• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျိုက်ထီးရိုးသို့ ဘုရားဖူးဧည့်သည် လာရောက်မှု ပိတ်ရန် ပြည်နယ်အစိုးရ စီစဉ်နေ

by ဉာဏ်စိုးဝင်း
18 March 2020
in သတင်း
A A
မတ်လ ၁၈ ရက်နေ့က တွေ့မြင်ရသည့် ကျိုက်ထီးရိုးတောင် / ဉာဏ်စိုးဝင်း / ဧရာဝတီ

မတ်လ ၁၈ ရက်နေ့က တွေ့မြင်ရသည့် ကျိုက်ထီးရိုးတောင် / ဉာဏ်စိုးဝင်း / ဧရာဝတီ

47.4k
VIEWS
Share on FacebookShare on Twitter

မွန်ပြည်နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ရှိရာ တောင်ပေါ်သို့ နေ့စဉ်ထောင်ချီသော ပြည်တွင်း၊ ပြည်ပဘုရား ဖူးများ လာရောက်မှုများကို လာမည့် မတ် ၂၁ ရက်နေ့မှ စတင် ပိတ်ထားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

ဦးမြင့်သန်းဝင်းက “ပွဲတော်ကာလကို ရပ်ဆိုင်းတာဖြစ်တဲ့အတွက် တောင်ပေါ်မှာရှိတဲ့ စျေးဆိုင်တွေ၊ ထမင်းဆိုင်တွေကို ရပ်ဆိုင်းလိုက်တာပေါ့၊ ဘုရားဖူးချင်တယ်ဆိုရင်တော့ မိမိအစီအစဉ်နဲ့ သွားဖူးလို့ရတယ်၊ ဒါပေမယ့် တောင်တက်ယာဉ်တို့ ဘာတို့ စီစဉ်ထားမှာ မဟုတ်တော့ဘူး”ဟု ပြောသည်။

RelatedPosts

မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

21 May 2025
864
ရန်ကုန် အလုပ်သမားတွေ ဆန္ဒပြမှု သဘောတူညီမှုရရှိ (ရုပ်/သံ)

ရန်ကုန် အလုပ်သမားတွေ ဆန္ဒပြမှု သဘောတူညီမှုရရှိ (ရုပ်/သံ)

21 May 2025
16
ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

21 May 2025
148

ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် ယင်းကဲ့သို့ လုပ်ဆောင်ရန် စီစဉ်နေခြင်းဖြစ်ပြီး အခြား အခြေအနေ အသေးစိတ်ကိုမူ အတိအကျ မသိရှိရသေးပါ။

ကျိုက်ထီးရိုး ဂေါပကအဖွဲ့ရဲ့ နာယကဖြစ်သူ ဒေါက်တာခင်နိုင်ဦးက “ကျိုက်ထီးရိုးလို နေရာမျိုးက ကားနဲ့ တက်ရတာ၊ လူစုပြီးတော့ တက်ရတာ၊ အကွာအဝေးက တယောက်နဲ့ တယောက် ကပ်ပြီးတော့ တက်ရတယ်၊ တောင်ပေါ်မှာလည်း ပြန်ကြည့်ရင် နေရာကျဉ်းတယ်၊ ကျဉ်းတဲ့အခါကျတော့ ရောက်လာတဲ့ ဘုရားဖူးဧည့်သည် အခြေအနေနဲ့ နေရာနဲ့ ပြန်ပြီ ချိန်ကြည့်ရင် ကျပ်ညပ်နေတဲ့ သဘောရှိတယ်၊ ကျိုက်ထီးရိုးက သေချာပေါက် ထိန်းချုပ်ရမယ့်ပုံစံလို့ ကျနော်တို့ မြင်တယ်”ဟု ပြောသည်။

ကျိုက်ထီးတောင်ပေါ်သို့ ဘုရားဖူး လာရောက်သည့် ပြည်တွင်း၊ ပြည်ပဧည့်သည်များကို တောင်ပေါ် မတက်မီ ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်၍ လုပ်ဆောင်မည်ဖြစ်ပြီး ဘုရားဖူးရန် လာရောက်ခြင်းကို ပိတ်သိမ်းရန် အစီအစဉ် မရှိကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မတ်လ ၁၄ ရက်က ပြောဆိုခဲ့သည်။

ထို့ပြင် ဘုရားရင်ပြင်တော်၊ တောင်တက်ကားများတွင် လူများ ပြည့်နှက်ကာ ကျန်းမာရေးစစ်ဆေးမှုမှာလည်း တိကျ ကောင်းမွန်သော စစ်ဆေးမှုမျိုး မဟုတ်သည့်အတွက် လူစုလူဝေးများ ခွင့်ပြုနေမှုများကို ပြည်သူများဘက်က ဝေဖန်မှု မြင့်တက်ခဲ့သည်။

သို့ဖြစ်ရာ မတ် ၁၆ ရက်နေ့က ကျင်းပသော မွန်ပြည်နယ်လွှတ်တော် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မွန်ပြည်နယ် အစိုးရအနေဖြင့် ကျိုက်ထီးရိုးဘုရားဖူး အစီအစဉ်ကို လည်းကောင်း၊ သထုံ-ညောင်ချောင်း လက်ဝှေ့ပွဲ၊ ဇင်းကျိုက်ဘုရားပွဲ၊ အနင်းကျေးရွာရှိ ဘုန်းကြီးပျံပွဲတော်နှင့် ဆက်စပ်သည့် ဇာတ်ပွဲကပြမှုများ အစရှိသော ပွဲတော်များအား နိုင်ငံတော် သမ္မတရုံး၏ ကြေညာချက်နှင့်အညီ အမြန်ဆုံး ရပ်ဆိုင်းထားသင့်ကြောင်း ဆုံးဖြတ်ခဲ့ခြင်းအပေါ် မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ မတ် ၁၆ ရက်နေ့တွင် အကြောင်းကြားစာ ပေးပို့ခဲ့သည်။

ကျိုက်ထီးရိုးတောင်ပေါ်သို့ မတ် ၁၆ ရက်နေ့က ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည် ၆ ထောင်ကျော်နှင့် နိုင်ငံခြားသား ၁၀၀ ကျော် လာရောက်ခဲ့ကြပြီး မတ် ၁၇ ရက်နေ့က ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည် ၃ ထောင်ကျော် ရှိခဲ့သည်ဟု သိရသည်။

အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID – 19) ကို ကမာ္ဘလုံးဆိုင်ရာ ကပ်ရောဂါ အဖြစ် ကမာ္ဘ့ကျန်းမာရေးအဖွဲ့ (WHO) က မတ် ၁၁ ရက်နေ့တွင် သတ်မှတ်ခဲ့ပြီးနောက် မတ် ၁၃ ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံးကလည်း လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများ၊ ပွဲလမ်းသဘင်( သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ကျင်းပခြင်း အပါအဝင်) များကို ဧပြီ ၃၀ ရက်နေ့ထိ ကျင်းပခွင့်မပြုဘဲ ရပ်ဆိုင်းထားရေးကို သက်ဆိုင်ရာဌာနများသို့ ညွှန်ကြား ထားကြောင်းနှင့် လိုအပ်ပါက ရပ်ဆိုင်းကာလ တိုးမြှင့်သတ်မှတ်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ဆက်စပ်လင့်

ကျိုက်ထီးရိုး ဘုရားဖူး မပိတ်ခြင်းက ကိုရိုနာဗိုင်းရပ်စ်ကို ဖိတ်ခေါ်နေသလား

ကျိုက်ထီးရိုးစေတီ ခြေလျင် တောင်တက်လမ်း ပြန်လည် ဖော်ဆောင်မည်

Your Thoughts …
Tags: ကျိုက်ထီးရိုးဘုရားဖူးမွန်ပြည်နယ်
ဉာဏ်စိုးဝင်း

ဉာဏ်စိုးဝင်း

ဧရာဝတီ

Similar Picks:

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.5k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၂)

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၂)

by မိုးစက်ငြိမ်းချမ်း
6 September 2023
7.2k

တပြည်လုံးအနှံ့တွင် စစ်တိုက်နေရသည့် စစ်ကောင်စီအဖို့ နေရာတခုတွင် အင်အားအလုံးအရင်း စုစည်းပြီး စစ်ဆင်ရေးပြုလုပ်ရန် မဖြစ်နိုင်ပေ။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၃)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၃)

by အေးချမ်းဆု
16 October 2023
7k

PNDF သည် စစ်အာဏာရှင် အပြုတ်တိုက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုကို ရည်မှန်းချက်ထား၏။

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၁)

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၁)

by မိုးစက်ငြိမ်းချမ်း
4 September 2023
6.4k

၂၀၂၃ မိုးရာသီတွင် မယ်စဲ့နှင့် ဖားဆောင်းမြို့နယ်များအတွင်း လေကြောင်းတိုက်ခိုက်မှုများ ပါဝင်သော တိုက်ပွဲကြီးများ နေ့စဉ်ဖြစ်ပွားလာကာ ကရင်နီပြည်နယ်အနှံ့ တိုက်ပွဲများဖြစ်ပွားသည်။

မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့သည် / MSDF

မွန်နှင့် ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့သစ်များ

by ကိုဦး
3 April 2023
20.1k

မွန်နှင့် ပအိုဝ်းလူမျိုးထဲမှ မြန်မာစစ်တပ်ကို လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်ရန် စဉ်းစားဆုံးဖြတ်ကြသူတို့သည် အဖွဲ့အစည်းအသစ်များ ထူထောင်လာကြသည်။

ပွဲဈေးမှ အိုဗာမင်သို့

ပွဲဈေးမှ အိုဗာမင်သို့

by မောင်စူးစမ်း
13 January 2024
821

ဘုရားလည်းဖူး လိပ်ဥလည်း တူးဆိုသော တရားသည် ဘုရားပွဲ ဈေးခင်း ခေတ်၌ အံကိုက် ဖြစ်ခဲ့စေကာမူ ယခုကဲ့သို့ ကွန်ပျူတာ ခေတ်တွင်ကား အံဝင်ဖို့ အလွန် ခဲယဉ်းသွားပေသည်။

Next Post
ယနေ့ပြည်ထောင်စုလွှတ်တော်  / သီဟလွင် / ဧရာဝတီ

တပ်ကပြင်ချင်သည့် ပုဒ်မတခု အနိုင်ရ၊ တပ်သဘောထား မေးခွန်းထုတ်ခံရဖွယ်ရှိ

အဆိုတော် မေလသံစဉ် / ချစ်ပိုး / ဧရာဝတီ

အဘိုးဖြစ်သူ ကျန်းမာရေးကြောင့် ရွှေကြိုပြိုင်ပွဲက နုတ်ထွက်ခဲ့တဲ့ မေလသံစဉ်

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.3k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

2 days ago
2.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate