် အခွန်တခါတည်းဆောင်ကာ သက်တမ်းတိုးနိုင်မည်

ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား

ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား

by ဧရာဝတီ
14 February 2024
6.1k

လတ်တလော စေလွှတ်ရန် ပြင်ဆင်နေသော အလုပ်သမားများကိုမူ ပုံမှန်အတိုင်း စေလွှတ်နိုင်ပြီး အလုပ်ခေါ်စာ အသစ်တင်ပြမှုများကိုသာ ရပ်နားလိုက်ခြင်းဖြစ်ကြောင်း

အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်မှု ပြန်ဖြေလျှော့

အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်မှု ပြန်ဖြေလျှော့

by ဧရာဝတီ
7 May 2024
5.9k

ပြည်ပထွက် အလုပ် လုပ်ခွင့်ကန့်သတ်ချက်ကို ပြန်လည်ဖြေလျှော့ခဲ့သော်လည်း အသက် ၂၃ နှစ်မှ ၃၁ နှစ်အတွင်း အမျိုးသားများ၏ အလုပ်ခေါ်စာ (Demand Letter) များကို လက်ခံခြင်းမရှိသေးကြောင်း

Honeys စက်ရုံမှ အလုပ်ထုတ်ခံရသူများ နစ်နာကြေး သိန်း ၈သောင်းကျော်တောင်း

Honeys စက်ရုံမှ အလုပ်ထုတ်ခံရသူများ နစ်နာကြေး သိန်း ၈သောင်းကျော်တောင်း

by ဧရာဝတီ
24 February 2025
5.1k

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ ဂျပန်နိုင်ငံသားပိုင် Honeys အထည်ချုပ်စက်ရုံအား ၇ နှစ်ကျော်ကြာ နစ်နာကြေးအဖြစ် ငွေကျပ်သိန်းပေါင်း ၈ သောင်းကျော်ပေးရန် နစ်နာသူအလုပ်သမားများနှင့် အလုပ်သမားရေးဆောင်ရွက်သူများက တောင်းဆိုထားကြောင်း

ထိုင်းသို့ လုပ်သားစေလွှတ်မှု ရပ်သည့် နှုတ်မိန့်ကြောင့် ဆုံးရှုံးနစ်နာမှုများဖြစ်

ထိုင်းသို့ လုပ်သားစေလွှတ်မှု ရပ်သည့် နှုတ်မိန့်ကြောင့် ဆုံးရှုံးနစ်နာမှုများဖြစ်

by ဧရာဝတီ
14 February 2025
4k

မြန်မာ-ထိုင်း နှစ်နိုင်ငံသဘောတူညီမှုစာချုပ်(MoU)ဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်မှုအား ယနေ့မှစပြီး စစ်ကောင်စီက ယာယီဆိုင်းငံ့လိုက်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ သိရသည်။

Next Post
ပင်ပန်းနွမ်းနယ်နေချိန်မှာ ကဖင်းဓာတ်ပါတဲ့ အရာတွေ သောက်သုံးခြင်းလည်း ရှောင်ကြဉ်သင့်ပါတယ်။

ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေချိန်မှာ ရှောင်ကြဉ်သင့်တဲ့ အရာများ

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဗဟိုဘဏ် အဆောက်အဦ / ဧရာဝတီ

ဗဟိုဘဏ် လျှော့တဲ့ အတိုးနှုန်း အရမ်းနည်းဟု ဝေဖန်နေကြ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0
  • ဒီမိုကရေစီတိုက်ပွဲ ဘာကြောင့် ၃၇ နှစ် ကြာတာလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate