• English
Thursday, June 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုရိုနာကူးစက်ခံရပြီလို့ ပရိသတ်တွေကို စနောက်ခဲ့လို့ Kim Jae-joong ဝေဖန်ခံနေရ

by မစ်ကီ
2 April 2020
in သတင်း
A A
K-pop စတား Kim Jae-joong

K-pop စတား Kim Jae-joong

25.8k
VIEWS
Share on FacebookShare on Twitter

တောင်ကိုရီးယား Kpop စတားတဦးဟာ ဧပြီလ ၁ ရက်နေ့တုန်းက April Fool နောက်ပြောင်မှုအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ပြောဆိုခဲ့ပြီးတဲ့နောက် ဝေဖန်မှုတွေဖြစ်လာတဲ့အတွက် အဲ့ဒီ Instagram ပို့စ်ကို နောက်ပိုင်းမှာ ဖျက်ပစ်ခဲ့တယ်လို့ သိရပါတယ်။

JYJ အဖွဲ့ဝင်ဖြစ်တဲ့ Kim Jae-joong ဟာ Follower ၁ ဒဿမ ၉ သန်းရှိတဲ့ သူရဲ့ Instagram အကောင့်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရလို့ ဆေးရုံတက်လိုက်ရပြီလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

RelatedPosts

ရန်ကုန်-ပြည်လမ်းမပေါ်ထိ တိုက်ပွဲတွေရောက်လာ (ရုပ်/သံ)

ရန်ကုန်-ပြည်လမ်းမပေါ်ထိ တိုက်ပွဲတွေရောက်လာ (ရုပ်/သံ)

18 June 2025
77
စခန်းလုအထိုင်ချမှု TNLA နဲ့ SSPP ဆက်ဆံရေးတင်းမာ (ရုပ်/သံ)

စခန်းလုအထိုင်ချမှု TNLA နဲ့ SSPP ဆက်ဆံရေးတင်းမာ (ရုပ်/သံ)

18 June 2025
36
သိမ်းထားတဲ့မြို့တွေကို ကိုးကန့်ရဲ့ အထူးဒေသ (၁) အဖြစ်သတ်မှတ်ဟုဆို (ရုပ်/သံ)

သိမ်းထားတဲ့မြို့တွေကို ကိုးကန့်ရဲ့ အထူးဒေသ (၁) အဖြစ်သတ်မှတ်ဟုဆို (ရုပ်/သံ)

18 June 2025
95

အဆိုတော်၊ မင်းသား Kim က “ကျနော် COVID-19 ကူးစက်ခံလိုက်ရပါပြီ။ ကျနော့်ရဲ့ မသိကျိုးကျွံပြုမှု အကျိုးဆက် ကြောင့် အစိုးရနဲ့ ကျနော့်သူငယ်ချင်းတွေရဲ့ သတိပေးစကားတွေကို အလေးမထားဘဲ နေခဲ့မိပါတယ်” လို့ ဆိုပါတယ်။

နာရီအနည်းငယ်ကြာခဲ့ပြီးတဲ့နောက် အသက် ၃၄ နှစ်အရွယ် Kim က “April Fools’ Day” အတွက် အလွန်အကျူး စနောက်မိသွားပြီလို့ဆိုပြီး အဲ့ဒီပို့စ်ကို ပြန်လည်တည်းဖြတ်ခဲ့ပါတယ်။

သူ့ကို စိတ်ပူပေးကြတဲ့ ပရိသတ်တွေကိုတော့ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ သူက “ဒါက April Fool စနောက်မှုလို့ မထင်ပါဘူး။ ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းဟာ ခင်ဗျားတို့ရဲ့ဘေးက တန်ဖိုးရှိတဲ့သူတွေကို ကာကွယ်ပေးတာပဲဖြစ်တယ်လို့ ကျနော်ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

တောင်ကိုရီးယားမှာရှိတဲ့ Naver လိုမျိုး အဓိက Portal တွေမှာ “Kim Jae-joong” နဲ့ “Kim Jae-joong April Fools'” တွေက ရှာဖွေမှုအများဆုံးစကားလုံးတွေထဲ ထိပ်ဆုံးမှာရှိနေခဲ့ပြီး K-pop စတားတဦးအနေနဲ့ နောက်ပြောင်တာလား၊ လူတွေ အသိရှိဖို့ လုပ်ဆောင်ချင်တာလားဆိုတာကို ပြောဆိုငြင်းခုန်မှုတွေ ဖြစ်လာခဲ့ပါတယ်။

Twitter အသုံးပြုသူတဦးက “Kim Jae-joong ဘာဖြစ်နေတာလဲ။ အခုလိုမျိုး စိုးရိမ်စိတ်များနေတဲ့ အချိန်မှာ လိမ်ညာနေတာလား” လို့ ရေးပါတယ်။

ကိုရီးယားရောဂါထိန်းချုပ်ရေးစင်တာတာဝန်ရှိသူတဦးကတော့ အဆိုတော် Kim ကို အပြစ်ပေးဖို့ စဉ်းစားထားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ ကျန်းမာရေးဆိုင်ရာ အာဏာပိုင်တွေကတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ဘယ်လိုနောက်ပြောင် ကျီစယ်မှုကိုမဆို လုပ်ဆောင်ခြင်း မပြုဖို့ ဧပြီလ ၁ ရက်နေ့ အစောပိုင်းမှာပဲ သတိပေးထားပါတယ်။

အဆိုတော် Kimရဲ့ အေဂျင်စီဖြစ်တဲ့ C-Jes အင်တာတိန်းမန့်ထံ မှတ်ချက် တစုံတရာပေးဖို့ တောင်းခံရာမှာလည်း ပြန်လည် ဖြေကြားတာမျိုး မရှိသေးပါဘူး။ တောင်ကိုရီးယားဥပဒေအရ နိုင်ငံအစိုးရတာဝန်ရှိသူတွေနဲ့ အစိုးရ အေဂျင်စီတွေကို လိမ်လည်တာနဲ့ လှည့်စားတာမျိုး စစ်ဆေးတွေ့ရှိရမယ်ဆိုရင် ထောင်ဒဏ် ၅ နှစ် ဒါမှမဟုတ် ဝမ် ၁၀ သန်းအထိ ဒဏ်ကြေး ချမှတ်ခံရနိုင်ချေ ရှိပါတယ်။

Ref:Reuters

You may also like these stories:

COVID-19 ကြောင့် ‘Star Wars’ ရုပ်ရှင်မင်းသား Andrew Jack ကွယ်လွန်

စင်ကာပူနိုင်ငံရဲ့ COVID-19 ကိုင်တွယ်ပုံကို မင်းသမီး Barbra Streisand ချီးကျုး

COVID-19 ကာလမှာ လိုအပ်သူများကို ကူညီဖို့ ပေါင် ၁ ဒဿမ ၃ သန်း Simon Cowell လှူဒါန်း

Your Thoughts …
Tags: K-PopKim Jae-joong
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

K-pop၊ စာပေနိုဘယ်ဆုနှင့် တောင်ကိုရီးယား အာဏာရှင်များ

K-pop၊ စာပေနိုဘယ်ဆုနှင့် တောင်ကိုရီးယား အာဏာရှင်များ

by Justin McCurry နှင့် Raphael Rashid
14 December 2024
763

“သမ္မတရဲ့ဆင်ခြင်တုံတရားမဲ့ စစ်အုပ်ချုပ်ရေး ကြေညာမှုဟာ စီးပွားရေးထိခိုက်နစ်နာမှု အကြီးအကျယ်ဖြစ်စေပြီး ပြည်တွင်းပြည်ပက အမျိုးသားပုံရိပ်ကို ထိခိုက်စေတယ်”

စုံစမ်းစစ်ဆေးနေချိန်အတွင်းမှာတော့ အဲ့ဒီစစ်သား ၃ ဦးဟာ တောင်ကိုရီးယားအကမှန်း မသိခဲ့ကြောင်း ဝန်ခံထားပါတယ်။

BTS သီချင်းနဲ့ ကခုန်မိလို့ မြောက်ကိုရီးယား စစ်သား ၃ ဦး အဖမ်းခံရ

by မစ်ကီ
13 August 2020
5.3k

အဲ့ဒီဖြစ်ရပ်ဟာ သြဂုတ်လ ၅ ရက်နေ့ တောင်ပိုင်း Hamgyong ပြည်နယ်က Sokhu ဘူတာရုံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း သေဆုံးခဲ့သူ ကိုလင်းထက်

သေဆုံးသူ ကိုလင်းထက်အတွက် BLACKPINK ပရိသတ်တွေ ဝမ်းနည်းစကားဆို

by မစ်ကီ
14 March 2021
13.8k

"On The Ground" သီချင်း ဂီတဗီဒီယိုကို Rosé က မဖြန့်ချိမီ နာရီပိုင်းအလိုမှာ ကိုလင်းထက် သေဆုံးခဲ့ရပြီးတဲ့နောက် ပရိသတ် တော်တော်များများဟာ ဖြေမဆည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။

K-pop f(x) အဖွဲ့ဝင်ဟောင်း၊ သရုပ်ဆောင် Sulli

စိတ်ကျရောဂါကြောင့် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့တဲ့ Sulli

by Aurora
15 October 2019
9.3k

Sulli ဟာ တောင်ကိုရီးယားနိုင်ငံ၊ Seongnam မြို့ရှိ သူမရဲ့ နေအိမ်မှာ ညနေ ၃ နာရီကျော်လောက်က သေဆုံးခဲ့တာပါ။

တောင်ကိုရီးယား နာမည်ကြီး K-pop အဆိုတော်အဖွဲ့ BigBang

YG Entertainment နဲ့ စာချုပ်အသစ် ထပ်မံ ချုပ်ဆိုလိုက်တဲ့ BigBang အဖွဲ့

by Aurora
11 March 2020
7.3k

မတ်လ ၁၁ ရက်နေ့မှာ ထွက်ပေါ်လာခဲ့တဲ့ BigBang အဖွဲ့ စာချုပ်သစ် ချုပ်ဆိုတာနဲ့ ပတ်သက်တဲ့ သတင်းတွေမှာ ပရိသတ်တချို့ကတော့ ဒေါသထွက်နေတဲ့ မှတ်ချက်စကားတွေ ရေးသားခဲ့ကြပါတယ်။

တရုတ်အဆိုတော် Huang Zitao

ဖခင်ကွယ်လွန်ပြီးနောက် အမွေရပြီး ဘီလီယံနာ ဖြစ်လာတဲ့ အဆိုတော် Huang Zitao

by မစ်ကီ
18 September 2020
12.7k

အရင်တုန်းက လုပ်ခဲ့တဲ့ အင်တာဗျူးတွေမှာတော့ Huang ဟာ သူ့မိသားစုရဲ့ငွေကြေး အခြေအနေကို သားဖြစ်သူထံ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူးလို့ ဆိုပါတယ်။

Next Post
သင်းခွေချပ်တွေမှာလည်း ကိုရိုနာဗိုင်းရပ်စ် ရှိကြောင်း သုတေသနလုပ်သူတွေက ဆိုကြောင်း National Geographic မဂ္ဂဇင်းမှာ ရေးသားဖော်ပြခဲ့ပါတယ်။

လင်းနို့၊ သင်းခွေချပ်နဲ့ ကိုဗစ်-၁၉

ထိုင်းနိုင်ငံမှာ တွေ့ရတဲ့ အစားအသောက် ပို့ဆောင်သူ တဦး

Delivery Service တွေ ခေတ်စားကုန်ပြီ

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

2 years ago
94.3k

Most Read

  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate