• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်ရှိ စက်မှုဇုန်များတွင် အခြေခံ စားသောက်ကုန်များ ရောင်းချပေးရန် စီစဉ်

by မျိုးပပစန်း
25 March 2020
in သတင်း
A A
ဝါးတန်းလမ်း ဆန်ပွဲရုံမှ ဆန်အတင်/ အချလုပ်နေသည့်လုပ်သားများကို မတ် ၂၅ ရက်နေ့က တွေ့ရစဉ်  / ထက်ဝေ / ဧရာဝတီ

ဝါးတန်းလမ်း ဆန်ပွဲရုံမှ ဆန်အတင်/ အချလုပ်နေသည့်လုပ်သားများကို မတ် ၂၅ ရက်နေ့က တွေ့ရစဉ် / ထက်ဝေ / ဧရာဝတီ

62k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့ရှိ စက်မှုဇုန်များတွင် ဆန်၊ ဆီ၊ ဆား စသည့် အခြေခံ စားသောက်ကုန်များကို လက်ကား ဈေးဖြင့်သော်လည်း ကောင်း၊ အကြွေးဖြင့်သော်လည်းကောင်း ရောင်းချပေးရန် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က စီစဉ်နေကြောင်း သိရ သည်။

ကမ္ဘာ့ကပ်ရောဂါ (COVID-19) သည် နိုင်ငံပေါင်း ၁၉၅ နိုင်ငံသို့ ကူးစက်ပြန့်ပွားလျက်ရှိပြီး ယခုအခါတွင် မြန်မာနိုင်ငံတွင် လည်း ပိုးတွေ့လူနာ၂ ဦး ရှိကြောင်း မတ်၂၃ ရက်ညပိုင်းက အစိုးရမှ ထုတ်ပြန်အပြီး ပြည်သူများ စိုးရိမ် ထိတ်လန့်မှု ဖြစ်ပွား ကာ အခြေခံ စားသောက်ကုန်များ ဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်များ ဝယ်ယူစုဆောင်း မှုများ ရှိနေသည်။

RelatedPosts

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

20 May 2025
35
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
552
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
159

ထို့ကြောင့်လည်း ဈေးကွက်အတွင်း၌ ပင်ရင်း ကုန်စည်ဒိုင်များတွင် အခြေခံ စားသောက်ကုန် ဈေးနှုန်းများ မတက်သော် လည်း လက်လီဈေးကွက်အတွင်း ဈေးနှုန်း ကွာဟမှုများ ဖြစ်ပေါ်လျက် ရှိသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ဖွဲစည်းထားသော အထူးလုပ်ငန်းအဖွဲ့ (MRF COVID-19 Emergency Response Task Force) အဖွဲ့ဝင် ဦးနေလင်းဇင်က “ဒီရက်မှာ လူတွေက စိတ်ပူတဲ့ အတွက်ကြောင့် လျှောက်ဝယ်ကြတယ်။ ဈေးတက် တယ်။ ဒါက တပတ်လောက်ဆို ငြိမ်သွားမှာပါ။ ဆန် ၁ အိတ်ကို ၁ ထောင်၊ ၂ ထောင်ကျပ်ကြားလောက် တက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

လတ်တလောတွင် အခြေခံ လူတန်းစားများ ကုန်ဈေးနှုန်း သက်သက်သာသာနှင့် ဝယ်ယူရရှိနိုင်ရန်အတွက် ရန်ကုန်မြို့ရှိ စက်မှုဇုန်များတွင် ဆန်၊ ဆီ၊ ဆား အခြေခံ စားသောက်ကုန်များကို လက်ကားဈေးနှင့် ရောင်းချနိုင်ရန် တိုင်းအစိုးရ၊ စက်မှု ဇုန် တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ညှိနှိုင်းထားကြောင်း ၎င်းက ဆိုသည်။

ဦးနေလင်းဇင်က “ဆန်၊ ဆီတွေကို ကျနော်တို့ စက်မှုဇုန်တွေအရောက် လက်ကားဈေးနဲ့ ရောင်းပေးဖို့ စီစဉ်နေတယ်။ လို အပ်ရင် အကြွေးနဲ့ပါ ရောင်းပေးဖို့ စီစဉ်နေတယ်။ ဘယ်တော့လောက် စမလဲတော့ မသိသေးဘူး။ အခုက ချိန်နေတုန်းပဲ။ လိုသလောက်ပဲ ဝယ်ပါ။ အရမ်း စိုးရိမ်ပြီး ပိုဝယ်ရင် အဲဒီ ဝန်ထုပ်ဝန်ပိုးက ကိုယ့်ကိုယ်ပဲ လာပြီး ထိခိုက်မှာ။ နောက်တခုက ဈေးကြီးကြီးနဲ့ ရောင်းနေရင် ဈေးသက်သက်သာသာ ရောင်းပေးတဲ့ နေရာတွေ ရှိပါတယ်။ ဒါတွေ ချိတ်ဆက်ပြီး ဝယ်ယူကြ ပါ” ဟု ပြောဆိုသည်။

ဆန်ဈေးနှုန်းများကို ပိုမိုဈေးတင်၍ ရောင်းချနေသော စီးပွားရေးသမား ကုန်သည်များ ရှိပါက အထောက်အထားများနှင့် တကွ တိုင်ကြားနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းမှလည်း မတ်လ ၂၅ ရက်တွင် ထုတ်ပြန်လိုက် သည်။

အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်များမှာ လက်ရှိအချိန်သည် ကုန်ပစ္စည်း ပေါ်ချိန် ဖြစ်သောကြောင့်လည်း တိုင်းပြည်တွင် အလုံအလောက်ရှိကြောင်း ဆန်စပါးအသင်းနှင့် ဆီနှင့်ဆီလုပ်ငန်းရှင်များအသင်း တို့မှ ထုတ်ပြန်ထားကြ သည်။

ရန်ကုန်မြို့၏ ၁ ရက် ဆန်လိုအပ်ချက်မှာ အိတ်ရေ ၄ သောင်းခန့်ဖြစ်ပြီး ဝါးတန်းလမ်း ကုန်စည်ဒိုင်သို့ ဝင်ရောက်နေသည် မှာ လက်ရှိ ၁ ရက်လျှင် အိတ်ရေ ၇ သောင်းမှ ၁ သိန်း အထိ ရှိကြောင်း၊ နိုင်ငံတော် အရန်ဆန်အနေနှင့်လည်း အိတ်ရေ ၁ သိန်းခွဲ ဝန်းကျင် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆီနှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်ကြူက “ပင်ရင်းက ရောင်းတာတွေက စားအုန်းဆီ ၁ ပိဿာ ၁၈၅၀ ကျပ်ပဲ ရှိ တယ်။ ဒါပေမယ့် အွန်လိုင်းမှာ တက်လာတာတွေက၂ ထောင်ကျော်တွေ၊ အဲဒီလိုမျိုးတွေ ဝယ်တဲ့သူက အတင်းနင်းကန် ကြောက်လန့်ပြီး ဝယ်တဲ့အခါကျတော့ ဈေးနှုန်းတွေက ထိန်းမရ သိမ်းမရ ဖြစ်ကုန်တယ်။ ပင်ရင်းဈေး မှာတော့ ပြောင်းလဲမှု မရှိပါဘူး” ဟု လက်ရှိ အခြေအနေကို ရှင်းပြသည်။

ဆက်လက်၍ ၎င်းက “ကျနော်တို့ အသင်းဝင် လုပ်ငန်းရှင်တွေအနေနဲ့လည်း အပြင် သိပ်မထွက်ကြတော့ဘူး။ အိမ်ကနေ ထိုင်ဖြန့်တယ်ဆိုတော့ ကြားထဲမှာ တဆင့် ရောင်းပေးတဲ့ သူကရှိတယ်။ ဒီတဆင့်ခံတဲ့ သူတွေက မှန်မှန်ကန်ကန် လုပ်မယ် ဆိုရင်တော့ တက်စရာ အကြောင်း မရှိပါဘူး။ ဆီလည်း အလုံအလောက် ရှိတယ်။ ဒါကြောင့် နောက်ဆုံးကျ လှောင်ထားတဲ့ သူက ဈေးကြီးမိပြီး ပိုက်ဘော မိသွားမှာ” ဟု ပြောသည်။

၁ ရက်လျှင် ဆီကန်များမှ တန်ချိန် ၂ ထောင်သာ ထုတ်အားရှိသော်လည်း လက်ရှိအချိန်တွင် ချိန် ၅ ထောင်အထိ တိုးမြင့် ထုတ်ခြင်းများ ရှိနေခြင်း၊ နယ်စပ်ကုန်သွယ်ရေးအနေဖြင့်လည်း ပိတ်ထားခြင်းမျိုး မရှိသေးသဖြင့် ဆီအနေနှင့်လည်း လုံ လောက်မှု ရှိသည်ဟု ဦးမြင့်ကြူက ဆိုသည်။

ထို့ပြင် ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသော စက်မှုဇုန်ရှိ လုပ်သားများကို အခြေခံ စား သောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီများ အခမဲ့ ပေးဝေရန်အတွက်လည်း အသင်းများနှင့် ညှိနှိုင်း စီစဉ်နေကြောင်းလည်း ၎င်းက ပြောသည်။

ယခု အခါ ဆန်၊ ဆီ စသည့် အခြေခံ စားသောက်ကုန်များနှင့် အသင့်စား စားသောက်ကုန်များကို ပုံမှန်ထက် ပိုမိုဝယ်ယူ သိုလှောင်ထားလျက်ရှိသဖြင့် အချို့ပစ္စည်းများပြတ်လပ်ခြင်း၊ ကုန်ဈေးနှုန်းများ မတည်မငြိမ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်သည့် အတွက် စားသောက်ကုန် ထုတ်လုပ်သော လုပ်ငန်းရှင်များအနေနှင့် ဈေးနှုန်းများ မမြင့်မားလာစေရန် မြန်မာနိုင်ငံ စား သောက်ကုန် ထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းက မတ်လ ၂၄ ရက်တွင် လုပ်ငန်းရှင်များသို့ မေတ္တာရပ်ခံထား ကြောင်း ယင်းအသင်း အတွင်းရေးမှူး ဦးရဲမြင့်မောင် က ပြောဆိုသည်။

ဆက်စပ်ဖတ်ရှုရန်

စားသောက်ကုန်က ပြတ်တောက်စရာ မရှိပါဘူး

စီးပွားရေး ထိခိုက်မှု ကုစားရန် ကျပ် ၁၀၀ ဘီလီယံ အစိုးရ ထုတ်ချေးမည်

COVID-19 ကြောင့် ဈေးဝယ်စင်တာများ ပိတ်သိမ်းရန်မရှိသေး

COVID-19 ကာကွယ်ရေးဆိုင်ရာ ဆေးပစ္စည်းနှင့် ဆေးဝါး ဈေးအပြောင်းအလဲ ဖြစ်နိုင်

Your Thoughts …
Tags: COVID-19စက်မှုဇုန်ဆန်စပါးအသင်းအခြေခံစားသောက်ကုန်
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

စက်မှုဇုန်များအတွက် စက်သုံးဆီ မပေးတော့သဖြင့် ကုန်ထုတ်လုပ်မှု ပိုခက်လာနိုင်

စက်မှုဇုန်များအတွက် စက်သုံးဆီ မပေးတော့သဖြင့် ကုန်ထုတ်လုပ်မှု ပိုခက်လာနိုင်

by ဧရာဝတီ
4 December 2023
2.5k

စစ်ကောင်စီက ခွဲတမ်းနှင့် စက်သုံးဆီ ရောင်းချပေးရာမှ ရပ်ဆိုင်းလိုက်သဖြင့် ဆီရရှိမှုခက်ခဲကာ ကုန်ထုတ် လုပ်ငန်းများ ရပ်ဆိုင်းလာနိုင်ကြောင်း

ကျပ်နှစ်သောင်းတန်ကြောင့် အခြေခံစားသောက်ကုန်များ အတက်ကြမ်း

ကျပ်နှစ်သောင်းတန်ကြောင့် အခြေခံစားသောက်ကုန်များ အတက်ကြမ်း

by ဧရာဝတီ
25 July 2023
2.4k

နှစ်သောင်းတန် ထုတ်ဝေမည်ဆိုသော ဂယက်ကြောင့် အမေရိကန်၁ ဒေါ်လာလျှင် ၃၅၀၀ ကျပ် အထိ ဈေးတက်ခဲ့ရာ ပြည်ပမှ တင်သွင်းရသည့် စက်သုံးဆီမှာလည်း လိုက်ပါ မြင့်တက်လာနေပြီး တချို့သော ဆီကုန်သည်များက အကန့် အသတ်ဖြင့်သာ ရောင်းချတော့ကြောင်း စက်သုံးဆီလုပ်ငန်းရှင်များထံက...

မြင်းခြံဓာတ်အားပေးရုံများ ရပ်၍ ရန်ကုန်မြို့နယ်တချို့နှင့် စက်မှုဇုန်များ ဓာတ်အားပေးမှု လျှော့ချမည်

မြင်းခြံဓာတ်အားပေးရုံများ ရပ်၍ ရန်ကုန်မြို့နယ်တချို့နှင့် စက်မှုဇုန်များ ဓာတ်အားပေးမှု လျှော့ချမည်

by ဧရာဝတီ
13 August 2024
2k

မန္တလေးတိုင်း မြင်းခြံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံ ၂ ရုံသည် ဒေသတွင်း မတည်ငြိမ်မှုများ ပြင်းထန်လာသောကြောင့် စက်ရုံလည်ပတ်နေမှုများကို ရပ်ဆိုင်းလိုက်ကြောင်း ကုမ္ပဏီဘက်က ထုတ်ပြန်ထားသည်

ရန်ကုန်တွင် မီးပျက်မှု နှစ်ဆပိုဆိုးလာ

ရန်ကုန်တွင် မီးပျက်မှု နှစ်ဆပိုဆိုးလာ

by ဧရာဝတီ
30 September 2023
1.9k

ယခင် တရက်လျှင် ၄ နာရီခြားတခါ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးပေးနေခြင်းဖြစ်သော်လည်း ယခုအခါ ပြတ်တောက်ချိန် ၈ နာရီခန့်ထိ ကြာမြင့်လာသလို စက်မှုဇုန်များ၌လည်း တရက်လျှင် ၆ နာရီ ပေးရာမှ လက်ရှိ ၄ နာရီသာ ရရှိတော့ကြောင်း၊...

စစ်ကောင်စီ ကုန်ဈေးနှုန်း ကျအောင် လုပ်နိုင်ပါ့မလား

စစ်ကောင်စီ ကုန်ဈေးနှုန်း ကျအောင် လုပ်နိုင်ပါ့မလား

by ဧရာဝတီ
5 August 2023
1.5k

ဆန်ဈေနှုန်းများ အဆမတန်မြင့်တက်နေခြင်းကြောင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်အနေဖြင့် စုဆောင်းထား သော အရန်ဆန်များကို ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချရန် စီစဉ်နေသလို စစ်ကောင်စီ ဖွဲ့စည်းထားသည့် ပြည် ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီကလည်း အစည်းအဝေးခေါ်ယူရန် လုပ်ဆောင်နေ

စစ်ကောင်စီက လျှပ်စစ်မီးမှန်ဖို့ ကော်မရှင်ဖွဲ့

စစ်ကောင်စီက လျှပ်စစ်မီးမှန်ဖို့ ကော်မရှင်ဖွဲ့

by ဧရာဝတီ
19 December 2024
1.5k

လျှပ်စစ်ဓာတ်အား တယူနစ်လျှင် ၄၀၀မှ ၅၀၀ ကျပ် ခန့်မှန်း ကုန်ကျနိုင်သောကြောင့် လုပ်ငန်းများအတွက်သင့်တင့်မျှတသော နှုန်းထားသစ်ဖြင့် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရန် လုပ်ငန်းရှင်များ၏ ဆန္ဒသဘောထားကို ကောက်ခံခဲ့ရာ လုပ်ငန်းရှင်များဘက်က ပေးနိုင်ကြောင်း၊ မီးမပြတ်ရန်အာမခံချက်သာ လိုကြောင်း ပြောကြားခဲ့သော်လည်း...

Next Post
Pornhub အပြာရုပ်ရှင် ဝက်ဘ်ဆိုက်

တကမ္ဘာလုံးကို ပရီမီယမ် အခမဲ့ ကြည့်ရှုခွင့်ပေးလိုက်တဲ့ Pornhub

သရုပ်ဆောင် ဇဏ်ခီ  / Zenn Kyi's Facebook

COVID-19 ကာလမှာ အပြင်မသွားကြဖို့ တိုက်တွန်းလိုက်တဲ့ သရုပ်ဆောင် ဇဏ်ခီ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

17 hours ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate