• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

COVID-19 မကူးစက်ရေး ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေးတံတား ယာယီပိတ်မည်

by ကျော်ခ
20 March 2020
in သတင်း
A A
ထိုင်း-မြန်မာ နယ်စပ် အမှတ် ၁ ချစ်ကြည်ရေးတံတား  / ဧရာဝတီ

ထိုင်း-မြန်မာ နယ်စပ် အမှတ် ၁ ချစ်ကြည်ရေးတံတား / ဧရာဝတီ

11.9k
VIEWS
Share on FacebookShare on Twitter

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်နှင့် မြဝတီ မြို့ကူးသန်းသည့် အဓိက တံတားတခုဖြစ်သော အမှတ် ၁ ချစ်ကြည်ရေး တံတားကို မနက်ဖြန် မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းကစ၍ ယာယီပိတ်သွားမည် ဖြစ်ကြောင်း တာခ့်ခရိုင် အုပ်ချုပ်ရေးမှူး က ယနေ့ညနေပိုင်းတွင် အတည်ပြုထားသည်။

တာခ့်ခရိုင် အုပ်ချုပ်ရေးမှူး နိုင်အန်ဆစ် ဆမ်ဖန်ထရတ် ၏ ထုတ်ပြန်အတည်ပြုချက် အရတော့ လူသူ ကူးသန်းနေသည့် အမှတ် ၁ ချစ်ကြည်ရေးတံတားကိုသာ ပိတ်ထားမည်ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်ရေး ကုန်ကားကြီးများ ဖြတ်သန်းနေသည့် အမှတ် ၂ ချစ်ကြည်ရေးတံတားကိုတော့ ဖွင့်ထားဦးမည်ဟု သိရသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
11
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
44
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
241

တကမ္ဘာလုံးကို ကူးစက်ပြန့်နှံ့နေသည့် ကိုရိုနာဗိုင်းရပ်စ် (COVID-19 ) ရောဂါသည် ထိုင်းနိုင်ငံတွင်လည်း တနေ့ထက် တနေ့ ကူးစက်မှု ပိုဆိုးလာပြီးနောက် ထိုင်းအစိုးရက နိုင်ငံအတွင်း ဝင်ပေါက် ထွက်ပေါက်များ ဖြစ်သည့် လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ်ဂိတ်ပေါက်များကို တင်းကြပ်မှု ပြုလုပ်လာခြင်းဖြစ်သည်။

ထိုရောဂါ မပြန့်ပွားရေးအတွက် နှစ်နိုင်ငံ အကြား နားလည်မှုဖြင့် လွန်ခဲ့သည့် ၂ ရက် က မဲဆောက်-မြဝတီ ကူးသန်းနေသည့် ကူးတို့ဂိတ်များ အပါအဝင် ထိုင်း-မြန်မာ နယ်စပ် တကြောတွင် ရှိသည့် ကူးတို့ဂိတ်များ ကို ပိတ်ပင်လိုက်ပြီး ကုန်းလမ်းက ကူးသန်းသည့် တံတားများကိုလည်း ပိတ်ပင်ရန် ဆောင်ရွက်လာခြင်းဖြစ်သည်။

ထို့အတူ လေကြောင်းလိုင်းမှ တဆင့် ထိုင်းနိုင်ငံ အတွင်းသို့ ဝင်ရောက်လာမည့်သူများကိုလည်း ယခုလ ၂၂ ရက်နေ့မှ စတင်ကာ တင်းကျပ်မှုများ ပြုလုပ်ရန် ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လိုပါက ခရီးစဉ်မတိုင်မီ (၇၂) နာရီ အတွင်း ထုတ်ပေးထားသည့် COVID-19 ကင်းစင်ကြောင်း ဆေးလက်မှတ်နှင့် ထိုင်းနိုင်ငံအတွင်း ဆေးဝါးကုသ ခံယူခွင့် အကျုံးဝင်ပြီး အနည်းဆုံး အမေရိကန်ဒေါ်လာ တသိန်း ကုသခံယူခွင့်ရှိသည့် ကျန်းမာရေးအာမခံ တင်ပြရန် လိုအပ်သည်ဟုဆိုသည်။

ထို့အတူ ယခင်နှစ်များက ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအပါအဝင် ရွှေ့ပြောင်း လုပ်သားများကို မဟာ အတာသင်္ကြန်ကာလ မိခင်နိုင်ငံသို့ ပြန်လိုလျှင် ဗီဇာတုံး ထုကြေး အခမဲ့ ခွင့်ပြုပေးရာမှ ယခုနှစ်တွင် ဘတ် ၁ ထောင် ကောက်မည်ဟု ကြေညာခဲ့သည်။

ယင်းသို့လုပ်ဆောင်ချက်သည်လည်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်လို၍ ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း လွန်ခဲ့သည့် ရက်ပိုင်းက ချစ်ကြည်ရေးတံတားအပါအဝင် နှစ်နိုင်ငံ ကူးတို့ဆိပ်များမှတဆင့် နိုင်ငံ အတွင်းသို့ ထောင်နှင့်ချီသော မြန်မာအလုပ်သမားများ ပြန်ဝင်လာခဲ့ကြသည်။

ထိုသို့ အုံလိုက်၊ ကျင်းလိုက် ပြန်ဝင်လာကြသော အလုပ်သမားများကို ကိုရိုဗိုင်းရပ်စ်နှင့် ပတ်သက်သည့် ကျန်းမာရေး စစ်ဆေးမှုများ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဘက်အခြမ်း သတင်းရင်းမြစ်များထံမှ သိရသည်။ ထိုသို့ ပြန်လာသူများထဲမှတဆင့် ဗိုင်းရပ်စ် ကူးစက်မှုဖြစ်မည်ကို စိုးရိမ်နေမှုများလည်း ရှိသည်။

ထိုင်းနိုင်ငံအတွင်းတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ယနေ့မနက်ပိုင်း သတင်း အချို့တွင်တော့ ကူးစက်ခံရသူများ အထဲတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦးပါဝင်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးနှင့် HIV ကဏ္ဍတွင် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးအရာရှိ တဦး၏ လူမှုကွန်ရက်ပေါ် ရေးသားဖော်ပြမှုကို ကိုးကား၍ သတင်းထုတ်ပြန်နေကြသည်ကို တွေ့ရသည်။

ထိုသတင်းနှင့် ပတ်သက်၍ နှစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် သံရုံးနှင့် အလုပ်သမား သံအရာရှိများဘက်ကတော့ ယနေ့ ညပိုင်း အထိအတည်ပြုချက် မရရှိသေးပါ။

ထိုင်းအစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၊ ဈေးဝယ် ကုန်တိုက်များ၊ စားသောက်ဆိုင်များနှင့် စစ်တပ်များထဲသို့ ဝင်ထွက်သူများကို ကိုယ်အပူချိန်တိုင်းတာချင်း လက်ဆေးဂျယ်များ အသုံးပြုစေခြင်း စသည်တို့ကိုစနစ်တကျ လုပ်ဆောင်ပေးနေသည်ကိုတွေ့ရသည်။

ယနေ့ ညပိုင်း အထိ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) ၏ နောက်ဆုံး ထုတ်ပြန်ထားချက်အရ ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၂၁၂ ဦးရှိပြီး သေဆုံး သူ တဦးရှိထားသည်။

Your Thoughts …
Tags: ထိုင်းမဲဆောက်မြန်မာမြဝတီ
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

by ဧရာဝတီ
1 May 2024
24.2k

ယခုအခါ ပိုမိုစိတ်ခြောက်ခြားပြီး ညှာတာမှုကင်းမဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ပတ်ဝန်းကျင်မှ ဝန်ကြီးများ၊ ဗိုလ်ချုပ်များကို အယုံအကြည်မရှိတော့။

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

by စောလွင်
18 April 2024
19.8k

စစ်ရေးပြင်းထန်နေချိန် မြဝတီမြို့ကို လေကြောင်းမှတဆင့် စစ်ကောင်စီသည် ဝင်ရောက်စီးနင်းမည်ဟု မြဝတီလူထုများအကြား သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေသည်။

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.5k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

by ဧရာဝတီ
22 September 2023
16.4k

ယာယီသမ္မတအနေဖြင့် စက်တင်ဘာ ၂၀ ရက်နေ့ကကျင်းပခဲ့သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC) အစည်းအဝေးတွင် ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှူးကြီး ညီညီဦး ၄၄ တပ်မမှူးသစ် ဖြစ်လာ

ဗိုလ်မှူးကြီး ညီညီဦး ၄၄ တပ်မမှူးသစ် ဖြစ်လာ

by ဧရာဝတီ
14 May 2024
15.8k

ဗိုလ်မှူးကြီးစိုးမင်းထက်သည် တပ်မ ၄၄ တပ်မမှူးအဖြစ် ၂ လခန့်တာဝန်ယူပြီးနောက် ဧပြီလတွင် မဲဆောက်-မြဝတီအမှတ် ၂ တံတား အနီးတိုက်ပွဲ၌ ဒဏ်ရာရရှိသွားခဲ့သည့်အတွက် ရာထူးမှအနားပေးကာ ဗိုလ်မှူးကြီးညီညီဦးအား တပ်မမှူးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

by ဧရာဝတီ
3 November 2023
15.6k

ရှမ်းပြည်နယ်မြောက်ပိုင်းကို မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း “၁၀၂၇ စစ်ဆင်ရေး” ဆောင်ရွက်နေသည့် ညီနောင်မဟာမိတ်တပ်များက ဧရာဝတီသို့ ပြောသည်။

Next Post
“စိတ်ဓာတ်ကို အမြင့်ဆုံးထား၊ လုပ်သင့်လုပ်ထိုက်တာကို အသေးအမွှားကစလို့ ဂရုတစိုက်လုပ်” လို့ နှိုးဆော်လိုက်ရပါတယ် / ဧရာဝတီ

ကပ်ဆိုးကြီးထဲ စိတ်ဓာတ်ကို အမြင့်ဆုံးထား

ရန်ကုန်မြို့ရှိ ဈေးဝါးအရောင်းဆိုင် တဆိုင်ကို တွေ့ရစဉ်  / ဧရာဝတီ

COVID-19 ကာကွယ်ရေးဆိုင်ရာ ဆေးပစ္စည်းနှင့် ဆေးဝါး ဈေးအပြောင်းအလဲ ဖြစ်နိုင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate