• English
Monday, July 14, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တက္ကသိုလ်စာမေးပွဲများ ဖြေဆိုသူ ကျောင်းသား ၉၀ ရာခိုင်နှုန်းရှိ

by ဇင်လင်းထက်
19 March 2020
in သတင်း
A A
ရန်ကုန်တက္ကသိုလ်အတွင်း သွားလာနေကြသည့် ကျောင်းသားကျောင်းသူများ / ထက်ဝေ / ဧရာဝတီ

ရန်ကုန်တက္ကသိုလ်အတွင်း သွားလာနေကြသည့် ကျောင်းသားကျောင်းသူများ / ထက်ဝေ / ဧရာဝတီ

8.5k
VIEWS
Share on FacebookShare on Twitter

တက္ကသိုလ်စာမေးပွဲများ ရွှေ့ပေးရန် တောင်းဆိုမှုများ ရှိခဲ့သော်လည်း မတ်လ ၁၈ ရက်တွင် စတင်ကျင်းပသည့် တက္ကသိုလ်စာမေးပွဲ၌ ကျောင်းသူ၊ ကျောင်းသား ၉၀ ရာခိုင်နှုန်းခန့် စာမေးပွဲ လာရောက် ဖြေဆိုကြကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောကြားသည်။

“COVID-19 ကြောက်တဲ့ အချိန်မှာ ဖြေချင်တဲ့ သူဖြေ။ မဖြေချင်တဲ့သူ နောက်စာမေးပွဲမှာဖြေ။ Two Way လုပ်ပေး ထားတာ။ အများဆန္ဒကို လုပ်ပေးတာ။ ဒါပေမယ့် စာမေးပွဲကို ၉၀ ရာခိုင်နှုန်းကျော်ဖြေတယ်။ ဟို ဘက်မှာ ဖြေမယ် ဆိုတဲ့သူက အနည်းစုပဲ” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောသည်။

RelatedPosts

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

14 July 2025
1.5k
သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

13 July 2025
222
ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
127

ရန်ကုန် အပါအဝင် အချို့မြို့များရှိ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားအချို့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မည်ကို စိုးရိမ်သဖြင့်ဟု ဆိုကာ စာမေးပွဲများ ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုကြောင့် လက်ရှိ ကျင်းပ နေသည့် တက္ကသိုလ်စာမေးပွဲကို မဖြေလိုသူများ အတွက် လာမည့် ဇွန်လတွင် အစားထိုးစာမေးပွဲ စီစဉ်ပေးမည် ဟု ကြေညာထားကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (MTF) ဥက္ကဋ္ဌ ဒေါက်တာစိုင်းခိုင်မျိုးထွန်းကမူ မြန်မာနိုင်ငံ တွင် ဗိုင်းရပ်စ် ကူးစက်ခံထားရသူ မရှိသေးသဖြင့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် လက်ရှိ ကျင်းပနေသည့် စာမေးပွဲကို ဖြေဆို ထားသင့်ကြောင်း ပြောဆိုသည်။

စာမေးပွဲများ ဖြေဆိုပြီးပါက တက္ကသိုလ်၊ ကောလိပ် နှင့် ဒီဂရီကောလိပ်များ အားလုံး ကျောင်း ၂ လခန့်ပိတ်မည် ဖြစ်သဖြင့် လူစုလူဝေးကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဇွန်လရောက်မှ ရောဂါဖြစ်လာရင် ပိုဆိုးမှာလေ။ လောလောဆယ် ရောဂါမတွေ့ခင်မှာ ကျင်းပတာက သဘာဝကျတယ်။ ပိုကြန့်ကြာသွားနိုင်တာပေါ့။ တို့တွေလည်း ကျောင်း ၃၊ ၄ နှစ် ပိတ်တာ ကြုံခဲ့ရတာပဲ။ ဘယ်လိုမှ ပျော်စရာ မကောင်းပါဘူး။ ကိုယ့်ဘဝ နစ်နာတာပေါ့” ဟု ဒေါက်တာစိုင်းခိုင်မျိုးထွန်းက မှတ်ချက်ပေးသည်။

သို့သော်လည်း ကျောင်းသားအချို့က စာမေးပွဲရွှေ့ဆိုင်းပေးရန် တောင်းဆိုလာသဖြင့် လက်ရှိ စာမေးပွဲ မဖြေဆိုလိုသူ များအတွက် ဇွန်လတွင် အစားထိုးစာမေးပွဲ ကျင်းပရန် ဝန်ကြီးဌာနက ညွှန်ကြားခြင်း ဖြစ်နိုင် ကြောင်း ၎င်းက သုံးသပ်သည်။

လားရှိုးနည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂကမူ ကျောင်းသူ၊ ကျောင်းသားများ စာမေးပွဲတွင် အခက်အခဲ မရှိ ဖြေဆိုနိုင်ရန် ၎င်းတို့ သမဂ္ဂက တတ်နိုင်သမျှ ကူညီမည်ဟု လူမှုကွန်ရက်မှတဆင့် ကြေညာထားသည်။

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသားသူများအကြား သဘောထားမတူသည့် အုပ်စု ၂ စု ကွဲသွားစေကြောင်း ပဲခူးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ညီညီသွင်က ပြောကြားသည်။

“နှစ်ပိုင်းကွဲနေတယ်ဗျ။ ရောဂါတွေ Out Break မဖြစ်ခင် စာမေးပွဲတွေ မြန်မြန်ဖြတ်ချင်တဲ့ အုပ်စုနဲ့ စာမေးပွဲတွေ ကို Out Break ဖြစ်ပြီး အခြေအနေတည်ငြိမ်မှ စာမေးပွဲ လုပ်မယ့် အဖွဲ့ပေါ့။ အဲဒီလို ၂ စု ကွဲနေတာဗျ” ဟု ၎င်းက ဆိုသည်။

လက်ရှိ စာမေးပွဲများ ကျင်းပနေသည့် ကာလတွင် ရောဂါကူးစက်မှု ဖြစ်လာနိုင်သဖြင့် ရောဂါ အခြေအနေ တည်ငြိမ်မှသာ စာမေးပွဲ ကျင်းပသင့်ကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ စာမေးပွဲနှစ်ခု ကျင်းပမည့် အစီအစဉ်သည် ကောင်းမွန်သည့် နည်းလမ်းဟု မယူဆကြောင်း ကိုအောင်ညီညီသွင်က ပြောသည်။

“အခုကတော့သူတို့က ပြဿနာကို ငြိမ်းအောင်လုပ်လိုက်တဲ့ သဘောပဲဗျ” ဟု ၎င်းက မှတ်ချက်ပေးသည်။

မြန်မာတနိုင်ငံလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ် ၁၅၈ ကျောင်း၏ ပထမနှစ်ဝက် စာမေးပွဲများကို မတ်လ ၁၈ ရက်မှ စတင်ကာ ကျင်းပနေခြင်းလည်း ဖြစ်သည်။ ယမန်နေ့ မတ်လ ၁၈ ရက်တွင် ကျင်းပသည့် တက္ကသိုလ် စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ၃၁၀၆၁၈ ဦးရှိပြီး ပျက်ကွက်သူ ၈၂၉၂ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

စာမေးပွဲ မစတင်မီ မတ်လ ၁၇ ရက်ညက ရန်ကုန်တက္ကသိုလ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်ရန် လူစုလူဝေး ရှောင်ရှားသည့် အနေနှင့် မတ်လ ၁၈ ရက်တွင် ကျင်းပ မည့် စာမေးပွဲများကို ရွှေ့ဆိုင်းပေးရန် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့သို့ ဆန္ဒပြတောင်းဆိုခဲ့သည်။

ယင်း ဆန္ဒပြမှု ဖြစ်ပွားပြီးနောက်တွင် အဆင့်မြင့် ပညာဦးစီးဌာနက လက်ရှိကျင်းပမည့် စာမေးပွဲကို မဖြေ ဆိုလိုသူများ အတွက် ဇွန်လတွင် အစားထိုးစာမေးပွဲ စီစဉ်ပေးရမည်ဟု တက္ကသိုလ်၊ ကောလိပ်နှင့် ဒီဂရီ ကောလိပ် အသီးသီးသို့ ညွှန်ကြားခဲ့ခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် မတ်လ ၁၈ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၁၅၅ ဦးရှိပြီး သံသယလူနာ ၂ ဦးရှိကာ ဗိုင်းရပ်စ် ကူးစက်ခံရသူ မရှိသေးကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကြေညာချက်များအရ သိရသည်။

ဆက်စပ်ဖတ်ရှုရန်

တက္ကသိုလ်စာမေးပွဲများ၌ ဖြေသူများကြား ၃ပေ ခြားမည့် ညွှန်ကြားချက် ဝေဖန်ခံနေရ

Your Thoughts …
Tags: COVID-19ကျောင်းသားစာမေးပွဲတက္ကသိုလ်
ဇင်လင်းထက်

ဇင်လင်းထက်

ဧရာဝတီ

Similar Picks:

တောင်ကုတ်မြို့ဝင် တက္ကသိုလ်ရှိ စစ်တပ်စခန်း AA သိမ်း

တောင်ကုတ်မြို့ဝင် တက္ကသိုလ်ရှိ စစ်တပ်စခန်း AA သိမ်း

by ဧရာဝတီ
7 November 2024
5.4k

တိုက်ပွဲအတွင်း စစ်ကောင်စီသည် Y12 လေယာဉ်ဖြင့် ဗုံးအလုံးရာချီကြဲချနေသောကြောင့် မြို့တွင်း ပိတ်မိနေသည့်မြို့ခံများ ထွက်ပြေးလျက်ရှိကြောင်း

ထိုင်းဗီဇာဖြေလျော့ပြီး အပြောင်းအလဲ ပြုလုပ်

ထိုင်းဗီဇာဖြေလျော့ပြီး အပြောင်းအလဲ ပြုလုပ်

by ဧရာဝတီ
29 May 2024
2.6k

ယခင်က arrival visa သည် ၁၄ ရက်သက်တမ်းရပြီး တလ ထပ်မံ သက်တမ်းတိုးခွင့်ရှိရာမှ ယခုအစီအစဉ်အရ ၂ လ တိုးခွင့်ရခြင်းဖြစ်ကြောင်း

အလွယ်ဆုံး နှင့် အခက်ဆုံး

အလွယ်ဆုံး နှင့် အခက်ဆုံး

by အောင်သင်း
15 March 2025
1.6k

သူ့ ဌာနန္တရ မှာ ဝိသမ အခွင့်အရေးကို ယူမည်ဆိုပါလျှင် ဆူဆူဖြိုးဖြိုးကြီး ရရှိနိုင်သော နေရာမျိုး ဖြစ်ပါသည်။ ပတ်ဝန်းကျင်သည် သူ၏ စာရိတ္တ မဏ္ဍိုင်ကို ယိမ်းယိုင်စေခြင်းငှာ မတတ်နိုင်ခဲ့။

နေပြည်တော်က အခွင့်ထူးခံ တက္ကသိုလ် (ရုပ်/သံ)

နေပြည်တော်က အခွင့်ထူးခံ တက္ကသိုလ် (ရုပ်/သံ)

by ဇော်မြတ်ခန့်
12 September 2024
1k

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Naypyitaw State Academy (NSA) ဟာ နိုင်ငံဝန်ထမ်းသားသမီးတွေကို ဦးစားပေးမှာဖြစ်တယ်လို့ တရားဝင်ကြေညာ ထားပါတယ်။

စုပေါင်း ဘုံဗိမာန်သို့ ခရီး

စုပေါင်း ဘုံဗိမာန်သို့ ခရီး

by အထောက်တော် လှအောင်
25 November 2023
577

စီကာ ပတ်ကုံး မက်တတ်သည့် ဆောင်းတွင်း အိပ်မက် အကြောင်းကို ကျနော် ပြန်တွေးရင်း စိတ်ကူး ယဉ်ယဉ်ဖြင့် ပြုံးမိပါသည်။ ကျနော်ကား ဆောင်းတွင်း အိပ်မက်၏ အရသာကို ခံစားရင်း ကြည်နူး နှစ်သိမ့်လျက်…

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

by စောအောင်ထွန်း
19 May 2025
512

ငလျင်ဒဏ်ခံဒေသများရှိ ကျောင်းသားလူငယ်များသည် အဖြစ်ဆိုးများကြားထဲတွင် ပညာရေးပန်းတိုင်များကို ပြန်လည်အာရုံစိုက်ရန် ရုန်းကန်နေရဆဲဖြစ်သည်။

Next Post
ကရင်နယ်ခြားစောင့်တပ်ဖွဲ့၏ တာဝန်ခံ ဗိုလ်မှူးကြီး စောချစ်သူ / ထက်ဝေ / ဧရာဝတီ

ရောဂါရှိသူတွေ နယ်စပ်ပေါက်ကနေ ဝင်လာမှာ စိုးလို့ ပိတ်လိုက်တာ

ယနေ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး မဲခွဲနေကြစဉ် / သီဟလွင် / ဧရာဝတီ

လွှတ်တော်ကိုယ်စားလှယ် တာဝန်ရုပ်သိမ်းမှု ပုဒ်မ ပြင်ဆင်ခြင်း မအောင်မြင်

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.8k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

5 days ago
3.1k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate