ကိုဗစ်-၁၉ အတွက် တရုတ်က ကမ္ဘာကို လျော်ကြေးပေးရန် မြန်မာကက်သလစ်သာသနာပိုင် ပြော
ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွ
“သူတို့လုပ်ခဲ့တာတွေ ပျက်ကွက်ခဲ့တာတွေအတွက် တာဝန်ယူရမယ့် အစိုးရတရပ် ရှိပါတယ်။ အဲဒီအစိုးရကတော့ ဘေကျင်းက ကွန်မြူနစ်ပါတီ စီစီပီ ပါပဲ” ဟု ကာဒီနယ်ဘိုက ကိုဗစ်-၁၉ နှင့် ပတ်သက်ပြီး ဧပြီ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သည့်ကြေညာချက်တွင် ရေးသားခဲ့သည်။ ကိုဗစ်-၁၉ ကြောင့် တနင်္ဂနွေအထိ ကမ္ဘာတဝှမ်း လူ ၆၆၀၀၀ ကျော်သေဆုံးပြီး လူ ၁ သန်းကျော် ရောဂါကူးစက်ခံနေရသည်။
ရန်ကုန်ကက်သလစ်သာသနာပိုင် ဆရာတော်ကြီးဖြစ်သူ ကာဒီနယ် ချားလ်စ်ဘိုက ထိုရောဂါဖြစ်ပွားမှုတွင် တရုတ်နိုင်ငံ၏ ကိုင်တွယ်မှုကို ဝေဖန်ပြီး ကိုရိုနာဗိုင်းရပ်ကူးစက်မှု၏ အတိုင်းအတာကို လျှောပေါ့ဖော်ပြခဲ့ပြီး သတင်းထိန်ချန်မှုများရှိသည်ဟု
ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် လုပ်ဖေါ်ကိုင်ဖက် ကျန်းမာရေးဝန်ထမ်းများကို သတိပေးခဲ့သော ဝူဟန်ဗဟိုဆေးရုံမှ ဒေါက်တာ လီ ဝန်လျံ အပါအဝင် ထိုကူးစက်ရောဂါနှင့် ပတ်သက်ပြီး ပထမဆုံး သတိပေးသူများကို ရဲတပ်ဖွဲ့က မှားယွင်းသော ပြောဆိုမှုများ ရပ်တန့်ရန် အမိန့်ပေးခဲ့သည်ဟု ကာဒီနယ် ဘို ၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။ အသက် ၃၄ နှစ်အရွယ် မျက်စိဆရာဝန် ဒေါက်တာလီအား ကောလာဟလ ဖြန့်ခြင်းအတွက် စုံစမ်းစစ်ဆေးခံရမည်ဟု ပြောခဲ့သလို အတင်းအကြပ် ခံဝန်ထိုးခိုင်းခဲ့သည်။ ဒေါက်တာလီသည် နောင်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး သေဆုံးခဲ့သည်။
ဆင်းရဲပြီး ပြည်တွင်းစစ်ကြောင့် လူသိန်းနှင့်ချီပြီး နေရပ်စွန့်ခွာကာ စခန်းများတွင်နေထိုင်နေရသောကြော
နိုင်ငံအများအပြားတွင် ကျင့်သုံးနေသည့် ခပ်ခွာခွာနေသည့် အစီအမံ social distancing ကို မြန်မာနိုင်ငံမှ ကျပ်သိပ်နေသောဒုက္ခသည်စခန်းများ
“သြဇာကြီးမားလှသော ရှီ [ကျင့်ပင်] နှင့် စီစီပီ ဦးဆောင်သော တရုတ်အစိုးရအဖွဲ့သည် ကျွန်ုပ်တို့အားလုံးကို တောင်းပန်ရန်နှင့် ပျက်စီးဆုံးရှုံးခဲ့ရမှု အားလုံးတို့အတွက် လျော်ကြေးပေးရန် တာဝန်ရှိသည်။ သို့သော် တရုတ်ပြည်သူများတွင် တာဝန်မရှိ။ ကိုဗစ်-၁၉ ကုန်ကျမှုများအား ဖာထေးမိစေရန် အနိမ့်ဆုံးအနေဖြင့် တရုတ်အစိုးရသည် အခြားနိုင်ငံများကို ၎င်းတို့ယူမည့်ကြွေးမြီများကို ပယ်ဖျက်ပေးသင့်သည်။ လူသားအားလုံ
(San Yamin Aung ၏ China Must Compensate World for COVID-19: Myanmar’s Cardinal ကို ဘာသာပြန်သည်။)
You may also like these stories:
ကိုဗစ်-၁၉ ကြောင့် မြန်မာ့စီးပွားရေး နှေးသွားပြီး ဆင်းရဲသားများ အထိနာမည်ဟု ကမ္ဘာ့ဘဏ် ဆို