• English
Monday, July 14, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျန်းမာရေးထုတ်ပြန်ချက် မလိုက်နာသည့် ပန်တော်ဦးယာဉ်လိုင်းအား ပြေးဆွဲခွင့် ပိတ်သိမ်း

by မြတ်ပြည့်ဖြိုး
2 April 2020
in သတင်း
A A
မန္တလေး ပန်တော်ဦး ကားဂိတ်  / ဇော်ဇော် / ဧရာဝတီ

မန္တလေး ပန်တော်ဦး ကားဂိတ် / ဇော်ဇော် / ဧရာဝတီ

52.3k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း အစိုးရက ထုတ်ပြန်ထားသော အဝေးပြေး ခရီးသည်ယာဉ်လိုင်းများ လိုက်နာရမည့် ကျန်းမာရေး ဆိုင်ရာ ထုတ်ပြန်ချက်ကို မလိုက်နာဘဲ ခရီးသည် ပိုမိုတင်ဆောင်ခဲ့သော ပန်တော်ဦးယာဉ်လိုင်း၏ ယာဉ်လိုင်း ပြေးဆွဲခွင့်ကို ယနေ့မှ စတင် ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း တိုင်းကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

အထက်ပါ ဌာန လက် အောက်ရှိ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနမှ ဒုတိယ ဦးစီးမှူး ဦးမောင်မောင် အေးထွန်းက “ချက်ချင်းပဲ ညတွင်းချင်းစစ်ဆေးခဲ့ပြီး ဒီနေ့မနက်မှာတော့ တိုင်းအစိုးရ အဖွဲ့ ညွှန်ကြားချက်အရ ကျန်းမာရေးဆိုင်ရာ ထုတ်ပြန်ချက်တွေကို မလိုက်နာတဲ့ ပန်တော်ဦးကို ဒီနေ့ကစပြီး ပိတ်သိမ်းလိုက်ပါပြီ” ဟု ပြောသည်။

RelatedPosts

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

13 July 2025
155
ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
104
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
276

ဖြစ်စဉ်မှာ မတ်လ ၃၁ ရက်နေ့ ညက မန္တလေးမှ မကွေးသို့ ထွက်ခွာမည့် မန္တလေးအခြေစိုက် ပန်တော်ဦး ယာဉ်အ သင်းမှ ခရီးသည်တင် မှန်လုံယာဉ်သည် သတ်မှတ်ခရီးသည် ဦးရေ ထက်ကျော်လွန် တင်ဆောင်ခဲ့ကြောင်း ခရီးသည် တဦးက လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တိုင်းအစိုးရအဖွဲ့က စစ်ဆေးခဲ့ပြီးနောက် အဆိုပါ ဖြစ်စဉ် မှန်ကန်နေသဖြင့် ယာဉ်လိုင်းအား ယခုလိုအရေးယူရခြင်းဖြစ်သည်ဟု သိရသည်။

ပန်တော်ဦး ယာဉ်လိုင်းပိုင်ရှင် ဦးသန်းနိုင်က “ဒီလိုသင်္ကြန်ကာလဆိုတော့ လက်မှတ်ကလည်း ရက်ကြိုရောင်းရတာဆိုတော့ သူ့ရက်နဲ့သူ ဖြတ်ပြီးသားတွေ ဖြစ် နေတယ်။ အဲဒီအထဲမှာမှ နဂိုက လက်မှတ်ဖြတ်ပြီးသား စက်မှုထဲမှာ အလုပ်လုပ်နေတဲ့ ကလေး ၅ ယောက်က မနက်ဖန် မနက်မှ ရွာကို မဝင်ရင် ရွာက အဝင်မခံတော့တာရယ်၊ ဒီမှာလည်း စားစရာ နေစရာ မရှိဘူးလို့ စောပြန် ပါရစေလို့ ပြောတဲ့အတွက် ဒုက္ခရောက်တာကို ငဲ့ပြီး လုပ်ပေးခဲ့လိုက်တယ်။ ပြီးတော့ ဂိတ်မှာလည်း လမ်းစရိတ်ပြတ် လို့ဆိုပြီး အလကားတင်ရမယ့်၂ ယောက် ကလည်း ရှိနေတယ်။ အဲဒီမှာ ၇ ယောက် ပိုသွားတာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ရှင်းပြသည်။

၎င်းက၍ “အခုလို ယာဉ်လိုင်း ပိတ်သိမ်းခံလိုက်ရတော့ ဒါကို မှီခိုနေတဲ့ ဝန်ထမ်းအယောက် ၇၀ နီးပါး၊ ကားတွေပါ ဘယ်လောက် နစ်နာမလဲ ဆိုတာ ထည့်ပြီး စဉ်းစားပေးသင့်ပါတယ်။ လောလောဆယ်တော့ အခက်အခဲ ဖြစ်ပေမယ့် ဘာဆက်လုပ် ရမလဲ ဆိုတာတော့ စိတ်အေးလက်အေး စဉ်းစားပြီး လုပ်သင့်တာ လုပ်မှာပါ” ဟု ပြောသည်။

ပန်တော်ဦးယာဉ်လိုင်းသည် မန္တလေး ချမ်းမြရွှေပြည်ကားကွင်း (ကျွဲဆည်ကန်ကားကွင်း) တွင် အခြေစိုက်၍ မကွေးတိုင်းရှိ မြို့များသို့ ပြေးဆွဲလျက်ရှိသည်မှာ ၈ နှစ်ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်း အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်လင်း က “ပန်တော်ဦး ယာဉ်လိုင်းက လုပ်ငန်းတွေ အားလုံးကို ယကက က လွှဲယူလိုက်တယ်။ ယူပြီးတဲ့အခါမှ လုပ်ငန်း လုပ်စရာရှိတာ ပြီးစီးအောင် ဆက်လုပ်ပေးရမှာပေါ့။ လက်ခံထားတဲ့ကုန်၊ လက်မှတ်ဖြတ်ထားတဲ့ ခရီးသည်တွေရှိမယ်။ အဲဒါတွေကို အခက်အခဲ မဖြစ်ဖို့ အားလုံးအဆင်ပြေအောင် ကျနော်တို့ စီစဉ်ပေးမှာ ဖြစ်ပါတယ်။” ဟု ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်နိုင်ရန်အတွက် မန္တလေးတိုင်းအစိုးရအဖွဲ့က မန္တလေးမှ အခြားပြည်နယ်၊ တိုင်းများ သို့ ထွက်ခွာမည့် ခရီးသည်ယာဉ်အသင်းများကို မတ်လ ၂၈ ရက်မှ ဧပြီ ၃၀ အထိ ယာဉ်အမျိုးအစားအလိုက် ယာဉ် ၁ စီးတွင် မူလတင်ဆောင်နိုင်သည့် ခရီးသည် အရေအတွက်၏ ထက်ဝက်ကိုသာ တင်ဆောင်၍ ယာဉ်စီးခကို လက်ရှိ ထက် ၂ ဆ တိုးမြင့်ရောင်းချရန် ဒေသဆိုင်ရာ ထုတ်ပြန်ချက် အဖြစ် ညွှန်ကြားခဲ့သည်။

ဆက်စပ်လင့်

ခရီးသည် တဝက်တင်၍ ယာဉ်စီးခ ၂ဆ ယူရန် မန္တလေးတိုင်းအစိုးရ ကြေညာ

မန္တလေးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ လူနာ စတင်တွေ့

Your Thoughts …
Tags: ပန်တော်ဦးယာဉ်လိုင်း
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ပေါက်ခေါင်းမြို့ရှိ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင်များနေထိုင်သည့် ဝန်ထမ်းအိမ်ယာနှင့် လမ်း ၂ လမ်းကို ယမန်နေ့က စတင် Lockdown ချထားစဉ်  / မြေလတ်အသံ

ပေါက်ခေါင်းမြို့နယ်မှ မိသားစုဝင် ၄ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ

မန္တလေးမြို့၌ ပိုးသတ်ဆေးလိုက်လံဖြန်းပေးနေသော စေတနာ့ဝန်ထမ်းများကို တွေ့ရစဉ်  / Save Mandalay from COVID - 19

မန္တလေးမြို့တွင် စေတနာ့ဝန်ထမ်းများကို အဆောင်များ၊ ရပ်ကွက်များက လက်မခံမှုများရှိနေ

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.7k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

5 days ago
3k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate