• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တက္ကသိုလ်စာမေးပွဲများ၌ ဖြေသူများကြား ၃ပေ ခြားမည့် ညွှန်ကြားချက် ဝေဖန်ခံနေရ

by ဇင်လင်းထက်
17 March 2020
in သတင်း
A A
ရန်ကုန်တက္ကသိုလ်(ပင်မ)ရှိ တက္ကသိုလ် စာကြည့်တိုက်   / ထက်ဝေ / ဧရာဝတီ

ရန်ကုန်တက္ကသိုလ်(ပင်မ)ရှိ တက္ကသိုလ် စာကြည့်တိုက် / ထက်ဝေ / ဧရာဝတီ

18.7k
VIEWS
Share on FacebookShare on Twitter

အဆင့်မြင့်ပညာကဏ္ဍရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်နှင့် ကောလိပ်များ၏ စာမေးပွဲကာလအတွင်း လိုက်နာ ဆောင်ရွက် ရမည့် ပညာရေးဝန်ကြီးဌာန၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ညွှန်ကြားချက်သည် လက်တွေ့ မဆန်ဟု တက္ကသိုလ် ဆရာ၊ ဆရာမအချို့ ဝေဖန် ပြောဆိုကြသည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ ပထမနှစ်ဝက် စာမေးပွဲများကို မတ်လ ၁၈ ရက်တွင် စတင်မည် ဖြစ်ပြီး ပညာရေး ဝန်ကြီးဌာနက အဆိုပါ ညွှန်ကြားချက်ကို မတ်လ ၁၆ ရက်ကမှ တနိုင်ငံလုံးရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကော လိပ်များ၊ အစိုးရ စက်မှုလက်မှု သိပ္ပံနှင့် အစိုးရ နည်းပညာ အထက်တန်းကျောင်းများသို့ ကြေညာလိုက်ခြင်း ဖြစ်သည်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
16
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
18
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
27

အဆိုပါ ညွှန်ကြားချက်တွင် လိုက်နာ ဆောင်ရွက်ရမည့် အချက် ၉ ချက် ပါဝင်သည်။

ဖျားခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း စသည့် ရောဂါ လက္ခဏာများ ခံစားနေရသူများကို နှာခေါင်းစည်း (Surgical Mask) များ တပ်ဆင်ကာ စာမေးပွဲ ဖြေဆိုစေခြင်း သို့မဟုတ် သီးခြားနေရာများ သတ်မှတ်ကာ စာ မေးပွဲ ဖြေဆိုစေခြင်းများ ပြု လုပ်ရန် ညွှန်ကြားထားသည်။

ထို့ပြင် Hand Gel များ၊ နှာခေါင်းစည်းများ၊ ရေနှင့် ဆပ်ပြာများ အလုံအလောက်ထားကာ စနစ်တကျ အသုံးပြုရေးကြီးကြပ် ဆောင်ရွက်ရန် အပါအဝင် စာမေးပွဲခန်းရှိ စာဖြေစားပွဲများကို အနည်းဆုံး ၃ ပေ ခွာ၍ ဖြေဆိုရန်လည်းဝန်ကြီး ဌာန၏ ညွှန် ကြားချက်တွင် ပါရှိသည်။

ပညာရေး ဝန်ကြီးဌာန၏ ဗိုင်းရပ်စ် ကာကွယ်ရေး ညွှန်ကြားချက်သည် လက်တွေ့ မဆန်ဘဲ မြေပြင်တွင် အတိအကျ ဆောင်ရွက်ရန် ခက်ခဲနိုင်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (MTF) ၏ အဆင့် မြင့်ပညာကဏ္ဍ အတွင်းရေးမှူး ဒေါက်တာ ဇော်မျိုးလှိုင်က မှတ်ချက်ပေးသည်။

“၃ ပေ ခြားဆိုတာ လူကြားကောင်းအောင် လျှောက်ရေးနေတာ။ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု ၎င်းက ဝေဖန် သည်။

စာဖြေခုံ တခုနှင့် တခုကြား ၃ ပေခြား ပေးရမည်ဆိုပါက လက်ရှိ အသုံးပြုနေသော စာဖြေခန်း၊ စာဖြေခုံနှင့် စာ မေးပွဲခန်း စောင့်ရမည့် ဆရာ၊ ဆရာမ ဝန်ထမ်း အင်အားကို နှစ်ဆတိုးရမည် ဖြစ်ကြောင်း ဒေါက်တာ ဇော်မျိုးလှိုင်က ပြောသည်။

ထိုသို့ နှစ်ဆတိုးရန် အတွက် ဆရာ၊ ဆရာမ ဝန်ထမ်း အင်အားမှာလည်း လုံလောက်မှု မရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ဒေါက်တာ ဇော်မျိုးလှိုင်က “နောက်ပြီး ကြေညာတာက မနေ့က ကြေညာတယ်။ စာမေးပွဲက မနက်ဖြန် ဖြေမယ်။ ၄၈ နာ ရီအတွင်း ခုံတွေကို ခွဲဖို့က မဖြစ်နိုင်ပါဘူး။ ပြီးရင် စာမေးပွဲ ဖြေဆိုသူတွေရဲ့ စာရင်းတွေ အချိန်ဇယားတွေ ပြန်ပြောင်းရ မယ်။ အဲဒါက မဖြစ်နိုင်ပါဘူး” ဟု မှတ်ချက်ပေးသည်။

ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်တခု၏ ပါမောက္ခချုပ် တဦးကလည်း ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များတွင် စာဖြေခုံတခုနှင့် တခု ၃ ပေခြားရမည် ဆိုသည့် အချက်က လွဲလျှင် ကျန်သည့် အချက်များကို လိုက်နာနိုင်သည်ဟု ဧရာဝတီသို့ ပြောဆိုသည်။

“ကျနော်တို့ လိုက်နာလို့ ရတာတွေ လိုက်နာရမှာပေါ့။ စာမေးပွဲက မနက်ဖြန် ရှိတယ်လေ။၂၆ ရက်အထိ ၇ ရက် ဖြေရ မှာပေါ့။ သူက ခုံတွေကို ၃ ပေ အကွာစီ ပါတို့ ဘာတို့။ ကျနော်တို့ အဲဒါတွေ မလိုက်နာနိုင်ဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ၎င်း တာဝန်ယူထားသည့် တက္ကသိုလ်၌ ကျောင်းသား ကျောင်းသူ ၈၀၀၀ ကို မနက်ပိုင်းနှင့် ညနေပိုင်း နှစ် သုတ်ခွဲကာ စာသင်ခန်း ၅၀ ၌ တခန်းလျှင် လူဦးရေ ၈၀ နှုန်းဖြင့် စာမေးပွဲ ဖြေဆိုနိုင်ရန် စီစဉ်ထားကြောင်း၊ စာဖြေခန်း ၁ ခန်းလျှင် ဆရာနှစ်ဦးက စာမေးပွဲခန်းကို ကြီးကြပ်မည် ဖြစ်ကြောင်း ပြောသည်။

ပဲခူးတိုင်းအတွင်းရှိ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် တခုမှ ပါမောက္ခချုပ်က “သူပြောတဲ့ အတိုင်းဆိုရင် စာသင်ခန်းတွေ ဒီ ထက် ထပ်ခွဲရမယ်။ စာသင်ခန်းတွေ ပိုတိုးရမယ်။ ကျနော်တို့ဆီမှာ ဆရာ၊ ဆရာမ ဝန်ထမ်း အင်အား ၃၀၀ ပဲရှိတယ်။ အခန်း စောင့်တဲ့ ဆရာ၊ ဆရာမတွေ ပိုထည့်ရမယ်။ အဲဒါတွေ ကျနော် မထည့်နိုင်တော့ဘူး။ ” ဟု ပြောပြသည်။

လက်ရှိတွင် ၎င်းတို့ တက္ကသိုလ်၌ စာဖြေခန်းတခန်းလျှင် တဦးနှင့်တဦးကြား အရှေ့အနောက်အကွာအဝေးကို ၆ လက်မ ကျော်သာ ခွာပေးထားကြောင်း အဆိုပါ ပါမောက္ခချုပ်က ဆက်လက်ပြောဆိုသည်။

MTF ၏ အဆင့်မြင့်ပညာ ကဏ္ဍ အတွင်းရေးမှူး ဒေါက်တာ ဇော်မျိုးလှိုင်ကမူ ကျောင်းသားများသည် စာမေးပွဲ လာဖြေပါက လူကြပ်သည့် ဘတ်စ်ကားများကို စီး၍ စာမေးပွဲ လာဖြေရနိုင်ကြောင်း၊ ဘတ်စ်ကားပေါ်တွင် ကျောင်းသားများကို ဗိုင်းရပ်စ် ကူးပြီး စာမေးပွဲခန်းများမှတဆင့် ကူးစက်မှု ဆက်ဖြစ်ပါက ဗိုင်းရပ်စ်ပြန့်ပွားမှု ထိန်းချုပ်ရ ခက်ခဲမည်ကို စိုးရိမ်မိကြောင်း ပြောဆိုသည်။

ထို့ကြောင့် ပညာရေးဝန်ကြီးဌာန အနေဖြင့် တတ်နိုင်လျှင် စာမေးပွဲကာလကို ရွှေ့ဆိုင်းသင့်ကြောင်း မှတ်ချက် ပေးသည်။

ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သည် သင့်လျော်ပြီး စာမေးပွဲများကို မရွှေ့ဆိုင်းသင့်ဟု ယူဆသူ အချို့လည်း ရှိ သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဗိုင်းရပ်စ် ဖြစ်ပွားသူလည်း မရှိသေးသဖြင့် အလွန်အကျွံ မစိုးရိမ်ဘဲ စာမေးပွဲ ဆက်လက် ကျင်းပ သင့်ကြောင်း၊ စာမေးပွဲကို ရွှေ့ဆိုင်းလိုက်ပါက စာသင်ကာလ ပိုမိုကြာသွားနိုင်ကြောင်း ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ စာရင်းအင်း ပညာ စတုတ္ထနှစ် ကျောင်းသား ကိုညီညီမင်းထက်က မှတ်ချက်ပေးသည်။

ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်နှင့် ပညာရေးဝန်ကြီးဌာန၏ ကြေညာချက်များ အတိုင်း လူတဦးချင်း ထိန်းသိမ်း ဆောင်ရွက်ပါက ဗိုင်းရပ်စ်အန္တရာယ်ကို ကာကွယ်နိုင်မည်ဟု ထင်ကြောင်း ၎င်းက ဆိုသည်။

ပညာရေး ဝန်ကြီးဌာန၏ ဗိုင်းရပ်စ် ကာကွယ်ရေး ညွှန်ကြားချက်နှင့် ပတ်သက်၍ မေးမြန်းရန် ပညာရေး ဝန်ကြီးဌာန အောက်ရှိ၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။

ဗိုင်းရပ်စ် ပြန့်ပွားမှုကို ကူးစက်မြန် ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ကြေညာပြီး နောက်တွင် နိုင်ငံ တော် သမ္မတရုံးကလည်း လူစုလူဝေးပွဲများကို ဧပြီလ ၃၀ ရက်အထိ မလုပ်ရန် မတ်လ ၁၃ ရက်တွင် ကြေညာချက် တစောင် ထုတ်ထားသည်။

လက်ရှိတွင် အချို့သော တက္ကသိုလ်များသည် ဗိုင်းရပ်စ် အန္တရာယ်ကာကွယ်ရန်အတွက် စာမေးပွဲများကို ရွှေ့ဆိုင်းကြောင်း ကြေညာထားသည်။

မြန်မာနိုင်ငံ ရေကြောင်း ပညာတက္ကသိုလ်ကလည်း ပထမနှစ်ဝက် စာမေးပွဲများကို ရွှေ့ဆိုင်းထားပြီး မေလ ၇ ရက်တွင် ပြန် လည် ကျင်းပမည်ဟု ကြေညာထားသည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကလည်း စာမေးပွဲများ ရွှေ့ဆိုင်းပေးရန် ပညာရေး ဝန်ကြီးထံ မတ်လ ၁၇ ရက် တွင် ကြေညာချက် ထုတ်ပြန်တောင်းဆိုထားသည်။

You may also like these stories:

MNA လေကြောင်း ရန်ကုန်- စင်ကာပူ ညနေပိုင်းခရီးစဉ်များ ရပ်နား

တည်ဆဲဥပဒေချိုးဖောက်သည်ဟုဆိုကာ အာရှရန်ကုန်ဘဏ်ကို လိုင်စင်ရုပ်သိမ်း

အောင်ရဲထွေး သေဆုံးမှု အပြစ်မရှိကြောင်း တရားစွဲခံရသူ ၃ ဦး ငြင်းဆို

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်စာမေးပွဲပညာရေးဝန်ကြီးဌာန
ဇင်လင်းထက်

ဇင်လင်းထက်

ဧရာဝတီ

Similar Picks:

၂၀၁၅ ခုနှစ်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ‘ဝ’ ဒေသ၊ ပန်ဆန်းမြို့ရှိ စာသင်ကျောင်းတကျောင်းမှ ကလေးငယ်များ

မြန်မာပြည်ပညာရေးနှင့် ဖက်ဒရယ်စနစ်

by Ashley South
26 February 2022
6.2k

တိုင်းရင်းသားပညာရေးကို ထောက်ခံပံ့ပိုးခြင်းသည် ငြိမ်းရေးတည်ဆောက်ရာတွင်လည်း အရေးပါသည်

NUG အစိုးရ ဒုတိယ ပညာရေးဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်း / ဧရာဝတီ

ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒကို မူကြမ်းရေးဆွဲထားပြီ

by နိုရာ
27 February 2023
9.2k

NUG အစိုးရ ဒုတိယ ပညာရေးဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက သပိတ်မှောက်ကျောင်းသားများ၏ ပညာရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးရန် စီမံကိန်းများအကြောင်း ဧရာဝတီသတင်းဌာနနှင့် ဆွေးနွေးခဲ့သည်။

ရန်ကုန်ဘူတာကြီးတွင် တွေ့ရသည့် ခရီးသွားများ  / ထက်ဝေ / ဧရာဝတီ

သင်္ကြန်ပိတ်ရက်ရှည် ခရီးသွားခြင်းများ မပြုလုပ်ရန် ကျန်းမာရေးဌာန သတိပေး

by သဇင်လှိုင်
20 March 2020
41.1k

သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်များ၌ ခရီးသွားရောက် လည်ပတ်ခြင်းများ မပြုလုပ်ကြရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒု ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။

ငလျင်ကြောင့် ပြန်လည်ဖြေဆိုရမယ့် စာမေးပွဲ (ရုပ်/သံ)

ငလျင်ကြောင့် ပြန်လည်ဖြေဆိုရမယ့် စာမေးပွဲ (ရုပ်/သံ)

by ဧရာဝတီ
28 April 2025
79

ငလျင်ကြောင့် မီးလောင်ပျက်စီးဆုံးရှုံးသွားရတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာတွေအစား အသစ်ပြန်လည် ဖြေဆိုရမယ်လို့စစ်ကောင်စီက သတ်မှတ်လိုက်တာကြောင့် ကျောင်းသား၊ ကျောင်းသူ တွေနဲ့ မိဘတွေမှာ ဝန်ထုတ်ဝန်ပိုးတွေ ဖြစ်စေတယ်လို့ ပြောဆို နေကြပါတယ်။

လယ်တီ ဆရာတော်ကြီး ၏ ရောဂန္တရဒီပနီကျမ်းတွင် ပါဝင်သော အက္ခရာတံဆိ ပ်ပုံတော်  / ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်း

အယူအဆ အလွဲတွေနဲ့ ဝါဒဖြန့်ဖို့ မီဒီယာကို အသုံးမချသင့်

by အောင်သီဟ
4 February 2020
7.8k

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့နိုင်ငံများတွင် ကုသရန် အဖြေမရှာနိုင်သေးသော် လည်း မြန်မာနိုင်ငံတွင်တော့ ကြိုတင်ကာကွယ်ခြင်း နှင့် ပျောက်ကင်းနိုင်မည်ဟူသော နည်းလမ်းအမျိုးမျိုး ထွက်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့်နှစ်က မန္တလေး သင်္ကြန်ပွဲတော် ကျင်းပနေမှုကို တွေ့ရစဉ် / ဇော်ဇော် / ဧရာဝတီ

မန္တလေး သင်္ကြန် ကျင်းပရန် မသေချာ

by ဒီလှိုင်းဝင်း
11 March 2020
8.3k

လတ်တလော ဖြစ်ပွားလျက်ရှိသည့် ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက် ပြန့်ပွားနေမှုကြောင့် မန္တလေး သင်္ကြန်ပွဲတော် ကျင်းပရန် မသေချာဟု မန္တလေးတိုင်း အစိုးရ အဖွဲ့က သိရသည်။

Next Post
ယနေ့ညနေပိုင်းက မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှ တာဝန်ရှိသူများက မီဒီယာများနှင့် တွေ့ဆုံစဉ် / မြတ်ပြည့်ဖြိုး / ဧရာဝတီ

မန္တလေးတွင် သေဆုံးသည့် စောင့်ကြည့် လူနာ ဆေးစစ်အဖြေ မနက်ဖြန်ရမည်

ထိုင်းနိုင်ငံ ဖန်ငခရိုင်အတွင်း အလုပ်သမား မှတ်ပုံတင် သက်တမ်းတိုးရန်အတွက် ကျန်းမာရေး လာရောက် စစ်ဆေးကြသော မြန်မာရွှေ့ပြောင်းလုပ်သားများ / မျိုးမင်းစိုး / ဧရာဝတီ

COVID-19 ကြောင့် ပြည်ပနိုင်ငံသို့ အလုပ်သမားပို့ဆောင်မှု ယာယီရပ်ဆိုင်း

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

7 days ago
5.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
4.8k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate