မြန်မာနိုင်ငံရှိ နယ်စပ် ဂိတ်ပေါက်များမှ နိုင်ငံခြားသား ဝင်ရောက်ခွင့်အား ယနေ့ (မတ်လ ၁၉) ရက်မှ စတင်ပြီး ယာယီပိတ် သိမ်းကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ကြေညာလိုက်သည်။
နယ်စပ်ဒေသများရှိ နှစ်ဖက်နိုင်ငံတွင်း နေထိုင်သူများအား ကန့်သတ်ခြင်းမဟုတ်ဘဲ ၎င်းတို့အနေဖြင့် လိုအပ်သည့် ကျန်း မာရေးဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ယာယီ ဖြတ်ကျော်ခွင့် ဆက်လက်ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ပါရှိသည်။
လက်ရှိတွင် ထိုင်းနိုင်ငံဘက်မှ နိုင်ငံခြားသားများ ဝင်ရောက်ခွင့်ကို တားမြစ်ထားသည့်အတွက် တာချီလိတ်မြို့တွင် တရုတ် နိုင်ငံသား အများစု ပါဝင်သည့် နိုင်ငံခြားသား ၅၀၀ ကျော် ပိတ်မိနေကြောင်း ဒေသခံတဦးက ပြောသည်။
ကရင်ပြည်နယ်ရှိ မြဝတီ-မဲဆောက် နယ်စပ်ဂိတ်တွင်လည်း နိုင်ငံခြားသား ဝင်ရောက်မှုကို ပိတ်ပင်လိုက်ပြီး ဖြစ်သည့်အပြင် ထိုင်းနိုင်ငံဘက်မှ ပြန်လည် ဝင်ရောက်သူကိုလည်း ကျန်းမာရေး စစ်ဆေးမှုများ တိုးမြှင့်ပြုလုပ်လျက်ရှိကြောင်း ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ပြောသည်။
ဦးဘိုဘိုဝေမောင်က “နယ်စပ်ဂိတ်တွေမှာ ကျန်းမာရေး စစ်ဆေးမှုတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။ နေပြည်တော်က ဆရာဝန်အဖွဲ့ တဖွဲ့လည်း၂ ပတ်ကြာ နေထိုင်ပြီး လာရောက် ဆောင်ရွက်ပေးနေတယ်။ အလုပ်သွားလုပ်ပြီး ပြန်လာတဲ့သူ တွေကိုလည်း မှတ်တမ်း ယူထားတယ်။ မြဝတီမှာရှိတဲ့ နိုင်ငံခြားသားတွေနဲ့ သူတို့ရဲ့လုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံပြီး ပူး ပေါင်း ဆောင်ရွက်တာတွေ ရှိထားပါတယ်။ အခုထိတော့ မြဝတီမှာ စောင့်ကြည့်အဆင့် လူနာ မရှိသေးပါဘူး” ဟု ဆို သည်။
လတ်တလော အခြေအနေအရ မြဝတီဂိတ်နှင့် တာချီလိတ်ဂိတ်တို့အား ယာယီပိတ်ရန် မရှိသေးကြောင်းလည်း သိရသည်။
လက်ရှိတွင် ပြည်ဝင်ခွင့် ဗီဇာ ရရှိထားပြီးသည့် နိုင်ငံခြားသားများ အနေဖြင့် နိုင်ငံအတွင်းသို့ ဝင်/ထွက် သွားလာခြင်းကို ရန် ကုန်၊ နေပြည်တော်၊ မန္တလေး လေဆိပ်များမှတဆင့် စည်းမျဉ်း၊ ဥပဒေများနှင့်အညီသာ သွားလာနိုင်မည် ဖြစ်ကြောင်း လည်း ဝန်ကြီးဌာနက ဆိုထားသည်။
ပြီးခဲ့သည့် မတ်လ ၁၅ ရက်ကလည်း တရုတ်၊ ကိုရီးယား၊ အီတလီ၊ စပိန်၊ ပြင်သစ်၊ ဂျာမနီနှင့် အီရန် နိုင်ငံသားများနှင့် ယင်း နိုင်ငံများ သွားရောက်ပြီး ပြန်လာသူများအား သီးသန့်ထားရှိကာ စောင့်ကြည့်မည့် အစီအစဉ်ကိုလည်း ထုတ်ပြန်ထားသည်။
မြန်မာအစိုးရအနေဖြင့် ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ကာကွယ်ထိန်းချုပ်ရေး အတွက် လူစုလူဝေးဖြင့် ကျင်းပမည့် ပွဲ တော်များနှင့် အခမ်းအနားများ မပြုလုပ်ရန် ပိတ်ပင်ထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံဘက်မှ နိုင်ငံခြားသား ဝင်ရောက်မှု အများဆုံး ဝင်ထွက်ပေါက်များ အနေဖြင့် တာချီ လိတ်၊ မြဝတီ၊ ကော့သောင်း စသည့်ဂိတ်များဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် တရားဝင် ကုန်သွယ်ရေး ဆောင်ရွက်လျက် ရှိသည့် နယ်စပ်ဂိတ် ၁၆ ဂိတ်ရှိကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
COVID-19 ကြောင့် ဈေးဝယ်စင်တာများ ပိတ်သိမ်းရန်မရှိသေး
ထိုင်း – ကယား နယ်စပ်ဂိတ်များ သွားလာခွင့်ပိတ်
ကျိုက်ထီးရိုးသို့ ဘုရားဖူးဧည့်သည် လာရောက်မှု ပိတ်ရန် ပြည်နယ်အစိုးရ စီစဉ်နေ