• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လူကြားထဲသွားရင် နှာခေါင်းစီးတပ် ဟု WHO အကြံပြုချက် ပြန်ပြင်

by ဧရာဝတီ
4 April 2020
in သတင်း
A A
ထိုင်းအမျိုးသမီးတဦးက အဝတ်ဖြင့် ချုပ်ထားသော နှာခေါင်းစီးတခုကို ပြသနေစဉ် / Reuters

ထိုင်းအမျိုးသမီးတဦးက အဝတ်ဖြင့် ချုပ်ထားသော နှာခေါင်းစီးတခုကို ပြသနေစဉ် / Reuters

38.9k
VIEWS
Share on FacebookShare on Twitter

ပြည်သူလူထုက မျက်နှာဖုံး နာခေါင်းစီးများ ဝတ်ဆင်ကြရန် သတ်မှတ်သည့် သို့မဟုတ် အားပေးသည့် အစိုးရများ၏ ဆောင်ရွက်ချက်များကို ထောက်ခံကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ပြောလိုက်သည်။ Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ယခင် အကြံပြုချက်များမှ အဓိက အပြောင်းအလဲတခု ဖြစ်သည်။

WHO က ထပ်မံ၍ ခွဲစိတ်ခန်းသုံး မျက်နှာဖုံးများကို ဆေးဘက်ဆိုင်ရာပညာရှင်များအတွက် အရံအနေဖြင့် ထားသင့်ပြီး လူထုက အဝတ်ဖြင့် ပြုလုပ်ထားသော သို့မဟုတ် အိမ်လုပ်မျက်နှာဖုံးများကို အသုံးပြုသင့်ကြောင်း ပြောသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
168
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
1.4k
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
42

လူအများကြားတွင် ရှိနေသည့်အချိန်၌ သူတို့၏ နှာခေါင်းနှင့် ပါးစပ်များကို ဖုံးအုပ် ထားရန် ပြည်သူများကို ညွှန်ကြားသည့် ဥရောပအစိုးရများ ပိုများလာခြင်းနှင့်အတူ ပိုမို၍ သိပ္ပံနည်းကျသည့် သုတေသန အချက်အလက်များအရ ကိုရိုနာဗိုင်းရပ် ပြန့်ပွားမှုကို တားဆီးရာတွင် မျက်နှာဖုံးများဝတ်ခြင်းက အပေါင်းလက္ခဏာ အကျိုးသက်ရောက်မှုများကို ညွှန်ပြလာသည့်အချိန်တွင် WHO ၏ ရပ်တည်ချက် အသစ်ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ရပ်ရွာအသိုင်းအဝိုင်းအဆင့်မှာ နှာခေါင်းစီး မျက်နှာဖုံးများ၊ အိမ်လုပ်နဲ့ အဝတ်နှာခေါင်းစီးများ အသုံးပြုခြင်းက ဒီရောဂါအပေါ် အလုံးစုံ ပြည့်စုံတဲ့ တုန့်ပြန်မှုကို အထောက်အကူပြုနိုင်တဲ့ အခြေအနေတွေ ကျနော်တို့ သေချာပေါက်တွေ့ရနိုင်ပါတယ်” ဟု WHO ကျန်းမာရေးအရေးပေါ်အစီအစဉ်၏ အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာ Michael Ryan က ဧပြီလ ၃ ရက်နေ့ တွင် ပြောကြားခဲ့သည်။

“နှာခေါင်းစီးများ ဝတ်ဆင်ခြင်းကြောင့် ရောဂါကူးစက်ခံရထားသူများက အခြားသူများကို ကူးစက်တဲ့နှုန်း လျှော့ချနိုင်တဲ့ အခြေအနေတွေ ရှိနိုင်ပါတယ်။ နှာခေါင်းစီးတွေ အသုံးပြုတဲ့ ချဉ်းကပ်မှုကို ဆောင်ရွက်ဖို့ ဆန္ဒရှိတဲ့ အစိုးရတွေနဲ့ ဒီရောဂါကို ထိန်းချုပ်ဖို့ ကျယ်ပြန့် ပြည့်စုံတဲ့ ဗျူဟာရဲ့ အစိတ်အပိုင်းတခုအနေနဲ့ ဒါကို ထည့်သွင်းထားတဲ့ အစိုးရတွေကိုလည်း ကျနော်တို့က ထောက်ခံသွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ Michael Ryan က ပြောသည်။

“ကျယ်ပြန့် ပြည့်စုံသော ဗျူဟာ”ဟု WHO က ဆိုလိုသည်မှာ လက်ဆေးခြင်းကို အားပေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာအရ ခပ်ခွာခွာ နေခြင်းနှင့် လျင်မြန်စွာ စစ်ဆေး အတည်ပြုပြီး ရောဂါကူးစက်ခံရထားသူများကို သီးခြားခွဲ၍ ထားရှိခြင်း တို့ကဲ့သို့ ဆောင်ရွက်ချက်များ ဖြစ်သည်။

နှာခေါင်းစီးများ အသုံးပြုခြင်းကို အားပေးရန် WHO က ကြာမြင့်စွာကတည်းက စိုးရိမ်မှုခဲ့သည်၊ အကန့်အသတ်ဖြင့်သာ ရှိနေသည့် ထောက်ပံ့မှုတွင် ပြတ်လပ်ခြင်းများ ဖြစ်ပေါ်လာနိုင်သောကြောင့် ဖြစ်သည်။

“ခွဲစိတ်ခန်းနဲ့ ဆေးဖက်ဆိုင်ရာသုံး မျက်နှာဖုံးတွေနဲ့ N95 လိုမျိုး နှာခေါင်းစီး မျက်နှာဖုံးများက ဆေးကုသရေး စနစ်များအတွက် ဖြစ်ပြီး အဲဒါတွေကို ရှေ့တန်းအတွက် အသုံးပြုသင့်ပါတယ်” ဟု ဒေါက်တာ Michael Ryan က ပြောသည်။ ကျွမ်းကျင်သူ အဖွဲ့တဖွဲ့က မျက်နှာဖုံးများ အသုံးပြုခြင်းကို လေ့လာဆန်းစစ်နေပြီး သုတေသနစာတမ်း တခုချင်းစီတိုင်းကို ကြည့်ရှုသွားမည်ဟု သူက ထပ်ပြောသည်။

WHO က ရောဂါလက္ခဏာများရှိသူများ သို့မဟုတ် အန္တရာယ်ကျရောက်နိုင်သည့် သူများကို ပြုစု စောင့်ရှောက်နေသူများသာလျှင် မျက်နှာဖုံးများသုံးသင့်ကြောင်း ယခင်က အကြံပြု ထားခဲ့သည်။

အာရှတိုက်တွင် အကျပ်အတည်း အစောပိုင်းကတည်းက နှာခေါင်းစီးများ စတင် ဝတ်ဆင်ခဲ့သည်။ အာရှနိုင်ငံ အများအပြားတွင် ၂၀၀၃ ခုနှစ်က SARS ရောဂါ ဖြစ်ပွားမှုနှင့် ရင်ဆိုင်ခဲ့ရပြီး အများပြည်သူကြား၌ သွားလာချိန်တွင် မျက်နှာဖုံး ဝတ်ဆင်ခြင်းက သာမန်ကိစ္စတခုလို ဖြစ်နေခဲ့သည်။

ပြီးခဲ့သည့်အပတ် ဝန်းကျင်ကမှသာ သြစတြီးယား၊ ဆလိုဗက်ကီးယားနှင့် ချက်သမ္မတနိုင်ငံတို့ တွင် စူပါမားကက်များကဲ့သို့ သောနေရာများတွင် မျက်နှာဖုံးများ ဝတ်ဆင်ရန် လိုအပ်ကြောင်း လူထုကို စတင်ညွှန်ကြားခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ်သည် ဧပြီလ ၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၌ မျက်နှာဖုံးတပ်ဆင်ခြင်းသည် Coronavirus ပြန့်ပွားမှုကို တားဆီးနိုင်ကြောင်း အသိအမှတ်ပြုသည့် တရားဝင်လမ်းညွှန်ချက်များပေးသည့် ပထမဆုံး ပြည်နယ် ဖြစ်လာခဲ့သည်။

ဧပြီလ ၃ ရက်နေ့တွင် ဟောင်ကောင်တက္ကသိုလ်မှ သုတေသီတစုက Nature တွင် ဆောင်းပါးတပုဒ် ရေးသားခဲ့ပြီး ထိုဆောင်းပါးတွင် ခွဲစိတ်ခန်းသုံး မျက်နှာဖုံးများက ရောဂါလက္ခဏာ ရှိနေသူများထံမှ Coronaviruses နှင့် တုပ်ကွေး ဗိုင်းရပ်စ်များ ပျံ့နှံ့ကူးစက်ခြင်းကို တားဆီးနိုင်ကြောင်း သူတို့၏ သုတေသနက ညွှန်ပြနေကြောင်း ဖော်ပြခဲ့သည်။

ကိုးကား။ ။ South China Morning Post

You may also like these stories:

ကိုရိုနာကာကွယ်ရေးအတွက် Mask မတပ်ဘူးလို့ဆိုလာတဲ့ သမ္မတထရန့်

Mask ဝတ်တဲ့ ယဉ်ကျေးမှု အရှေ့နဲ့ အနောက် မတူပါ

Covid-19 က ကမ္ဘာ့နိုင်ငံရေးကို ပုံစံသစ် ပြောင်းသွားစေနိုင်သည်

Your Thoughts …
Tags: WHOနာခေါင်းစီမျက်နှာဖုံး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

by စောအောင်ထွန်း
3 December 2024
8.3k

တဖက်မှာလည်း စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူမှုတွေကြောင့် အခမဲ့ဆေးခန်းတွေ၊ အစိုးရမဟုတ်တဲ့ ကျန်းမာရေး အဖွဲ့ အစည်းတွေ နိုင်ငံတွင်းမှ ထွက်ခွာသွားတာကြောင့် ယခင် လွယ်လင့်တကူရခဲ့တဲ့ ART ဆေးဝါးထောက်ပံ့မှုတွေဟာ တန်းစီစောင့်ရတဲ့ အခြေ အနေဖြစ်သွားပါတယ်။ ဒါတွေအပြင် နိုင်ငံတကာအလှူရှင်တွေ...

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

by ဧရာဝတီ
3 February 2025
7k

ကုန်ကျစရိတ် လျှော့ချရေးအတွက် အရင်ဖြတ်တောက်၊ နောက်မှပြင် နည်းလမ်းသည် မစ္စတာ မတ်စ်၏ ဘဝလမ်းကြောင်း တလျှောက်တွင် ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းဖြစ်သည်။

စစ်ကောင်စီနှင့် အရှေ့ဥရောပကြား လက်နက်ပွဲစား ဦးအောင်လှိုင်ဦး

စစ်ကောင်စီနှင့် အရှေ့ဥရောပကြား လက်နက်ပွဲစား ဦးအောင်လှိုင်ဦး

by အောင်ဇော်
17 July 2024
5.5k

ဦးအောင်လှိုင်ဦးကို အမြတ်အစွန်း အများအပြားပေးပြီး ထုံစံအားဖြင့် ယူကရိန်းမှ လက်နက်ရောင်းချမှုများအတွက် ကော်မရှင်ခ ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိရသည်။

အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ

အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ

by ဧရာဝတီ
17 October 2023
5.3k

အရပ်သား အများအပြား သေဆုံးသည့် ယခုလောက် ကြီးမားသော အကြမ်းဖက် တိုက်ခိုက်မှုမျိုးကိုလည်း အစ္စရေး မကြုံဖူးပေ။

ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတ ရက်သတ္တပတ်

ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတ ရက်သတ္တပတ်

by နွေနေ
3 February 2025
3.8k

ထရမ့်ရဲ့ လုပ်ဆောင်ချက်တွေဟာ အန္တရာယ်ရှိတဲ့ အာဏာရှင်စနစ်ကို ဦးတည်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း ညီညွတ်မှု မရှိဘူးလို့ ဆိုတယ်။

WHO မှ အမေရိကန် နုတ်ထွက်ရန် ထရမ့် အမိန့်ထုတ်

WHO မှ အမေရိကန် နုတ်ထွက်ရန် ထရမ့် အမိန့်ထုတ်

by ဧရာဝတီ
23 January 2025
3.4k

ထိပ်တန်း အလှူရှင်နိုင်ငံ၏ လုပ်ရပ်အတွက် စိတ်မကောင်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောသည်။

Next Post
နွေရာသီနဲ့ အသင့်တော်ဆုံး အသီးအနှံတွေထဲမှာ သင်္ဘောသီးဟာလည်း ပါဝင်ပါတယ်

တပတ်မှာတကြိမ် သင်္ဘောသီးစားပေးရုံနဲ့ ရရှိနိုင်မယ့် ကောင်းကျိုးများ

ဘူးသီးတောင်မြို့ ဆိုင်းဘုတ်  / ဧရာဝတီ

တပ်မတော်သား ဇနီးကျည်ထိ သေဆုံးမှု မိသားစုက နိုင်ငံခေါင်းဆောင်များထံ တိုင်ကြားမည်ဟု ဆို

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate