သတင်း

အသက် ၈၀ ကျော်အဘွားအို ထံမှ ဆွဲကြိုး လုပြေးသည့် အမျိုးသမီးကို မိပြီ

Want create site? Find Free WordPress Themes and plugins.

ပျဉ်းမနားမြို့၊ မင်္ဂလာမီးရထားရပ်နေ အသက် ၈၀ ကျော်အဘွားတဦး တံမြက် စည်းလှဲနေစဉ် ဆွဲထားသည့် ရွှေဆွဲကြိုး ၂ ကျပ်သားကျော်ကို အမျိုးသမီးငယ်တဦးမှာ ဝင်ရောက် လုယက်မှု ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ပျဉ်းမနား မြို့မ ရဲစခန်းမှ သိရသည်။

ပျဉ်းမနားမြို့မရဲစခန်းမှ ဒုရဲအုပ် ဦးသက်နိုင်ဦးက “အဲ့ဒီအမျိုးသမီးကို စစ်တော့ငွေလိုနေလို့ လုပ်တာပါတဲ့။ သူ့ယောက္ခမ မှာ ဆွဲကြိုးမရှိလို့ ဝတ်ပေးချင်လို့ လုပ်တာလို့ ပြောတယ်။ တကယ်တော့ ငွေလိုနေလို့ လုပ်တာနေမှာပါ။ ဇာတ်နာအောင် ပြော တာပေါ့”  ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ တံမြက်စည်းလှဲနေသည့် အဘွားနားသို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး စကားပြောဆိုခြင်းမရှိဘဲ ပါးစပ်ကို တိပ် အ ဝါရောင်နှင့် ပတ်၍ လုံးထွေးမှု ဖြစ်ပွားခဲ့ကြောင်း မြေကြီးပေါ်သို့ လဲကျသွားစဉ် အဘွားပေါ်သို့ တက်ခွပြီး လည်ပင်းတွင် ဝတ်ဆင် ထားသည့် ရွှေဆွဲကြိုးနှင့် ဆွဲပြားကို လုယက်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

အဘွားကို အသင့်ပါလာသည့် တိပ်အဝါရောင်နှင့် ပိတ်ခဲ့ပြီး ဆွဲကြိုးကို ယူပြီးဆိုင်ကယ်နှင့်ပြေးသွားသည့် အမျိုးသမီး နောက်ကိုလိုက်ရန် အဘွားမှ အော်ဟစ်သဖြင့်  လမ်းဘေးတွင် ရှိသည့် ဆိုင်ကယ် ကယ်ရီ သမားတဦးမှာ မသိမသာ နောက်ယောင်ခံ လိုက်ရာမှ ယင်းအမျိုးသမီးနေထိုင်သည့် အိမ်ကို သိရှိခြင်းဖြစ်ကြောင်း သိရသည်။

ထိုကြောင့် ယင်းအမျိုးသမီးနေထိုင်သည့် ပျဉ်းမနားမြို့၊ ဦးမင်းဒင် ရပ်ကွက်ရှိနေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များနှင့် ဆိုင်ကယ် ကယ်ရီသမားများ သွားရောက်ဖမ်းခေါ်ခဲ့ပြီး ရဲစခန်းတွင် ၂ နာရီကြာ စစ်ဆေးမေးမြန်းမှ အမှန်တိုင်းဝန်ခံခဲ့ကြောင်း၊ စစ် ဆေးချက်များ အရ ယင်းအမျိုးသမီးမှာ ယခင် ပြစ်မှု ကင်းရှင်းမှုရှိကြောင်း ဒုရဲအုပ် သက်နိုင်ဦးက ဆိုသည်။

ထိုသို့ လုယက်သည့် ဖြစ်စဉ်မျိုး လွန်ခဲ့သည့် ၂ ပတ်ခန့်က ပျဉ်းမနား ရှမ်းကန်တွင် ထိုင်နေသည့် စုံတွဲထံမှ ပိုက်ဆံ ၃ သိန်း ကျော် ပါသည့် ပိုက်ဆံအိတ်ကို လူငယ် ၃ ဦးမှာ လုယက်၍ ထွက်ပြေးခဲ့သည့် ဖြစ်စဉ် ဖြစ်ခဲ့ဖူးကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

ထိုသို့ လုယက်မှုများ ဖြစ်ပွားခြင်းမှာ ယခင်ကလည်းဖြစ်ပွားနေသည့် အတွက် ယခုဖြစ်ပွားနေသည့် COVID-19 နှင့် ဆက် နွယ်မှု မရှိကြောင်း၊ ယခုဖြစ်စဉ်မှာ ပျဉ်းမနားဈေးနားတွင် ဖြစ်သည့်အတွက် ယခင်ရက်များကလည်း ဈေးလာရာတွင် အ ဆိုပါ အဘွားမှာ နေ့စဉ် တံမြက်စည်းလှဲနေသည်ကို မြင်ရသဖြင့် အဆိုပါ ဆွဲကြိုးကို မျက်စိကျနေ၍ ယခုကဲ့သို့ ဖြစ်စဉ် ဖြစ် ပွားခဲ့ကြောင်း ဦးသက်နိုင်ဦးက ရှင်းပြသည်။

ပြစ်မှုကျူးလွန်သူ အသက် ၂၀ အရွယ်ခန့် အမျိုးသမီးကို ပျဉ်းမနား မြို့မရဲစခန်းမှ (ပ) ၁၇၂/၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

 

 

 

 

 

 

Did you find apk for android? You can find new Free Android Games and apps.
Loading