သတင်း

ပုဒ်မ ၁၂၁ (ဋ) မဲခွဲရှုံးနိမ့်၊ နိုင်ငံပိုင်ပစ္စည်း ယူထားသူများ ရွေးကောက်ခံခွင့် ရနေဦးမည်

Want create site? Find Free WordPress Themes and plugins.

နိုင်ငံပိုင်ပစ္စည်း ယူထားသူများ ရွေးကောက်ပွဲ ဝင်ခွင့်အတွက် ခြွင်းချက်ပေးထားသည့် ပုဒ်မ ၁၂၁ (ဋ) ပြင်ဆင်ချက် အား ယနေ့မဲခွဲရာတွင် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် ရှုံးနိမ့်ခဲ့သည်။

ပုဒ်မ ၄၃၆ (ခ) နှင့် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၅ ခုအား မဲခွဲသည့် ယနေ့အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ် ၆၅၄ ဦးရှိသည့်အနက် ၆၃၀ ဦးတက်ရောက် မဲပေးခဲ့ ခြင်းဖြစ်ပြီး ပုဒ်မ ၁၂၁ (ဋ) သည် ထောက်ခံမဲ ၄၁၄ မဲ ရရှိခဲ့သည်။

ပယ်ဖျက်ရန် တင်ပြထားသည့် ပုဒ်မ ၁၂၁ (ဋ)၊ ခြွင်းချက် (၂) မှာ “နိုင်ငံတော်ပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းဟူသော စကားရပ်တွင် ဥပဒေတရပ်ရပ် အရသော်လည်းကောင်း။ တာဝန်အရသော်လည်းကောင်း၊ နိုင်ငံ တော်က သုံးစွဲခွင့်ပြုထားသော သို့မဟုတ် နိုင်ငံတော်ထံမှ အခကြေးငွေဖြင့် ငှားရမ်းသုံးစွဲသော နိုင်ငံတော်ပိုင်မြေ၊ အိမ်၊ အဆောက်အအုံနှင့် အခန်းများ။ အခြားအဆောက်အအုံနှင့် အခန်းများ၊ နိုင်ငံတော်ပိုင် လေယာဉ်၊ ရထား၊ သင်္ဘော၊ မော်တော်ယာဉ်၊ ပစ္စည်းစသည်များ မပါဝင်”ဟူသည့် စကားရပ်ဖြစ်သည်။

မဲရလဒ်ကြောင့် နိုင်ငံပိုင်ပစ္စည်းအား တနည်းနည်းနှင့် ရယူထားသည့် ပါတီနှင့် လူပုဂ္ဂိုလ်များမှာ ရွေးကောက်ခံခွင့် ဆက်လက်ရရှိနေမည်ဖြစ်သည်။

ယနေ့မဲခွဲသည့် ပုဒ်မများတွင် ကာ/လုံ၏ ထောက်ခံမှုမလိုအပ်ဘဲ သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်ရန် ပုဒ်မ ၂၀၄ (ခ) ပြင်ဆင်ချက်မှာလည်း ထောက်ခံမဲ ၄၀၃ မဲသာ ရရှိခဲ့သည့်အတွက် ရှုံးနိမ့်ခဲ့သည်။

ပုဒ်မ ၄၃၆(ခ)နှင့် အကျုံးဝင်သည့် ပုဒ်မများ မဲခွဲဆုံးဖြတ်ရာတွင် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၇၅ ရာခိုင်း နှုန်း ကျော်လွန်ယုံဖြင့် တိုက်ရိုက်ပြင်ဆင်နိုင်မည်ဖြစ်ပြီး ယင်းသို့ ကျော်လွန်ရန် ထောက်ခံမဲ ၄၉၁ မဲရရှိရန် လိုအပ်ပြီး တပ်မတော်၏ ထောက်ခံမဲများ ရရှိမှသာ ပြင်ဆင်နိုင်မည်ဖြစ်သည်။

ယနေ့မဲခွဲခဲ့သည့် ပုဒ်မအလိုက် ရလဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

You may also like these stories:

ပုဒ်မ ၄၃၆ မဲခွဲမှု ရှုံးနိမ့်၊ ပြင်ဆင်ရေး အဆုံးအဖြတ်အာဏာ တပ်မတော်မှာသာ ဆက်ရှိမည်

ပုဒ်မ ၅၉(စ) ပြင်ဆင်ရေး ရှုံးနိမ့်၊ ယနေ့ ပြင်ချက် ပုဒ်မ ၁၅ ခုလုံး ပြင်ခွင့်မရ

Did you find apk for android? You can find new Free Android Games and apps.
Loading