• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မဲဆောက်-မြဝတီနယ်စပ်ပေါက် အဝင်အထွက် ပိတ်ရန် မရှိသေး

by အောင်သီဟ
24 March 2020
in သတင်း
A A
ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားများကို ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်နေစဉ်   / အောင်သီဟ / ဧရာဝတီ

ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားများကို ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်နေစဉ် / အောင်သီဟ / ဧရာဝတီ

28.9k
VIEWS
Share on FacebookShare on Twitter

ထိုင်း- မြန်မာနယ်စပ် ဂိတ်ပေါက်တခု ဖြစ်သည့် မဲဆောက်- မြဝတီ နယ်စပ် ဝင်ထွက်ပေါက်ကို လတ်တလောတွင် ပိတ်ရန် အစီအစဉ် မရှိသေးကြောင်း သိရသည်။

ထိုဂိတ်မှာ ထိုင်းနိုင်ငံဘက်မှ ကုန်ပစ္စည်း စီးဆင်းရန်အတွက်သာ ခွင့်ပြုထားပြီး လူဝင်လူထွက်ကို မတ်လ၂၃ ရက်က စတင် ရပ်ဆိုင်းခဲ့သော်လည်း မြန်မာနိုင်ငံဘက်အနေဖြင့် ရွှေ့ပြောင်းလုပ်သား ဝင်ရောက်မှုကို ဆက်လက် လက်ခံသွားမည် ဖြစ် ကြောင်း မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇအောင်က ပြောသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
92
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
872
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
18

၎င်းက “တကယ်တော့ အခု အခြေအနေအရ ရပ်လိုက်ရမယ့် အခြေအနေပေါ့။ ဒါပေမယ့် ဖြစ်ပေါ်တဲ့ အခြေအနေမှာ ကိုယ့်နိုင်ငံသားတွေ ဖြစ်နေတဲ့အတွက် ဒီလို ပိတ်ဖို့ မရှိသေးပါဘူး။ ဥပမာ- ဝူဟန်မှာ ပိတ်မိနေခဲ့တဲ့ ကျောင်းသားတွေ တောင် ကျနော်တို့ လေယာဉ်နဲ့ သွားခေါ်ခဲ့ ရသေးတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

နယ်စပ် ဖြတ်သန်းသူများကို ကျန်းမာရေး စစ်ဆေးမှုများကိုလည်း အတိအကျ စစ်ဆေးခြင်းများ လုပ်ဆောင်လျက် ရှိပြီး ပြန်လည် ဝင်ရောက်လာသူများထဲမှ ကရင်ပြည်နယ်အတွင်း နေထိုင်သူများကို မြဝတီ၊ ကော့ကရိတ်နှင့် ဘားအံမြို့များ တွင် သီးသန့် စောင့်ကြည့်နေရာများ ဆောင်ရွက်ထားပြီး၊ တခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပြန်မည့်သူများကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အစိုးရနှင့် ချိတ်ဆက် လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

လက်ရှိ အချိန်တွင် မဲဆောက်-မြဝတီ နယ်စပ်ရှိ နယ်စပ်ဂိတ် အားလုံးကို၂ နိုင်ငံစလုံးမှ ပိတ်ထားကြပြီး မြဝတီ အမှတ် ၂ ချစ်ကြည်ရေး တံတား တခုတည်းကသာ မြန်မာနိုင်ငံဘက်က ရွှေ့ပြောင်းလုပ်သားများ ပြန်လည်ဝင်ရောက်မှု လက်ခံပေး လျက် ရှိသည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသော ရွှေ့ပြောင်းလုပ်သားများကို ကရင်ပြည်နယ်အစိုးရက စီစဉ် ထားသော သီးသန့်ကားများဖြင့် ၎င်းတို့ နေရပ်များ ပြန်လည် ပို့ဆောင်ပေးပြီး နေအိမ်အတွင်း ၁၄ ရက် သီးသန့်နေထိုင်ရန် ညွှန်ကြားထားကြောင်း သိရသည်။

ကရင်ပြည်နယ် မြဝတီ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင် က “မနေ့က မတ် ၂၃ ရက် ည ၆ နာရီ ၄၅ မိနစ်မှာ ထိုင်းဘက်ခြမ်းကလည်း တံခါးပိတ်လိုက်သလို၊ ဒီဘက်ခြမ်းကလည်း တံခါးပိတ်လိုက်ပြီး လူဝင်လူထွက် ပိတ်လိုက်တဲ့ သဘော ဖြစ်သွားတယ်ပေါ့။ ဒါပေမယ့် ဒီမနက်ခင်းမှာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာဖို့ ရှိနေတဲ့ ကျနော်တို့ နိုင်ငံ သားတွေ ရှိသလို မနေ့ညကတည်းက ကျနော်တို့ တံတားအမှတ်၂ ရဲ့ မြန်မာဘက်ခြမ်း အယောက် ၅၀ လောက် ကျန်ခဲ့ တာတွေလည်း ရှိခဲ့တယ်” ဟု ပြောသည်။

၎င်းက ဆက်လက်၍ “ကျနော်တို့ကတော့ ဘယ်လိုပဲဆိုဆို ကိုယ့်နိုင်ငံသားကို လက်ခံရမှာပဲလေ။ နောက်ရက်တွေမှာ ထပ်လာနေမယ်ဆိုရင်လည်း ကိုယ့်နိုင်ငံသားတွေ ဖြစ်တဲ့အတွက် နံပါတ် ၁ က လျစ်လျူရှုလို့ မရဘူး။ ကျနော်တို့အနေနဲ့ စီစဉ်ပေးရမှာပဲ” ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၁ ရက်မှ စတင်ကာ မတ် ၂၄ ရက်အထိ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီ ချစ်ကြည်ရေးတံတား အမှတ် (၂) မှ ပြန်လည် ဝင်ရောက်လာသော မြန်မာရွှေ့ပြောင်းလုပ်သား ၁ သောင်း ၇ ထောင်မှ ၂ သောင်းဝန်းကျင်အထိ ရှိကြောင်း သိရသည်။

လတ်တလော ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ရွှေ့ပြောင်းလာသော မြန်မာ အလုပ်သမားအများစုသည် ထိုင်းနိုင်ငံ တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှု မြင့်တက်လာခြင်းကြောင့် မြန်မာနိုင်ငံသို့ ပြန်လာကြခြင်း ဖြစ်ကြောင်း ယနေ့ ဧရာ ဝတီက တွေ့ဆုံမေးမြန်းခဲ့သည့် မြဝတီ အမှတ်၂ ချစ်ကြည်ရေးတံတားမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော အလုပ် သမားများက ပြောပြကြသည်။

ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော ကိုအောင်ပိုင်က “အလုပ်က အချိန်ပို မရှိတာတောင် တော်တော်ကြာပြီ။ ဒါပေ မယ့် ဗိုင်းရပ်စ်ဖြစ်ပြီးနောက်ပိုင်း အခုရက်ပိုင်းမှာ အချိန်ပိုတွေ ပြန်ခေါ်နေတာ။ ဘာကြောင့်လဲမသိဘူး။ ပြန်မှာစိုးလို့တော့ ထင်တာပဲ။ ဒါပေမယ့် အလုပ်သမားတွေက ကြောက်တော့ ပြန်ကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းအလုပ်လုပ်ကိုင်ခဲ့သော ISA ငါးသေတ္တာ စက်ရုံမှ လုပ်ဖော်ကိုင်ဖက် ၆၀ ဦးနှင့် မြန်မာနိုင်ငံကို အပြီး ပြန်လာခြင်း ဖြစ် ကြောင်း ရှင်းပြသည်။

ထိုင်းနိုင်ငံတွင် လက်ရှိအချိန်၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူပေါင်း ၈၀၀ ကျော်ရှိနေပြီး သေဆုံး ၄ ဦးနှင့် ရောဂါ ပျောက်ကင်း သက်သာသွားသူ ၅၇ ဦး ရှိကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်-

ထိုင်းမှ လွှဲပေးသည့် မြန်မာ ၉၂ ဦးတွင် ကိုရိုနာစောင့်ကြည့်လူနာ ၁၁ ဦးတွေ့

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ သောင်းနှင့်ချီ၍ ပြည်တွင်းပြန်ဝင်

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်မြဝတီရွှေ့ပြောင်းလုပ်သားအမှတ်၂ ချစ်ကြည်ရေးတံတား
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

by ဧရာဝတီ
1 May 2024
24.2k

ယခုအခါ ပိုမိုစိတ်ခြောက်ခြားပြီး ညှာတာမှုကင်းမဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ပတ်ဝန်းကျင်မှ ဝန်ကြီးများ၊ ဗိုလ်ချုပ်များကို အယုံအကြည်မရှိတော့။

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

by စောလွင်
18 April 2024
19.8k

စစ်ရေးပြင်းထန်နေချိန် မြဝတီမြို့ကို လေကြောင်းမှတဆင့် စစ်ကောင်စီသည် ဝင်ရောက်စီးနင်းမည်ဟု မြဝတီလူထုများအကြား သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေသည်။

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.5k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ဗိုလ်မှူးကြီး ညီညီဦး ၄၄ တပ်မမှူးသစ် ဖြစ်လာ

ဗိုလ်မှူးကြီး ညီညီဦး ၄၄ တပ်မမှူးသစ် ဖြစ်လာ

by ဧရာဝတီ
14 May 2024
15.8k

ဗိုလ်မှူးကြီးစိုးမင်းထက်သည် တပ်မ ၄၄ တပ်မမှူးအဖြစ် ၂ လခန့်တာဝန်ယူပြီးနောက် ဧပြီလတွင် မဲဆောက်-မြဝတီအမှတ် ၂ တံတား အနီးတိုက်ပွဲ၌ ဒဏ်ရာရရှိသွားခဲ့သည့်အတွက် ရာထူးမှအနားပေးကာ ဗိုလ်မှူးကြီးညီညီဦးအား တပ်မမှူးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
14.8k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

Next Post
ပြည်ထောင်စုလွှတ်တော် / မျိုးမင်းစိုး / ဧရာဝတီ

COVID-19 ကိစ္စ ကာလုံ နှင့် ညှိနှိုင်းရေး အရေးကြီးအဆို တင်ပြခွင့်မရ

ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်ကို ဘယ်လို ကာကွယ်နေသလဲ (ရုပ်/သံ)

ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်ကို ဘယ်လို ကာကွယ်နေသလဲ (ရုပ်/သံ)

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

2 days ago
3.5k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate