မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) က ပုံမှန် ပြေးဆွဲနေသော ရန်ကုန်-စင်ကာပူ ခရီးစဉ်များထဲမှ ညနေပိုင်း ခရီး စဉ် ၂ ကြိမ်ကို မတ်လ ၁၉ ရက်မှ ၃၁ ရက်အထိ ရပ်နားလိုက်ကြောင်း သတင်း ထုတ်ပြန်လိုက်သည်။
ထိုရပ်နားလိုက်သည့် ခရီးစဉ်များမှာ UB003 ရန်ကုန်-စင်ကာပူနှင့် UB004 စင်ကာပူ- ရန်ကုန် ညနေပိုင်း လေယာဉ်ခရီးစဉ် များ ဖြစ်ကြောင်း သိရသည်။
ထိုကြောင့် MNA လေကြောင်းလိုင်းသည် ရန်ကုန်- စင်ကာပူ UB001 နှင့် စင်ကာပူ- ရန်ကုန် UB 002 အစရှိသည့် မနက် ပိုင်းနှင့် နေ့လယ်ပိုင်း ခရီးစဉ်များကိုသာ နေ့စဉ် ပြေးဆွဲတော့မည် ဖြစ်သည်။
MNA မှာ ယခင် ရန်ကုန်-စင်ကာပူ အသွားအပြန် လေယာဉ်ခရီးစဉ်များကို တနေ့လျှင် ၄ ကြိမ်ဖြင့် နေ့စဉ် ပြေးဆွဲပေးနေ သည့် လေကြောင်းလိုင်း တခု ဖြစ်သည်။
လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့နိုင်ငံအနှံ့၌ ကူးစက်ပျံ့ပွားမှုများ ဖြစ်ပေါ်နေသည့်အတွက် ခရီးသွားဦးရေ ကျဆင်းလာ ပြီး၊ ပြည်တွင်း ပြည်ပလေကြောင်းလိုင်းတချို့မှာ ခရီးစဉ်များ ပြေးဆွဲမှု လျော့ချခြင်း၊ ရပ်နားခြင်းများ လုပ်ဆောင်လျက် ရှိ ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန် –
နိုင်ငံပိုင် လေကြောင်း (MNA) စင်ကာပူကို ပျံသန်းပြေးဆွဲမည်