မြန်မာနိုင်ငံ တနိုင်ငံလုံးရှိ ရုပ်ရှင်ရုံ အားလုံးကို ယနေ့မှ စတင်၍ ရက်အကန့်အသတ် မရှိ ယာယီ ပိတ်ထားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည။
ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ပြန့်ပွားမှုသည် လူစုလူဝေးများမှ တဆင့် လျင်မြန်စွာ ဖြစ်ပေါ်နိုင်သောကြောင့် ပြည် သူများ၏ ကျန်းမာရေးကို အလေးပေး ရှေးရှုသောအားဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရုပ်ရှင်ရုံများတွင် ရုပ်ရှင် ပြသ ခြင်းများအား၂၀၂၀ ပြည့်နှစ် မတ်လ ၁၆ ရက်မှ စတင်၍ ရပ်ဆိုင်းထားရန် ညွှန်ကြားလိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် နောက်ဆုံးထား၍ ပိတ်ရမည့်ရက်ကိုမူ ဖော်ပြထားခြင်း မရှိပေ။
ပြီးခဲ့သည့် မတ်လ ၁၅ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်ရှိ မြန်မာ့ ရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာနနှင့် ရုပ် ရှင်ရုံကုမ္ပဏီများတို့ ဆွေးနွေးညှိနှိုင်းပြီးနောက် ယခုလို ယာယီပိတ်ခြင်းဖြစ်ကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်တဦးက ပြောသည်။
“တခြားပွဲတွေကို ကန့်သတ်သလိုပဲ။ အခု သိရတာက ဧပြီလကုန်အထိပေါ့။ အဲဒီအချိန်ကာလအထိ ဗိုင်းရပ်စ်ကိစ္စက မတည်ငြိမ်သေးရင်တော့ ထပ်ပြီး ရက်ထပ်တိုးမယ်ပေါ့” ဟု ဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များ မေးမြန်းရန် ဧရာဝတီက ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ ရုပ် ရှင်မြှင့်တင်ရေးဦးစီးဌာန (ရန်ကုန်)၏တာဝန်ရှိသူ ဦးသိန်းနိုင်ကို ဆက်သွယ်ခဲ့သော်လည်း ထုတ်ပြန်ချက်အတိုင်းဟုသာ ပြန် လည် ဖြေကြားခဲ့သည်။
ပြည်တွင်း ရုပ်ရှင်ရုံကုမ္ပဏီများသည် မတ်လ ၁၆ ရက်မှ စတင်ကာ ၎င်းတို့၏ ရုပ်ရှင်ရုံများကို ရက်အကန့်အသတ် မရှိ ယာယီပိတ်ထားပြီး ပြန်လည် ဖွင့်လှစ်မည့်ရက်ကို သက်ဆိုင်ရာဝန်ကြီးဌာန၏ ညွှန်ကြားချက်ရမှာသာ ပြန်လည် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားကြသည်။
ထိုသို့ ရုပ်ရှင်ရုံများကို ယာယီပိတ်ရမည် ဖြစ်ခြင်းကြောင့် လတ်တလော မတ်လအတွင်း ၁ ရက် ဝင်ငွေ အခြေအနေများ အရ လူ ၁၀၀ ဝန်းကျင်ဆံ့ ရုပ်ရှင်ရုံ တရုံသည် တရက်လျှင် ကျပ် သိန်း ၂၀ ခန့်နှင့် လူ ၄၀၀ ဝန်းကျင်ဆံ့ ရုပ်ရှင်ရုံတရုံသည် ကျပ် သိန်း ၆၀ ကျော် ဆုံးရှုံးရနိုင်ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ကိုရိုနာကြောင့် ရုပ်ရှင်ရုံတွေ ပိတ်တဲ့အပေါ် ထုတ်လုပ်သူတွေရဲ့ အမြင်
“ကိုရိုနာကြောင့် ရုပ်ရှင်ရုံတွေ ပိတ်မယ်ဆို လိုက်နာသင့်တယ်”လို့ ဒါရိုက်တာ စတီးလ် ပြော
“ရုပ်ရှင်ရုံကနေ ကူးသွားရင် ရုပ်ရှင်သမားတွေကို မကြည်မလင် ဖြစ်လိမ့်မယ်”