ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်း ကုလားတန် စီမံကိန်းလမ်းပိုင်းအတွက် ဆောင်ရွက်နေသည့် လုပ် ငန်းခွင်မှ ငွေကျပ်သိန်း ၅၀ ကို ရက္ခိုင် စစ်တပ် (AA) ဘက်မှ လုယူသွားသည်ဟု ချင်းပြည်နယ် အစိုးရအဖွဲ့၊ စည်ပင် ဝန်ကြီး ဦးစိုးထက်က ဧရာဝတီကို ပြောသည်။
ဦးစိုးထက်က “မနေ့ညက ၁၀ နာရီ နောက်ပိုင်းမှာ ၁၅ ယောက်ကို ဖမ်းသွားတာပါ။ ဒီနေ့တော့ ပြန်လွှတ်ပေးလိုက် တယ်ခင်ဗျ။ လွှတ်ပေမယ့် သူတို့က ပိုက်ဆံသိန်း ၅၀ နဲ့ ပစ္စည်းတချို့ကိုတော့ ယူသွားတယ်” ဟု ဆိုသည်။
မတ်၂၂ ရက် ညပိုင်းတွင် ပလက်ဝမြို့ အရှေ့ဘက်ကမ်းရှိ ကုလားတန် စီမံကိန်း ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ AA တပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး အိန္ဒိယနိုင်ငံသား ၅ ဦး အပါအဝင် ဆောက်လုပ်ရေး လုပ်သား ၁၅ ဦးကို ဖမ်းခေါ်သွား ခြင်း ဖြစ်သည်ဟု ဦးစိုးထက်က ပြောဆိုသည်။
မတ်၂၃ ရက် မနက်ပိုင်းတွင် ဆောက်လုပ်ရေး လုပ်သား ၁၅ ဦးကို ပြန်လွှတ်ပေးသော်လည်း ဖမ်းဆီးစဉ်က ယူသွား သည့် ငွေကျပ်သိန်း ၅၀ ကို ပြန်မပေးပါဟုလည်း ၎င်းက ပြောသည်။
ဦးစိုးထက်က “တာဝန်ရှိတဲ့ လူတွေကတော့ နောက်ထပ် အလုပ်တွေတော့ ဆက်လုပ်နေပါသေးတယ်။ ကုလားတန် တံတား စီမံကိန်းမှာတော့ လူတွေ ရှိပါသေးတယ်။ အခု ဖမ်းတာက အိန္ဒိယဆိုဒ် ဇိုရမ်ပူလမ်း ဖောက်တဲ့ဆိုဒ်ပါ။ အဲဒီ ဆိပ်ကမ်းမှာရှိတဲ့ လူတွေကို ခေါ်သွားတာပါ” ဟုလည်း ဆိုသည်။
AA တပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး ခေါ်ဆောင် စစ်ဆေးခြင်းခံရသဖြင့် အိန္ဒိယနိုင်ငံသားများ အပါအဝင် ဆောက်လုပ် ရေး လုပ်ငန်းခွင်မှ ဝန်ထမ်းများမှာလည်း ကုလားတန်မြစ်ကို ကူးပြီး ထွက်ပြေးကာ ပလက်ဝမြို့သို့ သွားရောက် ခိုလှုံ နေသည်ဟုလည်း သိရသည်။
ဦးစိုးထက်က “ကျနော်တို့က စီမံကိန်းကို မြန်မြန်ပြီးစေချင်တယ်။ ဒါပေမယ့် ကြားမှာကို စီမံကိန်းက အနှောင့်အယှက် ပေးခံနေရတော့ ကျနော်တို့အနေနဲ့ကတော့ မဖြစ်စေချင်ဘူး။ဒါက ကျနော်တို့ ဒေသဖွံ့ဖြိုးရေး အတွက် အရမ်း အရေး ကြီးတယ်။ ကျနော်တို့ ချင်းပြည်သူတွေတင် မဟုတ်ပါဘူး။ ရခိုင်ပြည်သူတွေ အတွက်ပါ အရမ်းကို အထောက်အကူ ရမယ့် စီမံကိန်းကြီးပါ။ အဲဒါကြီးကို နှောင့်ယှက်တာ ဖျက်ဆီးတာတို့ မလုပ်သင့်ပါဘူး” ဟုလည်း ပြောသည်။
ကုလားတန် စီမံကိန်း လုပ်ငန်းခွင်၏ လုံခြုံရေးပိုင်းနှင့် ပတ်သက်၍ ဒေသအာဏာပိုင်များ၊ ရဲတပ်ဖွဲ့များမှလုံခြုံရေး ယူ ပေးနိုင်သည့် အနေအထား မရှိသဖြင့် တပ်မတော်၊ လှုပ်ရှား စစ်ကြောင်းများကသာ လုံခြုံရေး ကူညီပေးနေခြင်း ဖြစ် သည်ဟုလည်း ဦးစိုးထက်က ဆိုသည်။
လုပ်ငန်းခွင် တည်ရှိသည့် နေရာသည် AA နှင့် တိုက်ပွဲ ဖြစ်ပွားသည့် တပ်မတော်၊ ခလရ ၂၈၉ တပ်စခန်းနှင့် ၂ မိုင်ခန့် အကွာအဝေးတွင် ရှိသည်။
AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ကုလားတန် စီမံကိန်းလုပ်ငန်း၊ ပလက်ဝမြို့ အရှေ့ ဘက်ရှိ အိန္ဒိယ လုပ်ငန်းခွင်မှ ဝန်ထမ်းများကို ခေတ္တ ခေါ်ဆောင်သွားခဲ့ခြင်းမှာ မှန်ကန်သော်လည်း ငွေကျပ်သိန်း ၅၀ ကို ယူဆောင်ခြင်း မရှိပါဟု ငြင်းဆိုသည်။
ပလက်ဝမြို့ အရှေ့ဘက်ခြမ်းရှိ အိန္ဒိယ ဆိပ်ကမ်း အဆောက်အအုံများထဲတွင် တပ်မတော်ဘက်မှ နေရာယူပြီး ပစ် ခတ်နေသဖြင့် မတ်၂၂ ရက်က AA ဘက်မှ ဝင်ရောက် ပစ်ခတ်ကာ အဆောက်အအုံကို စီးနင်းတိုက်ခိုက်ခြင်း လုပ်ခဲ့ သည်ဟု ဦးခိုင်သုခက ပြောသည်။
“သေနတ်ပစ်တဲ့ နေရာကို သွားရှင်းတာ။ အဲဒီမှာ မြန်မာစစ်တပ်တွေ ပစ်ခဲ့တဲ့ လက်နက်ကျည်ခွံတွေ စစ်သားတွေ နေ ခဲ့တဲ့နေရာတွေ အကုန်လုံး ကျနော်တို့ တွေ့ရတယ်။ အဆောက်အဦးထဲမှာ ရှိတဲ့ လူတွေကို ခဏလေး ခေါ်လာပြီး မေးမြန်း စစ်ဆေးခဲ့တာတွေ ရှိတယ်။ အဲဒီ လူတွေက စစ်ဘက်နဲ့ မသက်ဆိုင်လို့ စစ်ဆေးပြီးတာနဲ့ ကောင်းကောင်း မွန်မွန်ပဲ ပြန်လွှတ်ပေးလိုက်တယ်” ဟုလည်း ဦးခိုင်သုခက ဆိုသည်။
ဆိပ်ကမ်း အဆောက်အအုံအတွင်းသို့ စတင်ဝင်ကတည်းက ရုပ်သံမှတ်တမ်းများ ရိုက်ယူထားသည့် သက်သေ မှတ် တမ်းများ ရှိကြောင်းနှင့် စီမံကိန်း၏ ငွေကျပ် သိန်း ၅၀ ကိုလည်း ယူဆောင်သွားခြင်း မရှိပါဟု ဦးခိုင်သုခက ပြောသည်။
ဆက်လက်ပြီး ၎င်းက “ဝန်ကြီး ဦးစိုးထက်တို့က ကျနော်တို့ကို တောက်လျှောက် နာမည်ဖျက်ဖို့ ကြိုးစားနေတာပဲ” ဟု လည်း ပြောဆိုသည်။
တပ်မတော်နှင့် AA ကြား တိုက်ပွဲကာလ အတွင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကုလားတန် စီမံကိန်း အစိတ်အပိုင်း ဖြစ်သည့် အိန္ဒိယဆိပ်ကမ်းနှင့် ပလက်ဝမြို့ရှိ အိန္ဒိယဆိပ်ကမ်းတို့မှ တပ်မတော် တပ်ဖွဲ့ဝင်များ ဝင်ရောက် စခန်းချပြီး စစ်ရေးတွင် အသုံးပြုနေသည့် နေရာများ ဖြစ်သည်ဟု ဦးခိုင်သုခက ပြောပြသည်။
တိုက်ပွဲဖြစ်နေသည့် ဧရိယာတွင် မည့်သည့်နေရာမဆို ရန်သူဘက်မှ ပစ်ခတ်လာသည့် နေရာဖြစ်ပါက စစ်ရေးအရ ဝင် ရောက် တိုက်ခိုက်မည်သာ ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
ကုလားတန် စီမံကိန်းသည် အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပြည်နယ်၊ မီဇိုရမ်ပြည်နယ်၊ ဇိုရမ်ပူမှ ပလက်ဝမြို့သို့ ကုန်းလမ်း ဖောက်ကာ ကုလားတန်မြစ်ကြောအတိုင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဆိပ်ကမ်းသို့ ကုန်သွယ်ရေး လမ်းကြောင်းဖွင့်ရန် ဆောင်ရွက်နေသည့် စီမံကိန်း ဖြစ်သည်။
စီမံကိန်း ပြီးမြောက် အောင်မြင်ပါက ဇိုရမ်ပူ- ပလက်ဝ- စစ်တွေမှ တဆင့် ဘင်္ဂလားပင်လယ်ကို ဖြတ်ပြီး အိန္ဒိယ အရှေ့ပိုင်း ဒေသ၊ ကာလကတ္တားသို့ ချိတ်ဆက်မည် ဖြစ်သည်။
ပလက်ဝမြို့နယ် ကုလားတန်မြစ်ကြောသည် အိန္ဒိယ၏ ကုန်းတွင်းပိတ် ဒေသများ ပင်လယ်ထွက်ပေါက် ရရှိရေး၊ အိန္ဒိ ယမှ အရှေ့တောင် အာရှဒေသများသို့ ထွက်ပေါက်ရရေး အတွက် အရေးပါသည့် နယ်မြေဒေသ အစိတ်အပိုင်း ဖြစ် သည်။
ကုလားတန် စီမံကိန်း၏ အခြေခံ အဆောက်အအုံနှင့် လမ်းတံတားများ တည်ဆောက်ရေးကို ၃ နှစ်လျာထား တည် ဆောက်နေခြင်း ဖြစ်သော်လည်း ၂၀၁၉ ခုနှစ်မှ စ၍ တပ်မတော်နှင့် AA တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စီမံကိန်း လုပ်ငန်းအချို့မှာ ရပ်တန့်ထားရသည်။
ကုလားတန် စီမံကိန်း၏ နောက်ဆုံးအပိုင်းမှာ ပလက်ဝမှ ဇိုရမ်ပူသို့ ကုန်းလမ်း ဖောက်လုပ်ရန် ဖြစ်ပြီး ဖေဖော်ဝါရီ အတွင်းက သမ္မတ ဦးဝင်းမြင့်၏ အိန္ဒိယခရီးစဉ်တွင်လည်း ထိုလမ်းပိုင်း အမြန်ဆုံး အပြီးသတ် ဆောင်ရွက်နိုင်ရန် နှစ် နိုင်ငံကြား ကတိကဝတ် ပြုခဲ့ကြသည်။
ကုလားတန် စီမံကိန်း၏ အခြေခံ အဆောက်အအုံ၊ လမ်းတံတားများကို ဆောက်လုပ်ရန် ကုန်ကျငွေ အားလုံးကို အိန္ဒိ ယနိုင်ငံမှ တာဝန်ယူ ဆောက်လုပ်နေခြင်း ဖြစ်သည်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ကုလားတန်မြစ်ကြောင်းကို အသုံးပြုပြီး သွားလာနေသည့် ကုလားတန် စီမံ ကိန်းဆိုင်ရာ သင်္ဘောများမှာ သွားလာခွင့်အတွက် AA ကို အကြောင်းကြားရန် လိုအပ်ပြီး အိန္ဒိယဘက်ကလည်း AA တည်ရှိနေမှုကို အသိအမှတ် ပြုရမည်ဟုလည်း ပြောဆိုထားသည်။
ကုလားတန် မြစ်ကြော တလျှောက်ရှိ AA ၏ သြဇာအာဏာကို အိန္ဒိယဘက်မှ အသိအမှတ် မပြုပါက ကုလားတန် စီမံကိန်း အောင်မြင်မည်မဟုတ် ဟုလည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဧရာဝတီကို ပြောဆိုထားသည်။
၂၀၁၉ ခုနှစ် မတ် ၁၆ ရက်က ကုလားတန် စီမံကိန်း အစိတ်အပိုင်း ဖြစ်သည့် ပလက်ဝမြို့ မြစ်ကူးတံတားကြီး တည် ဆောက်ရေး လုပ်ငန်းခွင်အတွက် သံဘောင်များ သယ်လာသည့် သင်္ဘောကို AA က မီးရှို့ဖျက်ဆီးခဲ့သည်။
AA ကို အကြောင်းမကြားဘဲ ဖြတ်သန်းသွားလာသည် ဟုဆိုကာ မီးရှို့ဖျက်ဆီးခဲ့ခြAA တပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး ခေါ်ဆောင် စစ်ဆေးခြင်းခံရသဖြင့် အိန္ဒိယနိုင်ငံသားများ အပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ဝန်ထမ်းများမှာလည်း ကုလားတန်မြစ်ကို ကူးပြီး ထွက်ပြေးကာ ပလက်ဝမြို့သို့ သွား ရောက် ခိုလှုံနေသည်င်း ဖြစ်ပြီး ဖျက်ဆီးခံရသည့် သံ ဘောင်များမှာ ငွေကျပ် ၁ ဒသမ ၀၇၂ ဘီလီယံ တန်ဖိုး ရှိသည်။
၂၀၁၉ ခုနှစ် မတ် ၃၀ ရက်ကလည်း ပလက်ဝ-ဇိုရမ်ပူ လမ်းပိုင်းဖောက်လုပ်နေသည့် ဆုထူးစံကုမ္ပဏီမှ လမ်းလုပ်သား ၈ ဦးကို စစ်ထောက်လှမ်းရေးဟောင်းများဟု စွပ်စွဲကာ ရက်ရှည်ဖမ်းဆီးခဲ့သည်။
ဆုထူးစံ ဝန်ထမ်းများကို ပြန်လွှတ်ပေးပြီးနောက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် ကုလားတန် စီမံကိန်းကို လာလေ့ လာသည့် အိန္ဒိယနိုင်ငံသား ၅ ဦးနှင့် ပလက်ဝ မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကိုလည်း AA က ဖမ်းဆီးဖူးသည်။
ဖမ်းဆီးမှုတွင် ကုလားတန် စီမံကိန်း ဆောက်လုပ်ရေး လုပ်ငန်းပိုင်း ဆိုင်ရာ အကြံပေး မစ္စတာ ဗီနိုဂိုပယ်မှာ အမော ဖောက် သေဆုံးသွားခဲ့သည်။ ကျန် အိန္ဒိယနိုင်ငံသား ၄ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ဦးဝှေ့တင်းကို AA က ၂ လ ခန့် ဖမ်းထားခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
ကုလားတန်မြစ်တလျှောက်မှ ရွာ ၂၀ကျော် တိုက်ပွဲကြောင့် နေရပ်စွန့် ထွက်ပြေး
“ပလက်ဝကို သိမ်းဖို့ ညွှန်ကြားချက် မရှိသေးပါဘူး”
အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ကုလားတန် စီမံကိန်းမှာ အရေးပါလာမယ့် AA (၁)
အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ကုလားတန် စီမံကိန်းမှာ အရေးပါလာမယ့် AA (၂)
အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ကုလားတန် စီမံကိန်းမှာ အရေးပါလာမယ့် AA (၃)