သတင်း

အမိန့် ချိုးဖောက် မင်္ဂလာဆောင်သူ သတို့သား၊ ထောင်၆ လနှင့် ကျပ် ၁၀ သိန်း ဒဏ်ရိုက်

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်း ထုတ်ထားသည့် ဒေသန္တရအမိန့်ကို ချိုးဖောက်ကာ လူစုလူဝေးဖြင့် မင်္ဂလာ ဆောင်ခဲ့သူ သတို့သား မောင်ထန်လင်းရှိန်(လင်းရှိန်)အား ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေ ကျပ် ၁၀ သိန်း ပေးဆောင်ရန် တမူးမြို့နယ်တရားရုံးမှ ဧပြီ ၃ ရက်နေ့က အမိန့်ချလိုက်ကြောင်း တမူးခရိုင် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ပြောသည်။

၎င်းသည် အမေရိကန်နိုင်ငံသားခံယူထားသူဖြစ်ပြီး ၎င်းနှင့် သတို့သမီးဖြစ်သူ မမိုင်နိတ်လမ်း(ခ) လာလမ်းတို့သည် ခမိတ် ကျေးရွာအုပ်စု၊ ခွန်မွန်းနွန်ရွာတွင် မတ်လ ၂၈ ရက်နေ့က မင်္ဂလာပွဲကျင်းပခဲ့ခြင်းဖြစ်သည်။

တမူးမြို့နယ်တရားရုံးမှ မောင်ထန်လင်းရှိန်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ၃၀(က)အရ ထောင်ဒဏ် ၆ လနှင့် လဝက အက်ဥပဒေ ပုဒ်မ၁၃(၁)အရ ဒဏ်ငွေကျပ် ၁၀ သိန်းပေးဆောင်ရန်(သို့) ဒဏ်ငွေ မပေး ဆောင်ပါက ထောင်ဒဏ် ၆ လကျခံရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းမှ ဒဏ်ငွေပေးဆောင်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ၎င်း၏ ဖခင်ဖြစ်သူ ဦးထန်ခိုလွန်းကိုလည်း အမေရိကန်နိုင်ငံသားဖြစ်သူ မောင်ထန်လင်းရှိန် နေအိမ်တွင် သက်ဆိုင်ရာမှ ခွင့်ပြချက်မရှိဘဲ တည်းခိုနေထိုင်မှုအား သက်ဆိုင်ရာသို့ သတင်းပို့ရန် ပျက်ကွက်ခဲ့သည့်အတွက် နိုင်ငံခြားသားများ မှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ ၅(၁) ဖြင့် ဒဏ်ငွေ ကျပ် ၁၀ သိန်းပေးဆောင်ရန်(သို့) ဒဏ်ငွေ မပေးဆောင်ပါက ထောင်ဒဏ် ၆ လချမှတ်ရန် အမိန့်ချမှတ်ခဲ့ပြီး ဦးထန်ခိုလွန်းမှ ဒဏ်ငွေဆောင်ခဲ့ကြောင်းလည်း တမူးခရိုင် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုထားသည်။

တမူးခရိုင်အတွင်း COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဧပြီ ၃ ရက်နေ့အထိ နိုင်ငံခြားမှ ပြန်လည် ရောက်ရှိလာသူ ၅၇ ဦးအား Community Based Fecility Quarantine နေရာ ၁၁ ခု သတ်မှတ်ထားရှိကာ စောင့်ကြည့် လျှက်ရှိကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်

စောင့်ကြည့်ကာလအတွင်း စည်းကမ်းဖောက်ဖျက် သူများကို တရားစွဲထောင်ချပြီ

တမူး၌ COVID-19 ဒေသန္တရအမိန့် ချိုးဖောက် မင်္ဂလာဆောင်သူ အမှုဖွင့် အရေးယူ

ဝက်လက်မြို့နယ်မှ ထွက်ပြေးသည့် COVID-19 စောင့်ကြည့်လူနာကို ဖမ်းမိ

Did you find apk for android? You can find new Free Android Games and apps.
Loading