စစ်ပွဲရပ်ပြီး ကိုဗစ်-၁၉ ကို အတူတိုက်ဟု ကုလ အတွင်းရေးမှူးချုပ် တောင်းဆို
ဥရောပနှင့် အမေရိကန်တွင် သေဆုံးမှုနှုန်းမြင့်တက်နေခြင်းနှင့် အတူ လူဦးရေ ၃ ဘီလီယံကျော် ပိတ်ဆို့တားမြစ်မှုများ အောက်တွင်နေထိုင်နေကြရခြင်းက ကိုရိုနာဗိုင်းရပ်သည် လူသားမျိုးနွယ်အားလုံးကို ခြိမ်းခြောက်နေသည့် ကူးစက် ကပ်ရောဂါ ဖြစ်သည်ဟု ကုလသမဂ္ဂ၏ သတိပေးချက်တခုက မီးမောင်းထိုးပြနေသည်။
ကမာ္ဘတလွှားတွင် သေဆုံးသူ အရေအတွက် ၂၃၀၀၀ ကျော် မြင့်တက်လာသည်နှင့်အမျှ စပိန်နှင့် အီတလီ ၂ နိုင်ငံပေါင်း သေဆုံးမှု အရေအတွက်သည် လွန်ခဲ့သော ၃ လ ကဗိုင်းရပ်စ် စတင်ပေါ်ပေါက်ခဲ့သည့် နေရာဖြစ်သော တရုတ်နိုင်ငံ ကို ကျော်တက်သွားခဲ့သည်။ အမေရိကန်၏ ကူးစက်လူနာ ၈၅၀၀၀ ကျော်လာခြင်းက တရုတ်၏ ကူးစက်လူနာအရေအတွက်ကို ကျော်လာနေခဲ့သည်။
“Covid-19 က လူသားမျိုးနွယ် တခုလုံးကို ခြိမ်းခြောက်နေပါတယ်။ လူသားမျိုးနွယ် တခုလုံးက ပြန်လည်တိုက်ခိုက်ရပါမယ်” ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကပြောသည်။ သူက ကမာ္ဘ ပေါ်မှ ဆင်းရဲနွမ်းပါးသူများကို ကူညီရန် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရရှိရေး အတွက် တောင်းဆိုနေသည်။
“ကမာ္ဘလုံးဆိုင်ရာ အရေးယူဆောင်ရွက်မှု နဲ့ စည်းလုံးညီညွတ်မှုက အရေးကြီးပါတယ်။ တိုင်းပြည် တခုချင်းစီရဲ့ တုံ့ပြန်မှုက မလုံလောက်ပါဘူး” ဟု ၎င်းက ဆော်ဩချိန်တွင် အဓိက စီးပွားရေးများ ဖြစ်သည့် G20 န်ိုင်ငံများက အကျပ်အတည်းအပေါ် ကမာ္ဘလုံးဆိုင်ရာတုန့်ပြန်မှုနှင့် ပတ်သက်၍ မတ်လ ၂၆ ရက်နေ့တွင် အရေးပေါ်ဗွီဒီယိုကွန်ဖရင့်တခု ကျင်းပခဲ့သည်။ ရောဂါတိုက်ဖျက်ရေးနှင့် စီးပွားရေးဆုတ်ကပ်ကို ကုစားရန် အမေရိကန်ဒေါ်လာ ၅ ထရီလျံသုံးရန် G20 န်ိုင်ငံများက ဆုံးဖြတ်ခဲ့သည်။
အမေရိကန်သမ္မတက ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် “တရုတ်ဗိုင်းရပ်”ဟု ဆက်မပြောတော့ဟု ဆိုလိုက်ပြီး ရောဂါဖြစ်ပွားမှု၏ ဗဟိုချက် အသစ်ဖြစ်လာသော ဥရောပသမဂ္ဂ ၂၇ နိုင်ငံ၏ ခေါင်းဆောင်များလည်း ရောဂါတိုက်ဖျက်ရေးနှင့် စီးပွားရေးတွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးကြမည် ဖြစ်သည်။
ဗိုင်းရပ်စ်၏ စီးပွါးရေးအရ နစ်နာဆုံးရှုံးမှုနှင့် ပိတ်ဆို့တားမြစ်မှုများက ကြီးမားလိမ့်မည် ဖြစ်ပြီး လွန်ခဲ့သော ဆယ်စုနှစ် တခုက ဖြစ်ခဲ့သော ၂၀၀၈ ဘဏ္ဍာရေး အကျပ်အတည်းထက် ပိုဆိုးမည့် တကမာ္ဘလုံး စီးပွားရေးကျဆင်းမှု တခု ဖြစ်လာမည့် အပေါ်ကို စိုးရိမ်ကြောက်လန့်မှုများ ရှိနေသည်။
တနင်္လာနေ့က ထုတ်ပြန်သော မေတ္တာရပ်ခံချက် တစောင်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်က ကမ္ဘာတဝန်း စစ်မက်ဖြစ်ပွားနေသော ဘက်အသီးသီး အနေဖြင့် ၎င်းတို့၏ လက်နက်များကို ချထားပြီး လူသားမျိုးနွယ်တခုလုံးကို ခြိမ်းခြောက်နေသည့် ကိုဗစ်-၁၉ ဗိုင်းရပ်အား တိုက်ခိုက်နေသည့် ပိုမိုကြီးမားသည့် စစ်ပွဲကို ထောက်ခံကြရန် တိုက်တွန်းလိုက်သည်။
ထိုဗိုင်းရပ်ပိုး၏ ဒေါသသည် စစ်၏ မိုက်မဲမှုအား ပုံဖော်နေကြောင်း သူပြောသည်။ “ဒါကြောင့်မို့လို့ ကမ္ဘာ့နေရာ အားလုံးမှာ ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ချက်ခြင်းပြုလုပ်ဖို့ ကျနော်တောင်းဆိုတယ်။ အခုအချိန်ဟာ လက်နက်ကိုင် ပဋိပက္ခတွေကို ပိတ်ဆို့ထားလိုက်ပြီး ကျနော်တို့ဘ၀တွေအတွက် စစ်မှန်တဲ့တိုက်ပွဲ ကိုဗစ်-၁၉ ကို အတူတကွ အာရုံစိုက်ရမယ့် အချိန်ဖြစ်တယ်” ဟုသူပြောသည်။
အပစ်အခတ် ရပ်စဲလိုက်ခြင်းကြောင့် ကိုဗစ်-၁၉ အထိခိုက်လွယ်ဆုံးသူများထံ လူသားချင်း စာနာမှု အကူအညီတွေ ရောက်စေမည်ဖြစ်သည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ထောက်ပြခဲ့သကဲ့သို့ပင် ကိုဗစ်-၁၉ သည် နိုင်ငံသားနှင့် လူမျိုးကွဲပြားခြင်းနှင့် အခြားကွဲပြားမှုများကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ စစ်အတွင်းအပါအဝင် အားလုံးကို မညာမတာ တိုက်ခိုက်နေသည်။
အမျိုးသမီးများ၊ ကလေးများ၊ မသန်စွမ်းသူများ၊ ခွဲခြားဆက်ဆံခံရသူများနှင့် စစ်ဘေးရှောင် ဒုက္ခသည်များသည် ပဋိပက္ခအတွင်း အမြင့်မားဆုံး တန်ဖိုးပေးဆပ်ကြရပြီး ထိုရောဂါကြောင့် ကြီးမားသော ဆုံးရှုံးမှု ခံစားရမည့် အထိခိုက်ခံရနိုင်ခြေ အများဆုံးဖြစ်သည်။
ထို့အပြင် စစ်ဒဏ်ခံရသောနေရာများမှ ကျန်းမာရေးစနစ်များသည် လုံး၀ပြိုကျလုနီးပါး အခြေအနေသို့ ရောက်ရှိနေသည်။
စစ်မက်ဖြစ်ပွားနေသော ဘက်အသီးသီးတို့အနေဖြင့် ရန်လိုမှုများကို ရုတ်သိမ်းပြီး အယုံအကြည်ကင်းမဲ့မှုများ၊ မုန်းတီးမှုများကို ဘေးဖယ်ကာ သေနတ်များကို အသံတိတ်စေရန်၊ အမြောက်များကို ရပ်တန့်ရန်နှင့် လေကြောင်းတိုက်ခိုက်မှုများရပ်ရန် ကုလသမဂ္ဂအကြီးအကဲက တောင်းဆိုသည်။
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့စီးပွားဆုတ်ကပ် စတင်
Covid-19 ကုသဆေး အပြင်းအထန် ရှာနေ
Lockdown အောက်က အာရှ မြို့ကြီးများ
သမ္မတထရန့်ရဲ့ နေ့စဉ် တိုက်ရိုက် ပြောကြားချက်တွေကို ရပ်ဆိုင်းတော့မယ့် အသံလွှင့်ရုံများ