• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သဘာဝပတ် ဝန်းကျင်အရေး လှုပ်ရှားသူ စောသာဘိုးအား တရားစွဲမှု ရုပ်ပေးရန် တောင်းဆို

by ဇူးဇူး
18 March 2020
in သတင်း
A A
သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ စောသာဘိုး / Save the Salween Network / facebook

သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ စောသာဘိုး / Save the Salween Network / facebook

15.9k
VIEWS
Share on FacebookShare on Twitter

ကရင်မြစ်ချောင်း စောင့်ကြည့်ရေးအဖွဲ့ (Karen Rivers Watch) မှ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ စောသာဘိုးအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုမှုအား ခြွင်းချက်မရှိ ရုပ်သိမ်းပေးရန် ကရင် ပြည်နယ် အခြေစိုက် အရပ်ဖက်လူမှုအဖွဲ့အစည်းများက ယနေ့ တောင်းဆိုလိုက်သည်။

စောသာဘိုးအား တရားစွဲဆိုမှုအား ခြွင်းချက်မရှိ ရုပ်သိမ်းရန် ကရင့်ရေးရာကော်မတီ၊ ကရင်သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက်၊ သံလွင်မြစ်ချောင်း ထိန်းသိမ်းရေး ကွန်ရက်၊ လူမှုရေးရာ သုတေသနအဖွဲ့၊ ကရင် အမျိုးသမီး ဒီမိုကရေစီ လှုပ်ရှားမှုအဖွဲ့တို့ အပါအဝင် ကရင်ပြည်နယ် အခြေစိုက် အရပ်ဖက် အဖွဲ့အစည်း ၃၃ ဖွဲ့က ယနေ့ မတ်လ ၁၈ ရက်တွင် သတင်းထုတ်ပြန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

RelatedPosts

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ်  NUG ဝေဖန် (ရုပ်/သံ)

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ် NUG ဝေဖန် (ရုပ်/သံ)

17 July 2025
27
စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

17 July 2025
26
ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

17 July 2025
388

“ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)နဲ့က မဖြစ်သင့်ဘူး။ ဒါ ခြွင်းချက်မရှိ ရုပ်သိမ်းဖို့ လိုတယ်။ ပြီးတော့ ဒီမိုကရေစီ အစိုးရ ဖြစ်တော့ ပြည်သူ့အသံကိုလည်း နားထောင်ဖို့တော့ လိုတယ်။ ဒီမိုကရေစီ စံချိန်စံညွှန်းအရလည်း ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်” ဟု လူမှုရေးရာ သုတေသနအဖွဲ့ တာဝန်ခံ နန်းမြသီတာက ဧရာဝတီကို ပြောသည်။

ဖြစ်စဉ်မှာ မတ်လ ၆ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်မှူးက မြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၅(ခ) အရ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ပြီးနောက် ယင်းည ၉ နာရီတွင် စောသာဘိုး၏ နေအိမ်ကို ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မတ်လ ၆ ရက်နေ့က စောသာဘိုးအား နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးစဉ်က ၎င်းသည် ခရီးလွန်နေကြောင်း၊ ထိုသို့ ဖမ်းဆီးသည့် သတင်းထွက်ပေါ်ပြီးနောက် အိမ်သို့ပြန်မလာတော့ဘဲ ရှောင်နေရာ ယနေ့အချိန်ထိ ၎င်းနှင့် အဆက် အသွယ် မရသေးကြောင်း နန်းမြသီတာက ဆက်လက် ရှင်းပြသည်။

“တကယ်ဆို ခေါ်ယူပြီး သတိပေးလို့ရတယ်။ ညှိနှိုင်းလို့ရတယ်။ ဆွေးနွေးလို့ရတယ်။ မကျေနပ်ရင်လည်း မကျေနပ် ဘူး။ ဒီလိုလုပ်တာဟာ အစိုးရကို ဘယ်လိုဖြစ်စေတယ်။ စသဖြင့် ဒေသခံအချင်းချင်း ပြောလို့ရတယ်လေ။ ဘာကြောင့် ခုလို ပုဒ်မအကြီးကြီးတပ်ပြီး လုပ်ဆောင်တာလဲဆိုတာ ကျမတို့ကို အတွေးပွားစေတယ်” ဟုလည်း ၎င်းက ဆိုသည်။

စောသာဘိုးအား တရားစွဲဆိုမှုသည် ၂၀၂၀ ဇန်နဝါရီ ၁၇ ရက်က မြိုင်ကလေး ဘိလပ်မြေစက်ရုံ ကျောက်မီးသွေး လောင်စာ အသုံးပြုမှုကို ဖျက်သိမ်းပေးရန် ဒေသခံများ၏ မေတ္တာပို့ဆုတောင်းပွဲ ပြုလုပ်ခဲ့ခြင်းနှင့် ဆက်စပ်နေသည်ဟု ကရင်အရပ်ဖက်အဖွဲ့အစည်းများက ယူဆထားသလို ၎င်းတို့၏ ထုတ်ပြန်ချက်တွင်လည်း ထည့်သွင်း ဖော်ပြ ထားသည်။

ယခုဖြစ်စဉ်သည် အစိုးရနှင့် ပြည်သူအကြား ပေါင်းကူးပေးသော အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ လုပ်ရိုးလုပ်စဉ် လုပ် ငန်းများ မဆောင်ရွက်ရဲစေရန် ခြိမ်းခြောက်သည့် အသွင်ဆောင်နေသည့်အပြင် အစိုးရနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်း ၏ ပူးပေါင်းဆောင်ရွက်မှုကို မျက်ကွယ်ပြုပြီး အရပ်ဖက်အဖွဲ့အစည်းနှင့် အစိုးရအကြား ယုံကြည်မှု ပျက်ပြားစေရန် ရည် ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်နေသည်ကို တွေ့ရှိရသည်ဟုလည်း ရေးသားထားသည်။

ကရင်အခြေစိုက် Dragon Youth Network တာဝန်ခံ ခွန်ဝင်းအောင်က “တက်ကြွ ကူညီပေးတဲ့သူကို နည်းနည်း ခြောက်လိုက်တဲ့ပုံစံမျိုး သက်ရောက်သွားတယ်။ ဒီလို ဖမ်းလိုက်ရင် ကျန်တဲ့ ကူညီချင်တဲ့သူတွေ အဖွဲ့အစည်းတွေ နောက်ထပ် ပေါ်မလာအောင် လို့ပဲလားလို့ မြင်မိတယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက စောသာဘိုးသည် ဒေသခံများ အသုံးမပြုရဲ ဖြစ်နေသည့် အမည်းရောင် ရေနမူနာကို ယူပြီး တခြား ဓာတ်ခွဲခန်း၌ စမ်းသပ်သည့်အခါ ထွက်လာသော အဖြေသည် အစိုးရအဖြေနှင့် မတူညီသည့်အပေါ် အစိုးရက စောသာဘိုးကို အကြည်ညိုပျက်စေသည့် ပုဒ်မဖြင့် စွဲသည်ဟုလည်း ကြားသိရကြောင်း ရှင်းပြသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကုန်ပိုင်းက ဘားအံမြို့နှင့် ၇ မိုင်ခန့်အကွာ သံလွင်မြစ် အနောက်ဘက်ခြမ်းတွင် တည်ရှိသည့် ကျောက်မီးသွေး လောင်စာသုံး မြိုင် ကလေး ဘိလပ်မြေစက်ရုံကြောင့် အနီးတဝိုက်ရှိ ကျေးရွာ ၃၀ ခန့်တွင် ရေများ အရောင်ပြောင်းလဲပြီး ငါးအချို့ သေဆုံး ခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ် အစိုးရမှ သောက်သုံး၍ ရပါကြောင်း၊ အန္တရာယ်မရှိကြောင်း သတင်းထုတ်ပြန် ခဲ့သော်လည်း ဒေသခံများဘက်မှ မသောက်ရဲဘဲ ဖြစ်နေသလို ယနေ့အချိန်ထိလည်း ကြောက်စိတ်များရှိနေသေးသည် ဟု ခွန်ဝင်းအောင်က ရှင်းပြသည်။

“အစိုးရရဲ့ သုတေသန စမ်းသပ်ချက်က အရပ်ဖက် လူ့အဖွဲ့အစည်းတွေ ပါဝင်ခွင့် မရှိတဲ့အခါ ရွာသားတွေအနေနဲ့ စိတ်ချ လက်ချ သောက်လို့ရတယ်လို့ မခံစားရဘူး။ အစိုးရအနေနဲ့ ဒေသခံတွေ ယုံယုံကြည်ကြည်နဲ့ စိတ်ကျေနပ် လက်ခံတဲ့ ပွင့်လင်းမြင်သာတဲ့ အဖြေတခုရအောင် ညှိနှိုင်းပြီးမှ ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုတယ်။ မဟုတ်ရင် သံသယစိတ်က ရှိ နေအုံးမှာပဲ” ဟု ၎င်းက ဆိုသည်။

ထို့အတွက် ကရင်ပြည်နယ် အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများကလည်း ရေမည်းပြဿနာကို ခံစားနေရသည့် ဒေ သခံပြည်သူများအား ရေမည်းသုံးစွဲခြင်းဖြင့် အန္တရာယ် ကင်းရှင်းကြောင်းကို ခိုင်လုံသော သက်သေ အထောက်အထား နှင့်တကွ တရားဝင်ရှင်းလင်းပေးရန်၊ အစိုးရနှင့်အတူ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ဒေသခံပြည်သူများ၊ ပညာရှင်များ ပူးပေါင်းပြီး အဖြေတရပ် ဖော်ဆောင်နိုင်မည့် ယန္တရားတခုကို ထူထောင်၍ အတူတကွပူးပေါင်း ဖြေရှင်းရန်ဟူ၍ ယနေ့ ထုတ်ပြန်ချက်တွင် ထည့်သွင်း တိုက်တွန်းထားသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ စောသာဘိုးအား အမှုဖွင့်ခြင်း၊ ညအချိန် ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခြင်းအပေါ် ကန့်ကွက်ရှုံ့ချသလို တရားစွဲမှုကိုလည်း ချက်ချင်းရုပ်သိမ်းပေးရန် ဒို့မြေကွန်ရက်၊ အပြည် ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ရက်နှင့် မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှု နှင့် တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့(MATA) တို့ကလည်း ကြေညာချက်များ ထုတ်ပြန်ထား သည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)တွင် နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက် သည့် ပြစ်မှုကို တဦးတယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများ ပြည်သူ၏ သီးခြားလူစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တခုခုကို ဖြစ်စေရန် အကြံရှိလျှင် (သို့) ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင်ဟု ပြဋ္ဌာန်းထားသည်။

ထိုပြစ်မှုကို ကျူးလွန်သူသည် ၂ နှစ်ထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံ ရမည် ဖြစ်သည်။

You may also like these stories:

Good Morning စက်ရုံ အလုပ်သမားများ ဆန္ဒပြမည်

မန္တလေး၌ ကုန်ဈေးနှုန်း တက်အောင် လုပ်သူများ ပြင်းထန်စွာ အရေးယူမည်

ကိုရိုနာဗိုင်းရပ်စ် သတင်းမှားဖြန့်ချိပါက ထိရောက်စွာ အရေးယူမည်

Your Thoughts …
Tags: စောသာဘိုးပုဒ်မ ၅၀၅(ခ)သဘာဝပတ်ဝန်းကျင်
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

by Ankit K
18 March 2025
10.9k

တရုတ်၏ မြန်မာကို ချဉ်းကပ်ပုံနည်းလမ်းသည် ပါကစ္စတန်နှင့် အခြား BRI နိုင်ငံများဖြစ်သည့် သီရိလင်္ကာနှင့် အာဖရိက နိုင်ငံအများအပြားတွင် လုပ်သည့်နည်းလမ်းကို ထင်ဟပ်နေသည်။

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

by ဇုန်းရိန်
14 May 2025
9.6k

ဤအကူအညီများသည် နေ့စဉ်နှင့်အမျှ သတ်ဖြတ်နေသည့် စစ်ကောင်စီကို ဆက်လက် ထောက်ခံ ကူညီနေသော တရုတ်နိုင်ငံကို အကောင်းမြင်လာအောင် မစွမ်းဆောင်နိုင်ပါ။

ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲနှင့် တရုတ် ဝှက်ဖဲ

ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲနှင့် တရုတ် ဝှက်ဖဲ

by Nectar Gan နှင့် John Liu
21 April 2025
5.2k

အမေရိကန် ပြည်ထောင်စုနှင့် အခြားနိုင်ငံများသည် ထိုသန့်စင်ပြီး သတ္တုများ ရရှိရေးအတွက် တရုတ်၏ ဖြန့်ချိမှုကို မှီခိုနေရသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

by Kannikar Petchkaew
12 May 2025
4.1k

လွိုင်ခမ်းသည် တရုတ်ကုမ္ပဏီ လေးခုအပါအဝင် သတ္တုတူးဖော်ရေး ကုမ္ပဏီများအတွက် စိတ်ဝင်စားစရာ ဖြစ်လာသည်။

ရှမ်းပြည်အာဏာကို ထိန်းချုပ်ထားသော တရုတ်ဩဇာခံ “ဝနီ”

ရှမ်းပြည်အာဏာကို ထိန်းချုပ်ထားသော တရုတ်ဩဇာခံ “ဝနီ”

by Pracha Burapavithi
31 May 2025
3.9k

ဝနီများသည် လုံခြုံရေး စိန်ခေါ်မှုကိုသာမက အများပြည်သူ ကျန်းမာရေး ခြိမ်းခြောက်မှုကိုလည်း ဖြစ်စေသည်။

“ဒီမြေရှားသတ္တုကပဲ ကျနော်တို့ ကြမ္မာဆိုးတွေ ပိုပြီးတော့ ဖန်တီးစေတယ်”

“ဒီမြေရှားသတ္တုကပဲ ကျနော်တို့ ကြမ္မာဆိုးတွေ ပိုပြီးတော့ ဖန်တီးစေတယ်”

by ဧရာဝတီ
28 January 2025
3.8k

သဘာဝပတ်ဝန်းကျင်ရေးရာ ဝါရင့်ပညာရှင် ဦးဝင်းမျိုးသူနဲ့ ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ကိုရဲနည်က ဆက်သွယ်မေးမြန်းထားပါတယ်။

Next Post
“စစ်ဖြစ်လို့ သေရင်တောင် ကိုယ့်ရွာမှာပဲ သေမယ်” (သို့) ပလက်ဝတိုက်ပွဲကြား ပိတ်မိ ချင်း၊ ရခိုင်ရွာသားများ

"စစ်ဖြစ်လို့ သေရင်တောင် ကိုယ့်ရွာမှာပဲ သေမယ်" (သို့) ပလက်ဝတိုက်ပွဲကြား ပိတ်မိ ချင်း၊ ရခိုင်ရွာသားများ

ဆေးခြောက်သုံးစွဲသူတွေဟာ ဆိုရင်လည်း ဆေးခြောက်ပြတ်လပ်မှုမရှိအောင် ကြိုတင်ဝယ်ယူစုဆောင်းနေကြတာပါ

ကိုရိုနာကြောင့် ဆေးခြောက်ဝယ်လိုအားများနေတဲ့ နယ်သာလန်နိုင်ငံ

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.1k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate