သတင်း

ရန်ကုန် ဗိုလ်တထောင်နှင့် ဆူးလေစေတီတော်တို့ ယာယီပိတ်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ရှိ လူအများအပြား သွားရောက် ဖူးမြော်သည့် တန်ခိုးကြီး ဘုရားများဖြစ်သော ဗိုလ်တထောင် စေတီတော်နှင့် ဆူးလေ စေတီတော် တို့ကို မတ် ၂၅ ရက်ခန့်က စတင်ကာ လာရောက်ဖူးမျှော်ခွင့် ပိတ်လိုက်ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။

တိုင်းအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက “ဗိုလ်တထောင်နဲ့ ဆူးလေတော့ ပိတ်ထား တယ်။ အခြေအနေ ကြည့်ပြီးတော့ လုပ်ကြတာပေါ့။ တခြား လုပ်သင့်လုပ်ထိုက်တာတွေကိုလည်း ဆက်လုပ်မှာပါ” ဟု ပြောသည်။

ရန်ကုန်မြို့ရှိ ဘုရားဖူးအများအပြား သွားလာရာ ရွှေတိဂုံ စေတီတော်ကိုမူ မတ်လ ၂၅ ရက်နေ့မှ စတင်ကာ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိသာ ဖွင့်ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။ ယခင်က ရွှေတိဂုံ စေတီတော်သည် မနက် ၄ နာရီမှ ည ၁၀ နာရီ အထိ ဖွင့်လှစ်ခြင်း ဖြစ်သည်။

ရန်ကုန်မြို့လယ်ခေါင်ရှိ ဆူးလေစေတီတော်တွင် ဘုရားဖူးအသွားအလာ ပိတ်ထားစဉ်/အောင်ကျော်ထက်/ဧရာဝတီ

ရန်ကုန်မြို့တွင်သာမက မန္တလေး၊ စစ်ကိုင်း၊ မွန်ပြည်နယ် စသည့် မြို့များရှိ နာမည်ကျော် တန်ခိုးကြီးဘုရား အချို့နှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦ များတွင်လည်း လူအဝင်အထွက် ကန့်သတ်ခြင်း၊ ကျန်းမာရေး ထောက်ခံစာ ပါရှိမှသာ ဝင်ခွင့်ပြုခြင်းများကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အစိုးရများက အမိန့်ကြေညာချက်များ ထုတ်ပြန်မှုများ ရှိသည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ပိုးတွေ့သူ စုစုပေါင်း ၁၀ ဦးရှိပြီဖြစ်သည်။ မတ်လအတွင်း မြဝတီ- မဲဆောက်တံတားမှ တဆင့် ပြန်လည်ဝင်ရောက်လာသူများတွင် COVID-19 ရောဂါကူး စက်ခံရ သူများ ပါဝင်လာနိုင်ချေ များပြားပြီး ကပ်ရောဂါကြီး (Big Outbreak) အသွင်ဖြစ်ရန် အလားအလာ အလွန် များနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ညက သတင်းထုတ်ပြန် ကြေညာထားသည်။

ကမာ္ဘ့ကျန်းမာရေးအဖွဲ့ (WHO) က ကူးစက်ကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ်ထားသည့် COVID-19 သည် မတ် ၂၉ ရက်အထိ ကမာ္ဘ့နိုင်ငံ ၂၀၂ နိုင်ငံအထိ ပြန့်ပွားလျက် ရှိပြီး သေဆုံးသူ ၃၀,၁၀၅ ဦး ရှိပြီဖြစ်သည်။ တကမာ္ဘလုံး အတိုင်းအတာဖြင့် COVID-19 ပိုးတွေ့လူဦးရေ ၆၃၈,၁၄၆ ဦး ရှိပြီဖြစ်သည်။

ဆက်စပ်လင့်

မန္တလေးက ဘာသာရေးအဆောက်အအုံများ ကျန်းမာရေးထောက်ခံချက်ဖြင့်သာ ဝင်ခွင့်ပြုမည်

ပြင်ဆင်မှုတွေက Ready ဖြစ်နေပါပြီ

Did you find apk for android? You can find new Free Android Games and apps.
Loading