ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ရေး ကန့်သတ်ချက်အဖြစ် ဝေဖန်မှုများရှိနေသည့် ပုဒ်မ ၅၉(စ) ပြဌာန်းချက် များအာ ပြည်ထောင်စုဝန်ကြီးများနှင့် ဝန်ကြီးချုပ်များအထိ ကန့်သတ်ရန် တပ်မတော်၏ ပြင်ဆင်ချက်အား ယနေ့ မဲခွဲရာတွင် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမကျော်ဘဲ ရှုံးနိမ့်ခဲ့သည်။
ယင်းအပြင် ကြံ့ခိုင်ရေးပါတီက တင်သွင်းသည့် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များအား သမ္မတ အတည်ပြုခန့်အပ် ခွင့်ကို ပယ်ဖျက်ကာ သက်ဆိုင်ရာ လွှတ်တော်ကသာ ဆုံးဖြတ်ခန့်အပ်ရန် ပြင်ဆင်ချက်မှာလည်း ထောက်ခံမဲ ၂၃၉ မဲသာ ရရှိကာ ရှုံးနိမ့်ခဲ့သည်။
ယင်းပြင်ဆင်ချက် ၂ ခုသည့် ချိတ်ဆက်မှုရှိနေပြီး ကြံ့ခိုင်ရေးပါတီမှ ဦးသိန်းထွန်းက ဝန်ကြီးချုပ်များအား သက် ဆိုင်ရာလွှတ်တော်က ခန့်အပ်ခွင့်အတွက် တင်သွင်းသော်လည်း တဖက်တွင် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ဝန်ကြီးချုပ်များ၏ အရည်အချင်းတွင် ၅၉(စ)ပါ ပြဌာန်းချက်များဖြင့် ဖြည့်စွက် ကန့် သတ်ရန် တင်သွင်းခဲ့ခြင်းဖြစ်သည်။
NLD ပါတီမှ ဦးထွန်းထွန်းဟိန် တင်သွင်းသည့် ပြည်ထောင်စုဝန်ကြီးများ အသက်ကန့်သတ်ချက်အား ၃၅ နှစ်သို့ လျော့ချရန်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများ ပါတီတာဝန်ဆောင်ရွက်ခွင့်ရရန် ပြင်ဆင်ချက်များမှာလည်း ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် ရှုံးနိမ့်ခဲ့သည်။
ယနေ့မဲခွဲမှုတွင် လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ ၆၅၄ ဦးရှိသည့်အနက် ၆၃၁ ဦးတက်ရောက်ကာ မဲပေးခဲ့ကြ ခြင်းဖြစ်သည်။
ယနေ့မဲခွဲခဲ့သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၈ ခုသည် ပုဒ်မ ၄၃၆(ခ)နှင့် အကျုံးဝင်သည့် ပုဒ်မျများဖြစ်ပြီး ကိုယ်စားလှယ် စုစု ပေါင်း၏ ၇၅ ရာခိုင်နှုန်းကျော်ဖြစ်သည့် ထောက်ခံမဲ ၄၉၁ မဲရယုံဖြင့် တိုက်ရိုက်ပြင်ဆင်နိုင်မည်ဖြစ်သည်။
ပုဒ်မ၊ ပုဒ်မခွဲ တခုချင်း၏ မဲရလဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
You may also like these stories:
ဘယ်သူ ကန့်ကွက်တယ်၊ ဘယ်သူ ထောက်ခံတယ်ဆိုတာ သမိုင်း မှတ်တမ်းအဖြစ် ကျန်ရစ်ခဲ့မှာ
ဖွဲ့စည်းပုံပြင်ဆင်ရေး ဖြစ်နိုင်ချေ သော့ချက် ၂ ချက်