• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တပ်ကပြင်ချင်သည့် ပုဒ်မတခု အနိုင်ရ၊ တပ်သဘောထား မေးခွန်းထုတ်ခံရဖွယ်ရှိ

by ထွန်းထွန်း
18 March 2020
in သတင်း
A A
ယနေ့ပြည်ထောင်စုလွှတ်တော်  / သီဟလွင် / ဧရာဝတီ

ယနေ့ပြည်ထောင်စုလွှတ်တော် / သီဟလွင် / ဧရာဝတီ

55.7k
VIEWS
Share on FacebookShare on Twitter

အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ယနေ့မဲခွဲရာတွင် ဗိုလ်မှူးချုပ် အောင်စန်းချစ်နှင့် ဦးထွန်းထွန်းဟိန်တို့ တိုက်ဆိုင်စွာ တင်သွင်းခဲ့သည့် ပုဒ်မ ၂၆၂ (က)(၁) မှာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော်လွန်ခဲ့ပြီး ပြင်ဆင်ရန် အနိုင် ရခဲ့သည်။

ယင်းအချက်အား တပ်မတော်ဘက် ပြင်ဆင်ရန် တင်ပြခဲ့သလို ထောက်ခံမဲများပေးခဲ့သည့်အတွက် ပြင်ဆင်နိုင်ခဲ့ သော်လည်း ၎င်းစာသားနှင့် အဓိပ္ပါယ်တူညီသည့် ပြင်ဆင်ချက်များပါဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၆ ခုအား ယမန်နေ့က ၁၇ ရက်နေ့မဲခွဲစဉ်က တပ်မတော်က ကန့်ကွက်ခဲ့သည့်အတွက် ပြင်ဆင်ရန် ရှုံးနိမ့်ခဲ့သည်။

RelatedPosts

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

15 July 2025
156
ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

15 July 2025
152
ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

15 July 2025
49

ထို့ကြောင့် ယင်းအချက်နှင့် ပတ်သက်ပြီး တပ်မတော် သဘောထားရပ်တည်ချက် အပေါ် မေးခွန်းထုတ်မှုများ ရှိလာနိုင်သည်။

အနိုင်ရခဲ့သည့် ပြင်ဆင်ချက်သည် တိုင်းနှင့်ပြည်နယ် ဝန်ကြီးများ ခန့်အပ်ရာတွင် “သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ ထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများ ထဲကဖြစ်စေ” စာသားအား ဖြုတ်ပယ်ရန်ဖြစ်သည်။

ရှုံးနိမ့်ခဲ့သည့် ပုဒ်မ ၆ ခုအား NLD ပါတီမှ ဦးထွန်းထွန်းဟိန်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး နှင့် ဒုဝန်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် ဒုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ဒုစာရင်းစစ်ချုပ် တို့အား ခန့်အပ်ရာတွင် ပြဌာန်းထားသည့် “လွှတ်တော်ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ” စာသားအား ဖြုတ်ပယ်ရန် ပြင်ဆင်ချက်ပင် ဖြစ်သည်။

လက်ရှိအခြေခံဥပဒေအရ အထက်ဖော်ပြပါ ရာထူးနေရာများ ခန့်အပ်ရာတွင် လွှတ်တော်ကိုယ်စားလှယ် အရည် အချင်း ပြဌာန်းချက်များ ဖြစ်သည့် ပုဒ်မ ၁၂၀ ၊ ပုဒ်မ ၁၂၁ တို့နှင့် ကိုက်ညီရန်လိုအပ်ချက်မှာလည်း အတူတူ ပင်ဖြစ်သည်။

အထူးသဖြင့် “လွှတ်တော်ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲက ဖြစ်စေ” စကားရပ်သည့် မည်သူကိုမဆို သတ်မှတ်ချက်ကိုက်ညီပါက ရွေးချယ်ခန့်အပ်နိုင်ရန် ဆိုလိုခြင်းအဓိပ္ပါယ် သက်ရောက် သည့်အတွက် သီးသန့်ထည့်သွင်းပြဌာန်းရန်ပင် လိုအပ်မှုမရှိကြောင်း တွေ့ရသည်။

လက်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့များတွင် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များ နှင့် ရွေးကောက်ခံမဟုတ်သည့် ပြင်ပလူပုဂ္ဂိုလ်များ ဝန်ကြီးနေရာ ရယူထားမှုများ ရှိနေသည်။

ယနေ့မဲခွဲမှုကို တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ် ၆၅၄ ဦးအနက် ၆၂၉ ဦးတက်ရောက်ကာ မဲပေးခဲ့ခြင်းဖြစ် သည်။

မဲခွဲရာတွင် ပုဒ်မ ၄၃၆(ခ)နှင့် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၉ ခုပါဝင်ပြီး ၇၅ ရာခိုင်းနှုန်းကျော် ရလဒ် ဖြစ်သည့် ထောက်ခံမဲ ၄၉၁ မဲ ရရှိပါက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရန်မလိုဘဲ တိုက်ရိုက်ပြင်ဆင်နိုင်သည့် ပုဒ်မများ ဖြစ်သည်။

You may also like these stories:

 

Your Thoughts …
Tags: တပ်မတော်ပုဒ်မ ၂၆၁ဖွဲ့စည်းပုံဦးထွန်းထွန်းဟိန်
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.3k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

by ဧရာဝတီ
22 May 2025
3.3k

ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အတင်း ကြော်ငြာထိုးပြီး မင်းအောင်လှိုင် ပြောနေတာကတော့ သူဟာ သမ္မတ အဖြစ် ရာထူး ဆက်ယူထားဖို့ကို ကြံစည်နေတာပဲ ဖြစ်ပါတယ်။

စွမ်းသေးရဲ့လား

စွမ်းသေးရဲ့လား

by မသီတာ(စမ်းချောင်း)
7 April 2025
3.1k

တပ်ထဲက တပ်မှူး၊ တပ်သား လူစွမ်းကောင်းတွေ လိုနေပါတယ်။

၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ

by ပေါ်ထွန်း
15 January 2022
53.1k

သူများနှင့် မတူသည်က သူသည် အိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။

ဒီအချိန်က ဘုရားထီးသွားတင်နေရမယ့် အချိန်မဟုတ်ဘူး  (ရုပ်/သံ)

ဒီအချိန်က ဘုရားထီးသွားတင်နေရမယ့် အချိန်မဟုတ်ဘူး (ရုပ်/သံ)

by ဧရာဝတီ
12 April 2025
3k

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ၊ သား အောင်ပြည်စုံ၊ သမီး ခင်သိရီသက်မွန် တို့နဲ့အတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာရှိတဲ့ “ရွှေဘုန်းပွင့်” စေတီတော်ကို ဧပြီလ ၁၁ ရက်နေ့က မိသားစုလိုက် ရွှေထီးတော်တင်အခမ်းအနားကျင်းပခဲ့ပါတယ်။

တပ်မတော် စစ်သမိုင်း ပြတိုက်တွင် တွေ့ ရသည့် စစ်ရာထူးခန့်ထားသည့် ဇယား

တပ်မတော် ထိပ်ပိုင်းရာထူး အပြောင်းအလဲ မျိုးဆက်သစ် အရာရှိများ နေရာပေးခံရ

by ထက်နိုင်ဇော်
8 May 2020
169.5k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၅ မှဖြစ်ပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး(မန္တလေး) မဖြစ်မီ စစ်ဦးစီး အရာရှိ ဗိုလ်မှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ တဦးဖြစ်သည်။

Next Post
အဆိုတော် မေလသံစဉ် / ချစ်ပိုး / ဧရာဝတီ

အဘိုးဖြစ်သူ ကျန်းမာရေးကြောင့် ရွှေကြိုပြိုင်ပွဲက နုတ်ထွက်ခဲ့တဲ့ မေလသံစဉ်

ပြင်သစ်ကLouvre ပြတိုက်

တိတ်ဆိတ်ခြောက်ကပ်သွားတဲ့ တချိန်က စည်ကားခဲ့တဲ့နေရာများ

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

7 days ago
8.7k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate