• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပလက်ဝတွင် နိုင်ငံခြားပြန် Quarantine ဝင်သူ ၄၅ ဦးအနက် ၁၆ ဦးကျန်ရှိ

by လဲ့လဲ့
6 April 2020
in သတင်း
A A
ပလက်ဝမြို့အဝင်ဆိုင်းဘုတ် / အောင်ကျော်ထက် / ဧရာဝတီ

ပလက်ဝမြို့အဝင်ဆိုင်းဘုတ် / အောင်ကျော်ထက် / ဧရာဝတီ

9k
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့တွင် နိုင်ငံခြားမှ ပြန်လာပြီး Quarantine ဝင်နေသူ ၄၅ ဦးအနက် ၁၆ ဦးသာ ကျန်ရှိ တော့ကြောင်း သိရသည်။

၂၉ ဦးကို ၁၄ ရက်အတွင်း COVID-19 ရောဂါ လက္ခဏာ မတွေ့ရှိသည့် အတွက် ပြန်လွှတ်လိုက် ခြင်း ဖြစ်ကြောင်း ပလက်ဝ မြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ စိုးသက်ဝင်းက ဧရာဝတီသို့ ပြောသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
54
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
474
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
7

ကျန် ၁၆ ဦးသည် တရုတ်နိုင်ငံမှ ပြန်ရောက်လာကြသူများ ဖြစ်ပြီး Quarantine ဝင်နေသည်မှာ ၉ ရက်ရှိပြီဟု လည်း သိရသည်။

ဒေါက်တာ စိုးသက်ဝင်းက“လက်ရှိမှာ စောင့်ကြည့်လူနာတော့ မဟုတ်ဘူး။ Quarantine ဝင်နေ တာ ၁၆ ဦး ကျန်သေးတယ်။ အရင်က ၄၅ ဦးရှိတာ၂၉ ဦးပြန်သွားတယ်။

အရင်စောင့်ကြည့်လူနာ ၂၂ ဦးလည်း ဘာရောဂါမှ မတွေ့လို့ ပြန်သွားကြပါပြီ’’ဟု ပြောသည်။

ပြန်သွားကြသည့် စောင့်ကြည့်လူနာ ၂၂ ဦးက တရုတ်မှ ၁၈ ဦး၊ စင်္ကာပူမှ ၃ ဦးနှင့် ကာတာမှ ၁ ဦး တို့ဖြစ်ပြီး ၎င်းတို့သည် ကိုယ်ပူချိန်ရှိနေသဖြင့် ပလက်ဝမြို့နယ်ဆေးရုံတွင် စောင့်ကြည့် လူနာ အဖြစ် ထားရှိခြင်းဖြစ်သည် ဟု ဆိုသည်။

ပလက်ဝမြို့နယ်သည် တပ်မတော်နှင့် ရက္ခိုင့်စစ်တပ်(AA) တို့ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသ ဖြစ်သလို လက်ရှိ တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားပြီး ညမထွက်ရ အမိန့်လည်း ထုတ်ပြန်ထားသည့် ဒေသလည်း ဖြစ်သည်။

လျှပ်စစ်မီး ရရှိမှုအခြေအနေမှာလည်း အစိုးရကပေးသည့် မီးစက်ဖြင့် တနေ့ကို ၃ နာရီသာ မီးရရှိကြောင်း သိရ သည်။

ပလက်ဝမြို့ COVID-19 ကာကွယ် စောင့်ရှောက်ရေး အဖွဲ့မှ အဖွဲ့ဝင် ဦးကျော်ဇောက“တလောက ကျနော်တို့ ဒေသခံတဦး က ပလက်ဝမြို့မှာ COVID-19 ရောဂါသည် ရှိတယ်ဆိုပြီး မသိဘဲနဲ့တင် လိုက်တာ။ ကျနော်တို့ ပလက်ဝမှာ ရောဂါသည် မရှိပါဘူး။ လာရောက်စစ်ဆေးလို့ ရပါတယ်။ အင်တာနက်က ပိတ်ထားတော့ ရောဂါနဲ့ ပတ်သက်ပြီး မသိရတော့ ပြန်ဖွင့်စေ ချင်တယ်’’ဟု ပြောသည်။

ပလက်ဝမြို့နယ်တွင် ကျေးရွာ ၄၀၀ ကျော်ရှိပြီး လူဦးရေ ၁ သိန်းကျော် နေထိုင်ကြကာ လူဦးရေ ၆ သောင်းခန့် စစ်ဘေးဒဏ် သင့်နေရသည်ဟု ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

တိုက်ပွဲများကြောင့် ရေလမ်း၊ ကုန်လမ်း အစရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများ ပိတ်ထား သည့်အတွက် ပလက်ဝမြို့ နယ်တွင် အခြေခံစားသောက်ကုန်များ ပြတ်လပ်နေသည့်အပြင် ဆေးဝါး လိုအပ်ချက်လည်း ရှိကြောင်း ပလက်ဝမြို့နယ် ဆေးရုံမှ သိရသည်။

ဒေါက်တာ စိုးသက်ဝင်းက“ကျနော်တို့မှာ အခြေခံဆေးဝါးကတော့ လုံလောက်ပါတယ်။ အထူး ဆေးဝါးတွေပဲ လိုအပ်နေတာ။ အထူးဆေးဝါးဆိုတာ ခွဲစိတ်လူနာအတွက် ပေးရတဲ့ဆေးဝါးမျိုး နောက် အသည်းရောဂါလိုမျိုး အတွက် ပေးရမယ့် ဆေးဝါး စတာတွေပေါ့။ အဲဒါတွေက မရှိတော့ တဲ့အတွက် တကယ်ရောဂါဖြစ်လာတဲ့သူ ရှိ လာရင် ကျနော်တို့ ကုသဖို့ခက်လိမ့်မယ်’’ ဟု ပြောသည်။

ပလက်ဝမြို့နယ်တွင် COVID-19 ကာကွယ်ရေးအတွက် ဈေးသည်များကို ၃ ပေအကွာမှ ရောင်း ချရန် ဆော်သြ ခြင်း၊ သား၊ ငါး ဈေးများတွင် ပိုးသတ်ဆေးဖျန်းခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် လက်ဆေးနည်းများကို မြို့ပေါ်ရပ်ကွက်များ တွင် လိုက်လံလုပ်ဆောင်ပေး လျက် ရှိသည်ဟု ချင်းပြည်နယ် COVID-19 ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ထံမှ သိရသည်။

ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးစိုးထက်က အင်တာနက်လိုင်းများ ပိတ်ထားခြင်း ကြောင့် ပလက်ဝ မြို့နယ် တွင် COVID-19 နှင့်ပတ်သက်ပြီး ချင်းပြည်နယ် အစိုးရက ဖုန်း၊ ကြေး နန်း၊ တရားဝင် စာများဖြင့် ရောဂါကာကွယ်ရေး အသိပညာပေးမှုများ လုပ်ဆောင်နေကြောင်းနှင့် သွားလာရေးခက်ခဲသည့် အတွက် လိုအပ်သော အထူးဆေးဝါးများကို ပို့ပေးရန် အစီအစဉ် မရှိသေးကြောင်း ပြောသည်။

ချင်းပြည်နယ်ရှိ မြို့နယ် ၉ ခုတွင် ပြည်ပမှ ဝင်ရောက်လာသူ စုစုပေါင်း ၅၂၉ ဦးရှိပြီး ၎င်းတို့အနက် ၁၄ ရက် စောင့်ကြည့် ကာလ ပြည့်သဖြင့် ပြန်သွားသူ ၁၅၄ ဦးရှိကာ လက်ရှိ Quarantine ဝင်နေသူ ၃၇၅ ဦးသာ ရှိတော့ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

You may also like these stories:

သမ္မတရုံး အကြံပေး ပုဂ္ဂိုလ်သစ်က ရခိုင် ပဋိပက္ခအတွက် ဖြေဆေး တခုလား

သုံးပါတီပိုင် ပစ္စည်းများ “၀”အမျိုးသားပါတီ ပိုင်အဖြစ် ပြောင်းရန် UEC ပြော

Your Thoughts …
Tags: ပလက်ဝ
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးကို AA ဖမ်းမိ

အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးကို AA ဖမ်းမိ

by ဧရာဝတီ
14 January 2024
18.8k

စစ်တပ်ထဲသို့ ၁၉၉၃ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး အလုပ်သင်ဗိုလ် အပတ်စဉ် ၂၃ သင်တန်းဆင်းဖြစ်ကာ မိခင်တပ်ရင်းမှာ အမှတ် ၁၈ ခြေမြန်တပ်ရင်း ဖြစ်သည်

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

by မိုးစက်ငြိမ်းချမ်း
19 January 2024
14.1k

ပလက်ဝ စစ်မျက်နှာအတွင်း AA ၏ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်ဝမြို့နယ်တခုလုံး ရရှိသွားသည်ကို တွေ့ရ၏။

AA ကို ဖိအားပေးရန် အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်း မီဇိုရမ် ချင်းအဖွဲ့ ပိတ်

AA ကို ဖိအားပေးရန် အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်း မီဇိုရမ် ချင်းအဖွဲ့ ပိတ်

by စောလွင်
27 June 2024
5.9k

စစ်ကောင်စီက လမ်းကြောင်းများပိတ်ဆို့ထားသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ အတွက် အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီများ၊ ဆေးဝါးများအတွက် အိန္ဒိယကုန်ပစ္စည်းများကို အဓိက အားထားနေရခြင်းဖြစ်ပြီး CYLA က လမ်းပိတ်ခြင်း၏ နောက်ဆက်တွဲကို ရခိုင်ပြည်သူများ ပိုမိုခံစားရသောကြောင့် AA...

ကျောက်တော်နှင့် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ ဗျူဟာကုန်းများ AA ဆက်လက်တိုက်ခိုက်နေ

by ဧရာဝတီ
27 December 2023
4.9k

ရခိုင်စစ်ပွဲကာလအတွင်း စစ်ကောင်စီ၏ ပိတ်ဆို့ဖြတ်တောက်ရေးဗျူဟာကို ကျော်လွှားနိုင်ရန် ကုလားတန် မြစ်ကြောင်းတလျောက်ရှိ စစ်ကောင်စီအမာခံစခန်းများကို AA တိုက်ခိုက်ဖြိုဖျက်၍ နယ်စပ်ကုန်သွယ်ရေး ထွက်ပေါက်တခု ဖန်တီး ရယူနိုင်မည်လား

မြန်မာဘက်သို့ လောင်စာဆီ ပို့ခွင့်မရ၍ လောင်တလိုင်လုပ်ငန်းရှင်တို့ ကန့်ကွက်

မြန်မာဘက်သို့ လောင်စာဆီ ပို့ခွင့်မရ၍ လောင်တလိုင်လုပ်ငန်းရှင်တို့ ကန့်ကွက်

by မေရီခိုင်
29 July 2024
4.7k

ယခုလို ပိတ်ပင်မှုကြောင့် လောင်တလိုင်ခရိုင် စက်သုံးဆီရောင်းဝယ်သည့် ကုန်သယ်များအနေဖြင့် နစ်နာမှုများ ရှိခဲ့ သလို ရေနံဈေးကွက်ရှာဖွေရေး (OMC) မှသတ်မှတ်ထားသော လစဉ်အရောင်းအား မပြည့်မီနိုင်သည့် အနေအထား ရှိနေကြောင်း စက်သုံးဆီလုပ်ငန်းရှင်များ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ကောင်စီ၏ ပလက်ဝဗျူဟာတပ်စခန်း ၂ ခု AA တိုက်ခိုက်

စစ်ကောင်စီ၏ ပလက်ဝဗျူဟာတပ်စခန်း ၂ ခု AA တိုက်ခိုက်

by ဧရာဝတီ
14 November 2023
3.6k

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တရွန်အိုင်ဗျူဟာနှင့် နှုံးဘူးဗျူဟာ အထိုင်ချဗျူဟာတပ်စခန်း နှစ်ခုအား ယနေ့ နံနက် ၆ နာရီခန့်မှ စတင်၍ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက တိုက်ခိုက်နေကြောင်း သိရသည်။

Next Post
ရန်ကုန်မြို့ရှိ ဆေးဆိုးပန်းရိုက် လုပ်ငန်း တခုကို တွေ့ရစဉ် / ရန်ကုန်မြို့ရှိ ဆေးဆိုးပန်းရိုက် လုပ်ငန်း တခုကို တွေ့ရစဉ်

ရန်ကုန်ရှိ အသေးစား ငွေချေးလုပ်ငန်းတချို့ ပြန်ဆပ်ငွေ ဆိုင်းငံ့ပေးမှုများ ပြုလုပ်လာကြ

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ရှိနေချိန် အိမ်ပြင်မထွက်ပဲ ဘယ်လိုစျေးဝယ်ကြမလဲ (ရုပ်/သံ)

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ရှိနေချိန် အိမ်ပြင်မထွက်ပဲ ဘယ်လိုစျေးဝယ်ကြမလဲ (ရုပ်/သံ)

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.4k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate