သတင်း

နယ်စပ်ဂိတ်များမှ ပြန်လာမည့်သူများ ဧပြီ ၁၅ ရက် နောက်ပိုင်းမှ ပြန်လာကြရန် သတိပေး

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် နယ်စပ်မှ ဝင်ရောက်လာသူတချို့တွင် ရောဂါပိုးစတင်တွေ့ရှိလာခြင်းနှင့် ထိန်းချုပ်ကန့်သတ်စောင့်ကြည့်မှု (Quarantine) ပြုလုပ်ရန် နေရာထိုင်ခင်းများ အခက်အခဲရှိခြင်းကြောင့် နယ်စပ်ဂိတ်များမှ တဆင့်  မြန်မာနိုင်ငံသို့  ပြန်လည်ဝင်ရောက်မည့် မြန်မာနိုင်ငံသားများကို ဧပြီလ ၁၅ ရက်နေ့ နောက်ပိုင်း မှသာ ပြန်လာကြရန် အစိုးရ က မေတ္တာရပ်ခံလိုက်သည်။

ထိုပြင် နယ်စပ်ဂိတ်များမှ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသူများကို ယခင်ကလို မိမိတို့၏ နေရပ်သို့ တိုက်ရိုက်ပြ န်ခွင့်ပြုတော့မည် မဟုတ်ဘဲ အစိုးရက စီစဉ်ထားသော သတ်မှတ်နေရာများတွင်သာ ၁၄ ရက် ထိန်းချုပ်ကန့်သတ်စောင့် ကြည့်မှု (Quarantine) ပြုလုပ်ခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ မတ်လ ၃၀ ရက်နေ့ ညပိုင်းက ထုတ်ပြန်လိုက်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီနယ်စပ်ဂိတ်မှ တဆင့် ဝင်ရောက်ခဲ့သူတဦးတွင် COVID 19 ရောဂါပိုးတွေ့ရှိခဲ့ခြင်း၊ နယ်စပ်ဂိတ်များမှ အစုလိုက်အပြုံလိုက် ပြန်လည်ဝင်ရောက်လာသူ အချင်းချင်းကြားတွင် လည်းကောင်း၊ ပြည်တွင်းတွင် နေထိုင်သူများထံ သို့လည်းကောင်း ရောဂါကူးစက်ပြန့်ပွားပြီး ကပ်ရောဂါကြီး ဖြစ်ပွားရန် အလားအလာအလွန်များပြားနေကြောင်း သိရသည်။

ထိုင်း-မြန်မာ နိုင်ငံ နယ်စပ်မြို့များဖြစ်သည့် တာချီလိတ် နှင့် မြဝတီမြို့များမှ မတ်လ ၂၁ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့ အထိ တရားဝင်ပြန်လည် ဝင်ရောက်လာသော ရွှေ့ပြောင်းလုပ်သားဦးရေသည် လေးသောင်းဝန်ကျင်အထိ ရှိနေပြီ  ဖြစ်ပြီး မြဝတီမြို့မှ လူဦးရေး သုံးသောင်းခွဲကျော်အထိ ပြန်လည်ဝင်ရောက်လာခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ COVID 19 ရောဂါပိုးတွေ့ရှိသူ ၁၄ ဦးအထိ ရှိနေပြီး ယင်းထဲမှာ မြန်မာနိုင်ငံသား ၁၀ ဦး နှင့် နိုင်ငံခြားသား ၄ ဦးပါဝင်လျက်ရှိကာ မြန်မာနိုင်ငံသား ၁၀ ဦးထဲမှ ၂ဦးမှာ မြဝတီ နှင့် တာချီလိတ် မြို့များမှ တဆင့်  မြန်မာနိုင်ငံသို့ ပြန်လာရောက်ရှိလာသူများဖြစ်သည်။

You may also like these stories:

မြန်မာသို့ COVID-19 စစ်ဆေးသည့် TEST KITS ငါးသောင်း UN ထပ်ပို့မည်

နိုင်ငံကို ပိတ်ဆို့ရခြင်းအတွက် အိန္ဒိယဝန်ကြီးချုပ် တောင်းပန်

အရေးကြီးကိစ္စ မရှိရင် တပ်အပြင် မထွက်တော့ဖို့ စတင် ညွှန်ကြား

Did you find apk for android? You can find new Free Android Games and apps.
Loading