မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းများ ပူးပေါင်း ကာ လှိုင်သာယာစက်မှုဇုန်တွင် ဆန်အပါအဝင် အခြေခံ စားသောက်ကုန်များကို ပြင်ပထက် သက်သာသော နှုန်းထားဖြင့် မတ် ၂၆ ရက်က စတင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ စက်မှုဇုန်များတွင် ဆန် ၁ ပြည် ငွေကျပ် ၁၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ဆီ ၅၀ သား၁ ဗူကို ၁ ထောင်ကျပ်ဖြင့် လည်းကောင်း ရောင်းချပေးနေကြောင်း UMFCCI ၏ တွဲဖက် ဘဏ္ဍာရေးမှူး ဦးဆန်းလင်းက ဧရာဝတီသို့ ပြောသည်။
“ဆန်ကတော့ တပြည်ကို ကျပ် ၁ ထောင်နဲ့ ရောင်းပေးတယ်။ ဆီကိုလည်း အပြင်ဈေးတွေမှာ ရောင်းတဲ့ ဈေးထက် သက် သာတဲ့ ဈေးနှုန်းနဲ့ ရောင်းပေးပါတယ်။ ပမာဏတော့ ကျနော်တို့ မသတ်မှတ်ထားပါဘူး။ လိုအပ်သလောက်ကို ကြည့်ပြီး ရောင်းချပေးသွားမှာပါ” ဟု ၎င်းက ဆိုသည်။
ဆန်အမျိုးအစားမှာ အခြေခံလူတန်းစား စားသုံးမှုများသည့် ဆန်အမျိုးအစားနှင့် ဆီကို ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil) တို့ကို ရောင်းချပေးခြင်း ဖြစ်ပြီး အခြားသော အခြေခံစားသောက်ကုန်များ၊ လူသုံးကုန် ပစ္စည်းများကိုလည်း ရောင်းချ ပေးမည် ဖြစ်ကြောင်း UMFCCI က သိရသည်။
ယနေ့ရောင်းချပေးသည့် ကုန်ပစ္စည်းများတွင် ဆန် ၅ ပြည် ထည့်ထားသည့် အိတ်ရေ ၂ ထောင်၊ ၂၄ ပြည်ခွဲဝင် ဆန်အိတ် ရေ၂၀၀ ၊ စားအုန်းဆီ ၅၀ သားဆန့် ဗူး ၁ ထောင်၊ ဆား အထုပ်ရေ ၁၅၀၀ တို့ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက “ကျနော်တို့ ညနေ ၄ နာရီက စရောင်းတာ၊ တော် တော် ရောင်းရတယ်။ လူတွေအများကြီးပဲ၊ ခန့်မှန်းခြေ လူဦးရေ ၁၄၀၀ ဝန်းကျင်လောက် ရှိမယ်” ဟု ပြောသည်။
အဆိုပါ အခြေခံ စားသောက်ကုန်များ စက်မှုဇုန်များတွင် ရောင်းချခြင်းကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၊ လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲ ရေး ကော်မတီတို့နှင့် ပူးပေါင်း၍ ကော်မတီရုံးရှေ့၌ မတ်လ ၂၆ ရက် ညနေ ၄ နာရီမှ စတင် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။
လာမည့် တနလာင်္နေ့တွင် ရွှေပြည်သာစက်မှုဇုန်၊ အဂါင်္နေ့တွင် ရွှေလင်ဗန်း စက်မှုဇုန်၊ ဗုဒ္ဓဟူးနေ့တွင် ဒဂုံဆိပ်ကမ်း စက်မှု ဇုန် သို့မဟုတ် တောင်ဒဂုံ စက်မှုဇုန် အစရှိသည့် စက်မှုဇုန်များတွင် ဆက်လက် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ဦးအောင်သန်းဦးက “နောက်တပတ် သောကြာနေ့မှာ လှိုင်သာယာ စက်မှုဇုန် ၁ ရဲ့ နောက်တနေရာမှာ ပြန်ရောင်းမယ်။ နောက်ရက်တွေကျရင် အခုထက် ပိုများပြီး တင်ရောင်းဖို့ လုပ်ထားမယ်။ ကျနော်တို့ အခု ဧည့်မထ ဆန်ထဲမှာမှ အကောင်း ဆုံးဆန်ကို ရောင်းပေးတာပါ” ဟု ပြောဆိုသည်။
ထို့ပြင် အခြားစက်မှုဇုန်များတည်ရှိရာ မြို့နယ်များသို့လည်း လာမည့်ရက်များ အတွင်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ ဆက်လက် လှည့်လည်ရောင်းချမည် ဖြစ်ပြီး ဒေသတွင်း ဖွင့်လှစ် ရောင်းချနေသည့် အိမ်ဆိုင်များ၊ လက်လီ၊ လက် ကားလုပ်ငန်းများ ထိခိုက်မှု မရှိစေရန်လည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း UMFCCI က သိရသည်။
မြန်မာနိုင်ငံ ဆီကုန်သည်ကြီးများ အသင်း ဒုဥက္ကဋ္ဌလည်း ဖြစ်သူ ဦးဆန်းလင်းက “နေ့စဉ် ရောင်းဖို့လည်း စဉ်းစားပါတယ်။ ဒါပေမယ့် တခုရှိတာက ကျနော်တို့ ရောင်းတဲ့နေရာမှာ လူတွေ အရမ်းစုပြုံပြီးတော့ လူစုလူဝေး ဖြစ်သွားမှာလည်း စိုးရိမ် တယ်။ ဒါကြောင့် အခြေအနေ အချိန်အခါကို ကြည့်ပြီးတော့ တပတ်တန်သည် နှစ်ပတ်တန်သည် ဒါမှမဟုတ်လည်း နေ့စဉ် ပေါ့။ ကာလဒေသနဲ့ လိုအပ်ချက်ပေါ်မှာ ကြည့်ပြီးတော့ စီစဉ်နေပါတယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “ဒီနေ့ဆိုရင် ကား ၃ စီးလောက် ထိုးပြီးတော့ ကုမ္ပဏီသုံးခုက ပါသလောက် ရောင်းချပေးတာ။ တချို့ နီးတဲ့ ကုမ္ပဏီဆိုရင်လည်း လိုရင် ချက်ချင်းပြန်ယူပြီး ရောင်းချပေးမယ်လို့ သိရတယ်။ COVID-19 ကြောင့် တချို့ပိတ် သွား တဲ့ စက်ရုံအလုပ်ရုံတွေ ရှိတယ်။ အဲဒီက ဝန်ထမ်းတွေအတွက်ရော သက်သာတဲ့ နှုန်းထားလေး တခုနဲ့ ရစေချင်လို့ ရောင်းချ ပေးခြင်း ဖြစ်ပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က “စက်မှုဇုန်တွေ အားလုံးကို လှည့်ပြီးတော့ ရောင်းချပေးမှာပါ။ အခုကတော့ ဒီနေ့ လှိုင်သာယာကို ဦးစားပေးပြီးတော့ ပထမသွားတာပေါ့။ ကျန်တဲ့ နေရာတွေ ဆက်သွားပါ့မယ်။ အခြေခံ ပြည်သူလူထု အများဆုံး စားသုံးတဲ့ ဆန်အမျိုးအစားကို ၁ ပြည် ကျပ် ၁ ထောင်နဲ့ ရောင်းချသွားမှာပါ။ ဒီနေ့ အတွေ့အကြုံ ကို အခြေခံပြီးတော့ အကောင်းဆုံး ဆက်လုပ်သွားမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ဝယ်ယူနိုင်သည့် ပမာဏနှင့် ဝယ်ယူမည့် အချိန် အကန့်အသတ်တို့ သတ်မှတ်ထားခြင်း မရှိကြောင်း ၎င်းက ဆို သည်။
ယင်းသို့ စက်မှုဇုန်များတွင် လှည့်လည် ရောင်းချခြင်းသည် ပြည်သူများကြား ကုန်ဈေးနှုန်း တည်ငြိမ်စေရေး များစွာ အထောက်အကူပြုသည့်အပြင် ပြည်သူများ စိုးရိမ်မှု လျော့ကျစေခြင်းနှင့် လိုအပ်သည့် ပစ္စည်းများကို ရရှိစေရန် လုပ်ဆောင် ခြင်း ဖြစ်ကြောင်း ဦးရဲမင်းအောင်က ပြောဆိုသည်။
ကမာ္ဘ့ကပ်ရောဂါ COVID-19 သည် နိုင်ငံပေါင်း ၁၉၆ နိုင်ငံသို့ ကူးစက်ပြန့်ပွားလျက်ရှိပြီး ယခုအခါတွင် မြန်မာနိုင်ငံတွင် လည်း ကူးစက်ခံထားရပြီ ဖြစ်ကြောင်း မတ်လ ၂၃ ရက် ညပိုင်း အစိုးရ ထုတ်ပြန်ကြေညာပြီးနောက် ပြည်သူများ စိုးရိမ် ထိတ်လန့်ကာ အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်များ ဝယ်ယူစုဆောင်းမှုများ ရှိခဲ့ သည်။
You may also like these stories:
ဘဏ်တိုးနှုန်းလျှော့ချမှုအပေါ် သူတို့ ဘယ်လိုမြင်လဲ
အမေရိကန်ကို Covid-19 စမ်းသပ်ကိရိယာနဲ့ Mask တွေ လှူဒါန်းဖို့ ဂျက်မား ကမ်းလှမ်း
အရေးပေါ်အခြေအနေ ဒေါ်နယ်ထရမ့် ကြေညာ