• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

COVID-19 ဆိုင်ရာ ဒေသန္တရတားမြစ်အမိန့်များ ထုတ်ပြန်

by ဧရာဝတီ
27 March 2020
in သတင်း
A A
ယနေ့ မနက်ပိုင်းက မန္တလေးရှိ ပိုးတွေ့လူနာအိမ်အား ပိုးသတ်ဆေးဖြန်းစဉ် / ဇော်ဇော် / ဧရာဝတီ

ယနေ့ မနက်ပိုင်းက မန္တလေးရှိ ပိုးတွေ့လူနာအိမ်အား ပိုးသတ်ဆေးဖြန်းစဉ် / ဇော်ဇော် / ဧရာဝတီ

22.6k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတွင်း ပြည်ပမှ ပြန်လာသူများ အနေဖြင့် ကျန်းမာရေးဌာနများသို့ သတင်းပို့စစ်ဆေးမှု ခံယူရန်နှင့် နေအိမ်တွင် ၁၄ ရက်ကြာ နေထိုင်စောင့်ကြည့်ရန် ညွှန်ကြားချက်အား လိုက်နာကြရန် ဒေသအသီးသီးတွင် ဒေသန္တရအမိန့်များ မတ် ၂၆ ရက်က စတင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ ဒေသန္တရ အမိန့် ထုတ်ပြန်ချက်ကို မန္တလေးတိုင်းဒေသကြီးတွင် မတ်လ ၂၁ ရက်ကလည်းကောင်း၊ ရန်ကုန်၊ စစ်ကိုင်း၊ ဒီပဲယင်း၊ ကလေး၊ မင်းဘူး၊ ဘုတလင်၊ လားရှိုးနှင့် နမ့်ဆန်စသည့်မြို့များတွင်လည်း မတ် ၂၆ ရက်၊ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်ဟု သိရသည်။

RelatedPosts

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

16 July 2025
91
မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

16 July 2025
34
နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

16 July 2025
937

ကူးစက်ရောဂါ နှိမ်နင်းရေးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက “သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဆက်ပြီး ဆောင်ရွက်ပါ့မယ်။ Quarantine မလိုက်နာတဲ့သူတွေကိုလည်း သက်ဆိုင်ရာ ဥပဒေအရ အရေးယူမယ် ဆို တာ ထပ်ပြောထားပြီး ဖြစ်ပါတယ်။ ဒေသန္တရ အမိန့်တွေမှာ ဘာဥပဒေတွေဆိုတာ ပါပါတယ်။ တနိုင်ငံလုံးအတွက် နိုင်ငံတော် သမ္မတရုံးက သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် အုပ်ချုပ်ရေး အာဏာပိုင်တွေဆို ပို့ထားပြီး ဖြစ်ပါတယ်။ အဲဒီ အတွက် တနိုင်ငံလုံး အကျုံးဝင်နေပြီ ဖြစ်ပါတယ်။” ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်ပြီး ၎င်းက “သမ္မတရုံးက သက်ဆိုင်ရာ ဝန်ကြီးချုပ်တွေဆီရော ဌာနတွေဆီရော ဗဟိုအဖွဲ့ရဲ့ ဆုံးဖြတ် ချက်ကို ပို့ထားပြီး ဖြစ်နေတဲ့အတွက် သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်က အုပ်ချုပ်ရေး ဦးစီးဌာနတွေအနေနဲ့ ဆက်အကောင်အထည် ဖော်ရမယ့်ကိစ္စ ဖြစ်ပါတယ်။” ဟု ဆိုသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင်လည်း မြို့နယ် အလိုက် ဒေသန္တရ အမိန့်များ မတ်လ ၂၆ ရက်နေ့က စတင်ကာ ထုတ်ပြန်နေကြောင်း သိရသည်။

“ကျနော်တို့ မနေ့ကပဲ ထုတ်လိုက်ပါတယ်။ တခြားမြို့နယ်တွေတော့ သေချာမသိဘူး။ ကျနော်တို့ တောင်ဥက္ကလာ ကတော့ မတ်လ ၂၆ ရက်နေ့ ဒိတ်နဲ့ ထုတ်ထားတယ်။ ”ဟု တောင်ဥက္ကလာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်က ဧရာဝတီသို့ ပြောသည်။

အဆိုပါ အမိန့်ကြေညာချက်တွင် မြို့နယ်များအတွင်း ပွဲလမ်းသဘင်များ ကျင်းပခွင့်နှင့် လူစုလူဝေးမှုများကိုလည်း တားမြစ်ထားပြီး ပတ်ဝန်းကျင်တွင် သံသယလူနာများ တွေ့ရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန်နှင့် မဟုတ်မမှန် ကောလဟာလ သတင်းများကိုလည်း ဖြန့်ဝေခြင်းမပြုရန် တားမြစ်ထားသည်။

ထိုဒေသန္တရ အမိန့်ပေး တားမြစ်ချက်များအား လိုက်နာခြင်း မရှိပါကလည်း တည်ဆဲ ရာဇသတ်ကြီးဥပဒေပုဒ်မများ၊ ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေး ဥပဒေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေတို့ဖြင့် အရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည်။

တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီကလည်း “ကျနော်အနေနဲ့ကတော့ ကျနော့်မြို့နယ်အတိုင်း အတာပဲ ပြောလို့ရတယ်။ အခုက ပြည်တော်ပြန် တွေကို နေအိမ်မှာ Quarantine လုပ်တယ် ဆိုတာတောင် မလိုက်နာ တာတွေက အများကြီး တွေ့နေရတယ်။ ဖြစ်ပျက်နေကြတယ်။ အလေးမထားကြဘူး။ အဲဒါကြောင့် အခုလို ဒေသန္တရ အမိန့်ထုတ်လိုက်ရတာ”ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “သူတို့ကို နေအိမ်မှာ ၁၄ ရက် ဘယ်လို စောင့်ကြည့်ရမလဲဆိုတာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေ၊ ပညာပေးမှုတွေမှာ ပြောထားပြီးသား။ အဲဒီဟာ မလိုက်နာလို့ အခုလိုလုပ်ရတာ။ ဘာဖြစ်ဖြစ် သူတို့ တွေအနေနဲ့ အတိအကျ လိုက်နာဖို့ လိုတယ်။ အခုက ကြေညာချက်နောက်ကမှ ဥပဒေဆိုတာ ကပ်ပါလာမှာ။ ဥပဒေပါမှ အရေးယူမှုဆိုတာ ဖြစ်လာမှာ။ အဲဒါကြောင့် အ ခု ကြောညာချက်ထုတ်ရတာ” ဟု ရှင်းပြသည်။

မရမ်းကုန်း, ကြည့်မြင်တိုင်, သဃ်န်းကျွန်း, အင်းစိန်မြို့နယ်များမှ တာဝန်ရှိသူ အချို့ကလည်း ဒေသန္တရအမိန့်များ မတ် ၂၆ ရက်က ရရှိကြောင်း အတည်ပြုကြသည်။

ပြည်ပမှ ပြန်လာသူများအနေဖြင့် နေအိမ်များတွင် အသွားအလာ ကန့်သတ်ကာ ၁၄ ရက်စောင့်ကြည့်နေထိုင်ရန် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များအား လိုက်နာမှုအားနည်းသည့်အတွက် ဒေသန္တရအမိန့်များ ထုတ်ပြန်ရခြင်းဖြစ်ကြောင်းလည်း တာဝန်ရှိသူများက ပြောသည်။

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာများမှာ ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများ ဖြစ်ကြပြီး လူနာ၅ ဦးရှိလာပြီ ဖြစ်သည်။

ဧရာဝတီသတင်းထောက်များ ပူးပေါင်းရေးသားသည်။

You may also like these stories:

မန်းတိုင်းသို့ ပြည်ပမှ ရောက်လာသူတိုင်း Facility Quarantine မဖြစ်မနေ ဝင်ရမည်

COVID-19 ပိုးတွေ့လူနာသစ် ၂ ဦး၏ နေအိမ်များကို အသွားအလာကန့်သတ်

ပြင်ဆင်မှုတွေက Ready ဖြစ်နေပါပြီ

Your Thoughts …
Tags: COVID-19ဒေသန္တရအမိန့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.4k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

--

ကိုဗစ်လှိုင်းကြားက မြန်မာ့ရိုးရာ သင်ဖြူးဖျာ

by အောင်ကျော်ထက်
28 August 2020
6.5k

စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသော လုပ်ငန်းကဏ္ဍများစုံထဲတွင် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်တခုလည်းဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က သင်ဖြူးဖျာလုပ်ငန်းများသည်လည်း တခုအပါအဝင် ဖြစ်သည်။

ခုတ်ထွင်ရှင်းလင်းခံထားရတဲ့ ဒီရေတောတတော /  Oliver S. - Madagascar General  / Alamy Stock Photo 

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများလေ လူတွေ ဘေးဒုက္ခများလေ

by သဇင်လှိုင်
9 July 2020
8.6k

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာ မြင့်ဇော်နဲ့ ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။

၂၀၂၀ အတွင်း ကွယ်လွန်သွားခဲ့တဲ့ အနုပညာရှင်များ

၂၀၂၀ ပြည့်နှစ်အတွင်း ကြွေလွင့်သွားခဲ့တဲ့ အနုပညာရှင်များ

by ချစ်ပိုး
30 December 2020
9.7k

၂၀၂၀ ပြည့်နှစ်ဟာ COVID-19 ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာ စိတ်မချမ်းမြေ့စရာ သတင်းတွေ ကြုံတွေ့ခဲ့ရပြီး ဒီနှစ်ထဲမှာလည်း အနုပညာရှင်များစွာ ကြွေလွင့်ခဲ့ရပါတယ်။

မြန်မာနိုင်ငံရှိ နေရာဒေသတချို့မှ KTV၊ ဘား၊ အနှိပ်ခန်း တို့ကို ဖမ်းဆီးမှုများ ပြုလုပ်နေစဉ် / ရဲဇာနည်

တောင်ကြီးမြို့ရှိ KTV အယောင်ပြ ပြည့်တန်ဆာလုပ်ငန်း လုပ်သူများအား ဖမ်းဆီး

by လဲ့လဲ့
7 September 2020
30.4k

COVID-19 ကာလအတွင်း ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန်အတွက် ဖွင့်လှစ်ခွင့် မရှိသေးသည့် သက်ဖူးဝေ KTV အား စက်တင်ဘာ ၆ ရက်တွင် ဝင်ရောက်စစ်ဆေးရာတွင် ၎င်းတု့ိ ၇ ဦးအား ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

Next Post
ပုဂံမြို့ဟောင်းနှင့် ညောင်ဦးကြား၊ လမ်းမတော် ၃ လမ်းရှိ ဘုရင်မစားသောက်ဆိုင်  / ဇူးဇူး / ဧရာဝတီ

ပုဂံ ယဉ်ကျေးမှုနယ်မြေအတွင်းရှိ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရန် ညွှန်ကြား

တီးတိန်မြို့ပေါ်၌ မြို့နယ် မီးသတ်ဦးစီးဌာနနှင့်သက်ဆိုင်ရာဌာနများ ပူးပေါင်းကာ Disinfectant Solutions ဆေးများ လိုက်လံဖြန်းပေးသည်။

ကပ်တဲလ်ရွာကို ချင်းအစိုးရက ပိုးသတ်ဆေးဖြန်းပြီး ဆန်အိတ် ၁၀၀ လှူ

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

7 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate