နေပြည်တော်ရှိ COVID-19 အတည်ပြု လူနာ အသက် ၅၈ နှစ်ရွယ် ဆွစ်ဇာလန်နိုင်ငံသူနှင့် ထိတွေ့ ခဲ့သူများကို ကျန်း မာရေးအရ စစ်ဆးရာတွင် ဗိုင်းရပ်စ်ပိုး တွေ့ ရှိရမှု မရှိသလို အတည်ပြုလူနာမှာလည်း ကျန်းမာရေး ကောင်း မွန်လျက်ရှိ ကြောင်း နေပြည်တော်၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ တိုင်းဦးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောသည်။
ယခု အတည်ပြုလူနာသည် နေပြည်တော်တွင် နေထိုင်သည့် ကုလသမဂ္ဂဝန်ထမ်းတဦးဖြစ်ပြီး ဗိုင်းရပ်စ်ပိုးတွေ့ ပြီးနောက် ၎င်းနှင့်လေယာဉ် တစီးတည်းအတူ စီးခဲ့သူများ၊ လေဆိပ်တွင် စစ်ဆေးသူ၊ တက္ကစီယာဉ်မောင်း၊ အိမ်အကူနှင့် ဟိုတယ် ဝန်ထမ်းများကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်
ဒေါက်တာမြတ်ဝဏ္ဏစိုးက“အဖြေလည်း ထွက်ပြီးပါပြီ။ သူရဲ့ Contact တွေ အားလုံးကလည်း Nagitive ပါ။ သူ (ဆွစ်ဇာလန် နိုင်ငံသူ) ကလည်း စကတည်းက Positive သာဖြစ်တာ တရက်ပဲ ဖျားပြီး အဖျားတောင် မရှိဘူး။ ကျန်းကျန်း မာမာပဲ အောက်ဆီဂျင်လည်း လုံးဝမပေးရဘူး”ဟု ပြောသည်။
ယင်းအတည်ပြုလူနာ ဆွစ်ဇလန်နိုင်ငံသူကို သတ်မှတ်ရက်ထိ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးသွားမည် ဖြစ် ပြီး နောက်တကြိမ် ပြန်လည်စစ်ဆေးရာတွင် COVID-19 ပိုးမတွေ့ဘဲ ကျန်းမာရေး ကောင်းမွန် လာပါက ဆေးရုံ က ပေးဆင်းတော့မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
နေပြည်တော်ကောင်စီနယ်မြေတခုလုံးတွင် COVID – 19 ပိုးတွေ့ လူနာတဦးမှလွဲ၍ အခြား သံသယလူနာပင် မရှိသေးကြောင်း၊ ယခု ဧပြီလ ၂ ရက်နေ့ နေ့လည်အထိ ပြည်ပမှ ပြန်လာသူအများစုအပါအဝင် လူပေါင်း ၆၈၀ ခန့်ကို စောင့်ကြည့် လူနာများအဖြစ် နေပြည်တော်စည်ပင်ရိပ်သာနှင့် သတ်မှတ်ဆေးရုံများတွင် ထားရှိကြောင်း သိရသည်။
“နေပြည်တော်ထဲမှာ ပုံမှန်အတိုင်းပဲ သွားလာနေပါတယ်။ အဖျားအနာများတဲ့ လက္ခဏာတွေကလည်း အခုထိ မတွေ့ရသေးပါဘူး။ ဆေးရုံတွေကလည်း လိုအပ်တဲ့ပြင်ဆင်မှုတွေ ဆောင်ရွက်နေပါ တယ်”ဟု ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောသည်။
ယင်းအတည်ပြုလူနာ နေထိုင်ခဲ့သည့် M – Gallery ဟိုတယ်မှာလည်း အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မှုရှိပြီး ယင်းလူနာ တွင် ထိတွေ့ ဆက်ဆံရာတွင် နိုင်ငံခြား ခရီးစဉ် ပြန်လာကတည်းက သတိနှင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ယင်းဟိုတယ် အသိုင်းအဝိုင်းမှ သိရသည်။
နေပြည်တော်ကောင်စီနယ်မြေတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို အစိုးရဌာနဆိုင်ရာ အဖွဲ့ အစည်းများနှင့် စေတနာ့ဝန်ထမ်းများက လုပ်ဆောင်နေသလို တပ်မတော်ဘက်မှာလည်း နေပြည်တော် အမှတ် ၃ စစ် ကြောရေးနှင့် တည်းခိုရေးစခန်းတွင် စောင့်ကြည့်လူနာ တသောင်းခွဲ အထိထားနိုင်ရန် ပြင်ဆင်ထားမှုများ ပြုလုပ်ထား ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဧပြီလ ၁ ရက်နေ့၊ ည ၈ နာရီအထိ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိသူ ၁၆ ဦးနှင့် သေဆုံး ၁ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံမှ စတင်ပြန်ပွားခဲ့သော ကိုရိုနာဗိုင်းရစ်ပ်သည် ကမ္ကာပေါ်ရှိ နိုင်ငံအားလုံးနီးပါးကို ကူးစက်ပျံ့နှံ့နေပြီး ကမ္ကာနှင့်အဝှမ်းတွင် COVID-19 ကူးစက်လူနာ ၉ သိန်း ၃ သောင်ကျော်နှင့် သေဆုံးသူ ၄ သောင်း ၇ ကျော်ထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။