• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လူထုအတွက် လိုအပ်သည့် လုပ်ငန်းများသာ ဖွင့်ရန် မန္တလေးတိုင်းအစိုးရ အမိန့်ထုတ်

by ဒီလှိုင်းဝင်း
4 April 2020
in သတင်း
A A
မန္တလေးမြို့ ချမ်းမြရွှေပြည် ( ကျွဲဆည်ကန်) အဝေးပြေး ကားဝင်း / ဒီလှိုင်းဝင်း / ဧရာဝတီ

မန္တလေးမြို့ ချမ်းမြရွှေပြည် ( ကျွဲဆည်ကန်) အဝေးပြေး ကားဝင်း / ဒီလှိုင်းဝင်း / ဧရာဝတီ

12.5k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်းဒေသကြီးအတွင်း ပြည်သူလူထု အသုံးပြုရန် မရှိမဖြစ် လိုအပ်သည့် လုပ်ငန်းအချို့မှ လွဲပြီး အခြား လုပ်ငန်း အားလုံး ဧပြီ ၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ ယာယီပိတ်သိမ်းရန် တိုင်းအစိုးရက ယနေ့ ထုတ်ပြန်လိုက်သည်။

တိုင်းဒေသကြီးအတွင်း မရှိမဖြစ်လိုအပ်သည့် စားသောက်ကုန် ရောင်းချခြင်းနှင့် ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ ဆေးဝါး ပစ္စည်း အရောင်းဆိုင်များ၊ ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းများ၊ ပုဂ္ဂလိက ဆေးရုံများ၊ စက်သုံးဆီဆိုင်များ၊ လျှပ်စစ်ဓာတ် အားပေးရေး လုပ်ငန်းများ၊ ဘဏ်များ အစရှိသည့် လုပ်ငန်းများမှာ ဖွင့်လှစ်ရမည် ဖြစ်ကြောင်း သိရသည်။

RelatedPosts

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
86
ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

23 June 2025
2.7k
အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
309

အဆိုပါ လုပ်ငန်းများမှ လွဲ၍ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ Inn များ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အဝတ်အထည် ဆိုင်များ အစရှိသည့် လုပ်ငန်းများအားလုံးသည် ဧပြီ ၆ ရက်နေ့မှ ၂၁ ရက်နေ့ အထိ ခေတ္တယာယီပိတ်သိမ်း ရမည် ဖြစ်သည်။

“COVID-19 ရောဂါနဲ့ ပတ်သက်ပြီး အင်မတန် အရေးကြီးတဲ့ အချိန် ရောက်လာပါပြီ၊ ကာကွယ်ရေးလုပ်ငန်းတွေကို အထူး ဂရုပြုရမယ့် ရောဂါဖြစ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအနေနဲ့ တင်းကြပ်မှုတွေ ထပ်မံ လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ ခရီးသွားလာမှု ကန့်သတ်ချက်ကို ထပ်မံ အဆင့်မြှင့်တဲ့အနေနဲ့ ဧပြီလ ၇ ရက်နေ့က စတင်ပြီး ဧပြီ ၂၁ ရက်နေ့အထိ ခရီး သည် ပို့ဆောင်ရေးလုပ်ငန်းကို စတင်ရပ်နားသွားပါမယ်”ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေး ဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြောထားသည်။

ကုန်စည်စီးဆင်းမှု အတွက် ဝင်ထွက်သွားလာနေသည့် ကုန်တင်ယာဉ်များနှင့် သာမန်အိမ်စီးကားများမှ အပကျန်ရှိသော ခရီးသည် ပို့ဆောင်ရေး ယာဉ်လိုင်းများ အားလုံး၊ ဘုရားဖူးယာဉ်များ အားလုံး၊ အပန်းဖြေခရီးသွားယာဉ်များ အားလုံး၊ အလည်အပတ်သွားရောက်သည့် ယာဉ်များ အားလုံး၊ အိမ်စီးကားအနက်( ယာဉ်မောင်းများအပါအဝင် ၇ ဦးထက်ပို သော)မော်တော်ယာဉ်များအားလုံးကို တိုင်းအတွင်း ဝင်ထွက်သွားလာခွင့်အား ဧပြီ ၆ ရက်နေ့မှ ၂၁ ရက်နေ့ အထိ ခေတ္တ ယာယီ ပိတ်သိမ်းထားရမည် ဖြစ်သည်။

“ပြောစရာ ရှိတာက တခုခုဆိုရင် အခြေခံ လူတန်းစားတွေအတွက် မဖြစ်မနေ ထည့်သွင်း စဉ်းစားဖို့တော့ လိုတယ်၊ ကပ် ဘေး ဆိုတော့လည်း အသိပေး ထုတ်ပြန်ချက်တွေကို လိုက်နာကြရမှာ ဖြစ်ပေမယ့် ဖြစ်ပေါ်လာနိုင်တဲ့ စားဝတ်နေရေး အခက်အခဲတွေအတွက် ကြိုတင် စီစဉ်ဆောင်ရွက်မှုတွေ လုပ်ပေးသင့်တယ်၊ အခုဖြစ်နေတာကို ကျော်လွှားဖို့ ဆိုတာက လည်း အဘက်ဘက်က ဝိုင်းဝန်းပံ့ပိုးမှုတွေ လိုပါတယ်”ဟု ပြည်ကြီးတံခွန်မြို့နယ်မှ နရသုခီသွေးနှင့် ကူညီထောက်ပံ့ရေး အသင်းဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။

ယခုကဲ့သို့ လုပ်ဆောင်ခြင်းကို အမျိုးသားရေး တာဝန်တရပ် အနေဖြင့် လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖော်ပြပါ တားမြစ်မိန့် ကို မလိုက်နာပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း တိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ကြေညာချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်ရန် အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက် ရှိရာ ဘုရားစေတီပုထိုးများ၊ ဘာသာရေးအဆောက်အအုံများအတွင်းသို့ ဝင်ရာတွင် ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက်ပါမှ ဝင်ခွင့်ပြုမည့် ကြေညာချက်ကို မတ်လ ၂၉ ရက်နေ့ကလည်းကောင်း၊ မန္တလေးဈေးချိုနှင့် စည်ပင်ပိုင်ဈေးများမှ ဆိုင်ခန်းအချို့ ရက်အကန့်အသတ် မရှိ ပိတ်သိမ်းမှုကို မတ်လ ၂၈ ရက်နေ့ကလည်းကောင်း ကြေညာချက်ထုတ်ပြန်ကာ လုပ်ဆောင်ခဲ့သည်။

ဆက်စပ်လင့်

မန္တလေးဈေးချိုနှင့် စည်ပင်ပိုင်ဈေးများမှ ဆိုင်ခန်းအချို့ ရက်အကန့်အသတ်မရှိ ပိတ်မည်

မန္တလေးက ဘာသာရေးအဆောက်အအုံများ ကျန်းမာရေးထောက်ခံချက်ဖြင့်သာ ဝင်ခွင့်ပြုမည်

မန္တလေးမြို့တွင် စေတနာ့ဝန်ထမ်းများကို အဆောင်များ၊ ရပ်ကွက်များက လက်မခံမှုများရှိနေ

Your Thoughts …
Tags: တားမြစ်မိန့်မန္တလေးတိုင်းအစိုးရလူထု
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

အာဃာတ နိုင်ငံရေး

အာဃာတ နိုင်ငံရေး

by မောင်ထင်
25 January 2025
943

နိုင်ငံရေး လောက၌ မစားဘဲ စွန့်သွားကြရရှာသူများ အကြားတွင် မစွန့်ဘဲ စားလိုသူတို့ ပေါများ လာလေသည်… အာဏာကို မူတည်၍ မကောင်း ကြံလာကြသောအခါ လုပ်ကြံမှုကြီးများ ပေါ်ပေါက်လာသည်…

ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

by မောင်ထင်
17 May 2025
765

လူထုကို လမ်းညွှန်ပေးသည် ဆိုသော နိုင်ငံရေးသမားတို့သည် ယေဘုယျ အားဖြင့် ပိသုဏဝါစာ တည်းဟူသော ဂုန်းချောစကား၏ စက်ကွင်းမှ လွတ်အောင် ရုန်းနိုင်ခြင်းငှာ မတတ်နိုင်ရှာသောကြောင့်…

အာဃာတ နိုင်ငံရေး (၂)

အာဃာတ နိုင်ငံရေး (၂)

by မောင်ထင်
1 February 2025
724

နိုင်ငံရေး၌ လူလည် လုပ်နေကြသော သူတို့သည် နိုင်ငံရေး အမြင် ရှိလာကြသည့် လူထုခေတ် ရောက်သော် ၎င်းတို့၏ နိုင်ငံရေးသမား ဘဝကို နိဂုံးကမ္ပတ် အဆုံးသတ်ကြရလိမ့်မည်။

စာရေးဆရာကြီး မောင်ထင်

ဖောက်သည်

by မောင်ထင်
15 July 2023
7.4k

မာန ဖုံးလွှမ်းလာသောအခါ အကျိုးအကြောင်း ဘာကိုမျှ မမြင်။ ပုန်းလျှိုး ကွယ်လျှိုး အလုပ်ကို ပြောင်ပြောင် တင်းတင်း လုပ်လာသည်။

ဂုန်းနိုင်ငံရေး (၂)

ဂုန်းနိုင်ငံရေး (၂)

by မောင်ထင်
31 May 2025
466

ဤဂုန်းကောင်ကို ခေါင်းဆောင်မှု ပေးနေသူတို့ နိုင်အောင် မထိန်းနိုင်သေးသရွေ့ ကာလပတ်လုံး နိုင်ငံရေးသည် တထစ်စီ တထစ်စီ လျော့မှန်းမသိ လျော့ကျဖို့သာ ရှိသည်။

မန္တလေးတက္ကသိုလ်ဝင်းထဲမှာ လူထုစာအုပ်ဆိုင်နဲ့ စာရေးဆရာ ညီပုလေး / ဇော်ဇော် / ဧရာဝတီ

လူထုရဲ့အမွေ စာရေးဆရာ ညီပုလေးနှင့် တွေ့ဆုံခြင်း

by သန်းနိုင်ဦး
16 July 2017
9.5k

လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ရဲ့ အငယ်ဆုံးသား စာရေးဆရာ ညီပုလေးကို ဧရာဝတီက သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

Next Post
ဧပြီ ၃ ရက်နေ့ လှိုင်သာယာတွင် ၃ ပေအကွာမှ ဈေးဝယ်နေကြသူများ / ထက်ဝေ

ရောင်းသူနှင့် ဝယ်သူ အကြား ၃ ပေခြားဖို့ ရန်ကုန်စည်ပင် သတ်မှတ်

ထိုင်းအမျိုးသမီးတဦးက အဝတ်ဖြင့် ချုပ်ထားသော နှာခေါင်းစီးတခုကို ပြသနေစဉ် / Reuters

လူကြားထဲသွားရင် နှာခေါင်းစီးတပ် ဟု WHO အကြံပြုချက် ပြန်ပြင်

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

5 days ago
3.3k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate