• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

Covid-19 သံသယဖြင့် သွားစစ်ဆေးခဲ့သည့် ရာအိမ်မှူးအိမ် တိုက်ခိုက်ခံရ၊ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ

by ကောင်းမြတ်မင်း
6 April 2020
in သတင်း
A A
ဓားခုတ်ခံရပြီး ဆုံးသွားသူတဦး / Kyi Min Thein/FB

ဓားခုတ်ခံရပြီး ဆုံးသွားသူတဦး / Kyi Min Thein/FB

117k
VIEWS
Share on FacebookShare on Twitter

ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ရွာမမြောက် ရပ်ကွက်တွင်း၌ တည်းခိုနေသည့် သူတဦး နေမကောင်း ဖြစ်နေသည့် သတင်းရ၍ သွားရောက် စစ်ဆေးခဲ့သည့် ရာအိမ်မှူး၏ နေအိမ် တိုက်ခိုက်ခံရကာ ၁ ဦး သေ ဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၄ ရက်က ကန်ညီနောင်လမ်းရှိ သုခစံတည်းခိုခန်းတွင် တည်းခိုနေသည့် ဧည့်သည်တဦး နေမကောင်း ဖြစ်၍ ချောင်းဆိုးနေကြောင်း ကြားသိရသဖြင့် ရာအိမ်မှူးနှင့် ရပ်ကွက်လူကြီးများ သွားရောက် စစ်ဆေးခဲ့ရာမှ ရာအိမ်မှူးနှင့် တည်းခိုခန်း ပိုင်ရှင်တို့ အချင်းများခဲ့ကြသည်။

RelatedPosts

မြန်မာ့အရေး သီးသန့် လာမည့်အပတ် အာဆီယံအစည်းအဝေး ၂ ခု ကျင်းပမည်

မြန်မာ့အရေး သီးသန့် လာမည့်အပတ် အာဆီယံအစည်းအဝေး ၂ ခု ကျင်းပမည်

22 May 2025
83
KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

22 May 2025
1.4k
ဗိုလ်မှူးချုပ် (ငြိမ်း) ချိုထွန်းအောင် ရန်ကုန်နေအိမ်ရှေ့မှာ ပစ်ခတ်ခံရ (ရုပ်/သံ)

ဗိုလ်မှူးချုပ် (ငြိမ်း) ချိုထွန်းအောင် ရန်ကုန်နေအိမ်ရှေ့မှာ ပစ်ခတ်ခံရ (ရုပ်/သံ)

22 May 2025
84

ထို့နောက် ယမန်နေ့ ည ၇ နာရီအချိန်ခန့်က ဓားများ ကိုင်ဆောင်ထားတဲ့ လူ၂၀ မှာ ရာအိမ်မှူး၏ နေအိမ်သို့ ရောက်ရှိလာ ပြီး ဝင်ရောက်ခုတ်ခဲ့ခြင်း ဖြစ်ကြောင်း ကြို့ပင်ကောက်မြို့နယ် မြို့မ ရဲစခန်းက တာဝန်မှူး ရဲအရာရှိတဦးက ဧရာဝတီကို ပြောသည်။

မြို့မရဲစခန်း တာဝန်မှူး ရဲအရာရှိက “လောလောဆယ်တော့ အဓိက တရားခံ ၃ ယောက် ရှိပါတယ်။ ဦးမောင်အေး (တည်းခိုခန်း ပိုင်ရှင်) ပါ ၃ ဦးပေါ့။ သူတို့ တွေက လောလောဆယ် ရှောင်နေတယ်။ အဲဒီ ၃ ယောက်ကို အဖွဲ့တွေ ဖွဲ့ပြီးတော့ လိုက်လံ ဖမ်းဆီးနေတယ်။ ပြီးခဲ့တဲ့ ရက်က COVID ကိစ္စကြားလို့ ရာအိမ်မှူးက သွားစစ်လို့ ဖြစ်ကြတာ။ လက်ရှိ တည်းခိုခန်းက ပိတ်တော့ထားတယ်” ဟု ပြောဆိုသည်။

အခင်း ဖြစ်ပွားမှုကြောင့် သေဆုံးခဲ့သူမှာ အသက်၂၆ အရွယ် ကိုအောင်ဇော်ဇော် ဖြစ်ပြီး၊ အသက် ၄၀ အရွယ် ဦးအောင်ကို ကိုဦးမှာ လက်၊ ဦးခေါင်းနှင့် လည်ပင်းတို့တွင် အပြင်းအထန် ဒဏ်ရာရရှိကာ ရန်ကုန် ဆေးရုံကြီး၌ အတွင်းလူနာ(စိုးရိမ်ရ) တက်ရောက် ကုသလျက်ရှိကာ၊ ဒေါ်စန်းစန်းမော် (၅၈ နှစ်) မှာလည်း ဦးခေါင်းတွင် ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းတို့ သားအမိ ၃ ဦး မှာ ဓားဖြင့် ဝင်ရောက် ခုတ်ခံရသည့် ရာအိမ်မှူး ဦးဘာဘူလေး၏ ဆွေမျိုးများ ဖြစ်ကြောင်း သိရသည်။

ကန်ညီနောင်လမ်းတွင် နေထိုင်သူ တဦး က “လာတည်းတဲ့ နေမကောင်းတဲ့လူက တည်းခိုခန်းဘေးက ကွမ်းယာဆိုင်မှာ ဆေးလာဝယ်တယ်။ ဖျားပြီး ချောင်းဆိုးနေတာ အဲဒါကို လူကြီးတွေ အကြောင်းကြားပြီး သွားစစ်ကြတာပါ။ တည်းခိုခန်းကို လည်း ပိတ်ခိုင်းတာ မဟုတ်ဘူး။ အဲဒီ နေမကောင်းတဲ့ လူကို Facility Quarantine လုပ်တဲ့နေရာကို ပို့ပေးဖို့ပြောတာ ကို ရပ်ကွက်နဲ့ ရန်တိုက်ပေးတယ် ဆိုပြီး ရာအိမ်မှူး ဦးဘာဘူကို မဲတာ” ဟု ပြောပြသည်။

၎င်းက ဆက်လက်၍ “အဲဒီလို ဓားတွေနဲ့ မလာခင်မှာ ၂ ခါလောက် မောင်အေးတို့နဲ့ ဦးဘာဘူလေးတို့ အကြီးအကျယ် စကားများကြတယ်။ အိမ်ရှေ့ကနေ ထွက်ခဲ့ဖို့ အော်နေလို့ ဦးဘာဘူလေးက သူ့ မိသားစုတွေကို ပြေးခိုင်းတာ။ အဲဒီ အချိန်မှာ အိမ်ရှေ့ကို ရောက်လာတဲ့ သူ့ အမျိုးတွေ၊ သူ့ တူတွေကို ခုတ်သွားကြတာ။ တရားဥပဒေ စိုးမိုးမှု လုံးဝမရှိတဲ့ အတိုင်းပဲ” ဟု ဧရာဝတီကို ပြော သည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး တည်းခိုခန်း ပိုင်ရှင် ဦးမောင်အေးနှင့် အတူ လူ၂၀ ခန့်ကို ရဲတပ်ဖွဲ့မှ စုံစမ်း ဖော်ထုတ်ပေးပြီး ၎င်းတို့အား လူသတ်မှု ပုဒ်မ ၃၀၂၊ အပြင်းအထန် နာကျင်ဒဏ်ရာရမှု ပုဒ်မ ၃၂၆ နှင့် ပိုင်နက်ကျုးလွန်မှု ၁၁၄ တို့ဖြင့် အရေးယူ ဆောင်ရွက်ပေးရန် ရာအိမ်မှူး ဦးဘာဘူလေးမှ ကြို့ပင်ကောက် မြို့ မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြား ထားကြောင်း အဆိုပါ ရဲစခန်းက သိရသည်။

You may also like these stories:

အသက် ၈၀ ကျော်အဘွားအို ထံမှ ဆွဲကြိုး လုပြေးသည့် အမျိုးသမီးကို မိပြီ

အသုတ်မြို့စခန်းမှ ရဲတပ်ကြပ်တဦး မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ခတ်၍ အဆုံးစီရင်

တပ်မတော်သား ဇနီးကျည်ထိ သေဆုံးမှု မိသားစုက နိုင်ငံခေါင်းဆောင်များထံ တိုင်ကြားမည်ဟု ဆို

Your Thoughts …
Tags: ရာအိမ်မှူးသုခစံတည်းခိုခန်း
ကောင်းမြတ်မင်း

ကောင်းမြတ်မင်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  / Myanmar State Counsellor Office

ကျန်းမာရေးပစ္စည်း အဆမတန် ဈေးတင်ရောင်းသူများကို သည်းခံမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဖလော်ရီဒါ လေဆိပ် မီးလောင်ကျွမ်းမှု

ဖလော်ရီဒါ လေဆိပ်အနီး မီးလောင်ကျွမ်းမှုကြောင့် ကားအစီးရေ ထောင်ကျော် ပျက်စီး

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.6k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate