COVID-19 ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် လုပ်ဆောင်ပေးနေသည့် စေတနာ့ ဝန်ထမ်း (Volunteer) ကို အဆောင်များ၊ ရပ်ကွက်များက လက်မခံခြင်းများ ရှိနေသည်ဟု လူမှုကူညီရေး အသင်းများ ထံက သိရသည်။
ထိုသို့ လက်မခံခြင်းများကြောင့် အဆောင်နေသူအချို့၊ အိမ်ငှားနေသူများသည် သက်ဆိုင်ရာ Volunteer Team များ တွင် ပြောင်းရွေ့နေထိုင်သူများ ရှိလာကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း ဒေသကြီး) ဥက္ကဋ္ဌ ဦးလှိုင်မင်းဦးက ပြောသည်။
“ကျနော်တို့နဲ့ ပူးပေါင်းပြီး ကုသိုလ်ယူနေတဲ့ Volunteer Team တွေနဲ့ ပတ်သက်ပြီး ဒီထက် အခြေအနေ ဆိုးလာရင် သီးခြားခွဲပြီး နေထိုင်ဖို့အတွက် တဲတွေကို အဆင်သင့် ပြုလုပ်ထားပါတယ်။ ဒီထက်ဆိုးလာရင် သူတို့ကို ကျနော်တို့ ကိုယ်တိုင် အိမ်ပြန်ခွင့် မပေးတော့ပါဘူး။ အခုဖြစ်ခဲ့တာကတော့ စိုးရိမ်စိတ်ကြောင့် ဖြစ်ခဲ့တာလို့ပဲ ပြောချင်ပါတယ်” ဟု ဆိုသည်။
ယခုအခါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုအား ထိန်းချုပ်နိုင်ရန် အတွက် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် အတူ အရပ် ဘက် လူမှုအဖွဲ့အစည်းများကလည်း ပူးပေါင်း လုပ်ဆောင်ပေးလျက်ရှိရာ လူငယ် Volunteer များလည်း ပါဝင်နေကြ သည်။
ချမ်းမြသာစည် မြို့နယ်ရှိ အဆောင်တခုမှ နှင်ချခံရသည့် အမည်မဖော်လိုသူ တဦးက “စိတ်ထဲမှာ အောင့်သက်သက်နဲ့ ခံရခက်တာပဲ ရှိပါတယ်။ တဖက်က လူတွေ စိတ်ထိခိုက်စရာ ဖြစ်လာတဲ့အတွက် စိတ်မကောင်းဘူး။ အစော ကတည်း က ကြိုတင် စီစဉ်ထားတာတွေ ရှိပါတယ်။ Volunteer စလုပ်မယ် ဆိုကတည်းက ကြိုတင် မျှော်လင့်ထားပြီးသားပါ။ လူနာတွေလည်း အရမ်းများပြီး Serious ဖြစ်လာတဲ့ အချိန်မှာ အခုလိုမျိုးတွေ ဖြစ်လာမယ်လို့ ထင်တာ။ ဒါပေမယ့် ရက် ပိုင်းအတွင်း ဖြစ်လာတဲ့အတွက် စိတ်မကောင်းတာက လွဲရင် ဘာမှမဖြစ်ပါဘူး” ဟု ပြောသည်။
မန္တလေးတိုင်း ဒေသကြီးတွင် COVID-19 ရောဂါနှင့် ပတ်သက်၍ လူနာများ ပို့ဆောင်သည့် လမ်းကြောင်း လိုအပ်ချက် များကို ပိုမို ကျယ်ပြန့်စွာ လုပ်ဆောင်ပေးနိုင်ရန်နှင့် အကူအညီပေးနိုင်ရန် တိုင်းအတွင်းရှိ လူမှုကူညီရေး အသင်း ၂၅၀ ကျော်ဖြင့် ချိတ်ဆက် ဆောင်ရွက်လျက် ရှိသည်။
ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်ကလည်း “Volunteer တွေနဲ့ ပတ် သက်ပြီးတော့ ကျနော်တို့ လောလောဆယ် ဘာမှလုပ်မပေးနိုင်သေးပါဘူး။ သို့သော် ကျနော်တို့က သူတို့အပေါ်ကို လည်း နားလည်သလို မထားတော့ဘူးဆိုတဲ့သူတွေကိုလည်း အတင်း ထားခိုင်းလို့လည်း မရဘူး။ Volunteer ကလေး တွေက Contact Person ဖြစ်ခဲ့မယ်ဆိုရင် အဲဒီနေရာတွေကလည်း အလိုအလျှောက် Quarantine လုပ်ခံရမှာဆို တော့ အဲဒီအပေါ်မှာလည်း ကြောက်မယ် ထင်ပါတယ်။ ကျနော်ကတော့ နှစ်ဖက်လုံး ထည့်စဉ်းစားပေးတာပေါ့လေ”ဟု ပြောဆိုသည်။
ယခုအခါ မန္တလေးတိုင်းအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်ရောက်လာသူများကို စောင့်ကြည့်ရန်နှင့် COVID -19 ကာ ကွယ်ရေးအတွက် တိုင်းအတွင်းရှိ ကျေးရွာများတွင် လူ ၃၀ ဦး ခန့်ပါဝင်သည့် စေတနာ့ ဝန်ထမ်းအဖွဲ့များကို ဖွဲ့စည်း၍ စောင့်ကြည့်မှုများကို လုပ်ဆောင်လျက် ရှိသည်။
Volunteer Team တွင် ရွေ့ပြောင်း နေထိုင်ပေးခဲ့ရသူ တဦးက “ကျနော်က မနေ့ကမှ Volunteer စပြီး လုပ်ခဲ့တာပါ၊ လာလုပ်တဲ့နေမှာပဲ ရပ်ကွက် ဥက္ကဋ္ဌက လှမ်းမေးတယ်၊ Volunteer လုပ်ဦးမှာဆိုရင် ရပ်ကွက်ထဲကို ပြန်မဝင်လာဖို့ ပြောပြီး ပစ္စည်းလာသိမ်းခိုင်းတာမျိုးတွေ ရှိတယ်။ ကျနော်က ကိုယ်ပိုင်အိမ်နဲ့ မိသားစုနဲ့ အတူနေတာပါ” ဟု ပြော သည်။
ထိုသို့သော အခြေအနေမျိုး ဖြစ်လာနိုင်ခြေ ရှိသဖြင့် လူမှုကူညီရေး အသင်းများ အနေဖြင့် Volunteer လုပ်ဆောင်သူ များအတွက် ကြိုတင် စီစဉ်မှုများကို ပြုလုပ်ပေးထားသည် ဟု ဆိုသည်။
အရေးပေါ် လူနာတင်ယာဉ်ဆိုင်ရာ သတင်းအချက်အလက် ညှိနှိုင်းကွပ်ကဲရေး ဌာနမှ မနွေးနွေးက “ကျနော်တို့မှာ ကြို တင် စီစဉ်ထားတာတွေလည်း ရှိပါတယ်။ အရေးကြီးလာတဲ့ အချိန်ရောက်ရင် Volunteer တွေကို လူထုနဲ့ ထိတွေ့ရမှာ မျိုးတွေ ရှိလာမှာ ဖြစ်တာကြောင့် အကုန်လုံးကို Camp သွင်းပြီး ထားနိုင်အောင် စီစဉ်ထားပြီးသား ရှိပါတယ်။ Volunteer တွေ အနေနဲ့ Camp ကနေ သွားလာလှုပ်ရှားကြမယ် ဆိုတာမျိုးကို အစောကည်းက စီစဉ်ထားပါတယ်” ပြောသည်။
ယခုအခါ နေထိုင်စရာ အခက်အခဲ ရှိလာသည့် Volunteer များကို သက်ဆိုင်ရာ အသင်းရုံးများ၊ ဘုန်းတော်ကြီး ကျောင်းများက လက်ခံပေးထားကြောင်း သိရသည်။
လွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်က “မြို့ခံ CSO တွေ၊ ဘုန်းတော်ကြီးကျောင်းတွေက အခုလို လုပ်ပေးကြတာ က အလွန်ကောင်းပါတယ်။ ဒီအချိန်ကတော့ အားလုံးက ကိုယ်ချင်းစာ တရားနဲ့ နေကြရတာဆိုတော့လည်း ဘယ်သူ့ ကိုမှ အပြစ် ပြောလို့မရပါဘူး။ အကယ်၍များ လူနာနဲ့ ထိတွေ့ခဲ့မှုကြောင့် Quarantine လုပ်ခံရရင် နေတဲ့အိမ်တင် မဟုတ်ဘဲ ပတ်ဝန်းကျင်ကိုပါ Lock Down ချခံရမှာ ကြောက်တယ်လို့် ထင်ပါတယ်” ဟု ဆက်လက် ပြောသည်။
ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီ ရပ်ကွက်၊ တဝမေတ္တာ လူမှုကူညီရေး အသင်းမှ ကိုအောင်စိုးဦးကလည်း “Volunteer လာလုပ်ကြတဲ့သူတွေကို အသင်းရုံးမှာပဲ နေစရာ လုပ်ပေးထားပါတယ်။ လက်ရှိအချိန်အထိ Volunteer တွေထဲက Quarantine ထိတဲ့သူ တယောက်မှ မရှိသေး ပါဘူး။ နေစရာအခက်အခဲ ရှိလာနိုင်တဲ့ Volunteer များလာမယ် ဆို ရင်တော့ တမျိုး ထပ်စီစဉ်ပေးရမှာပေါ့” ဟု ပြောသည်။
ယခင် ရက်ပိုင်းများကလည်း အိမ်ငှားနှင့် အဆောင်များတွင် ငှားရမ်းနေထိုင်လျက ်ရှိသော မန္တလေးမြို့ပေါ်ရှိ အစိုးရ ဆေးရုံများတွင် တာဝန် ထမ်းဆောင်နေသည့် ဆရာဝန်များနှင့် သူနာပြုများကို အိမ်ရှင်များက ဆက်လက် နေထိုင်ခွင့် မပေးခဲ့မှုများလည်း ဖြစ်ပေါ်ခဲ့သည်။
မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဧပြီလ ၁ ရက် သတင်းထုတ်ပြန်ချက်များအရ ဟိုတယ်တွင် အသွားအလာ ကန့် သတ်စောင့်ကြည့်ခြင်း (Hotel Quarantine) ပြုလုပ်ထားသူ ၉၂ ဦး၊ သတ်မှတ်နေရာတွင် အသွားအလာ စောင့်ကြည့် ခြင်း (Facility Quarantine) ပြုလုပ်ထားသူ ၃၆၈၃ ဦး ထိရှိပြီး ဟိုတယ်နှင့် သတ်မှတ်နေရာများတွင် ထားရှိကာ အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း (Quarantine) ပြုလုပ်ထားသူ ၃၇၀၀ ကျော် ရှိကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
COVID-19 ကန့်သတ်စောင့်ကြည့်ခံရသူများနှင့် စောင့်ကြည့်ဝန်ထမ်းများ ခွဲခြားဆက်ဆံခံရ
မန္တလေးတိုင်းအတွင်း ပြည်တော်ပြန်များ Quarantine လုပ်မည့်နေရာ ၆၀၀ ကျော်ရှိ