• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကိုင်းတိုင်း၌ COVID-19 ကာကွယ်ရေး တမြို့နယ် အလှူခံမဏ္ဍပ်တခုသာ ဖွင့်ရမည်

by လဲ့လဲ့
7 April 2020
in သတင်း
A A
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ နှင့် ဦးစီးအဖွဲ့ဝင်များ လဟယ်မြို့ အဝင်အထွက် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးနေစဉ် / နာဂ ဦးစီး အဖွဲ့

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ နှင့် ဦးစီးအဖွဲ့ဝင်များ လဟယ်မြို့ အဝင်အထွက် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးနေစဉ် / နာဂ ဦးစီး အဖွဲ့

8k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း ဒေသကြီး၌ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပါအဝင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် တမြို့နယ်လျှင် အလှူခံမဏ္ဍပ်တခုသာ ဖွင့်လှစ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

တမြို့နယ်လျှင် အလှူခံမဏ္ဍပ် တခုတည်းသာ ဖွင့်လှစ်၍ အလှူခံဆောင်ရွက်ရန်နှင့် ပြင်ပ လူမူ အဖွဲ့အစည်းများအား ရပ်ရွာ အတွင်း လှည့်လည်ပြီး သီးခြားအလှူခံခြင်းမပြုရန် စသည့် ညွန်ကြားချက်ကို စစ်ကိုင်းတိုင်း အစိုးရ အဖွဲ့၏ ဆုံးဖြတ်ချက် အရ တိုင်း လူမှုရေး ဝန်ကြီး ဒေါက်တာ ဇော်ဝင်း လက်မှတ်ဖြင့် ဧပြီလ ၆ ရက်နေ့က ညွန်ကြားချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

RelatedPosts

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

20 May 2025
46
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
580
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
178

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သည့် ဒေါက်တာ ဇော်ဝင်း က”ဒါကအလှူခံရတဲ့ငွေ ကို တိတိကျကျသိအောင်၊ နိုမို့ဆို ဟိုကအလှူခံ၊ ဒီကအလှူခံနဲ့ စနစ် မကျ ရင် ယိုဖိတ်တာတွေရှိလာမယ်။ တခုတည်းဆိုရင် သေသေချာချာ ရသွားတာပေါ့။ ဒါကို အစိုးရ အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် အရ ထုတ်ပြန်ခဲ့တာပါ”ဟု ပြောသည်။

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်များ အလိုက် သိသာ မြင်သာသော နေရာများတွင် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ၊ စီမံခန့်ခွဲမှု ကော်မတီဝင်၊ ရပ်မိရပ်ဖ၊ လူမှုရေးအသင်းများ ညှိနှိုင်း ၍ ကော်မတီဖွဲ့ကာ ဆောင်ရွက် ရမည်ဟုလည်း ညွန်ကြားထားသည်။

တမြို့နယ်ကို အလှူခံမဏ္ဍပ် တခုဖွင့်ရေး အတွက် ယနေ့မှစပြီး ညွန်ကြားစာများကို မြို့နယ် အသီးသီးသို့ ပို့ဆောင်ပြီးသည် နှင့် တပြိုက်နက် မြို့နယ်အတွင်း အစီအမံများပြုလုပ်၍ အလှူခံမဏ္ဍပ်များ ဖွင့်လှစ်သွားမည်ဟု ဆိုသည်။

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့တွင်လည်း COVID-19 ကြိုတင်ကာကွယ်ရေး အတွက် ရပ်ရွာဒေသမှ ပါဝင် လှူဒါန်းနိုင်ရေး ညွန့်ကြားစာ ရောက်ရှိနေပြီဟု နာဂ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်းက ပြောသည်။

သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲခွင့်ပြုထားသော အသုံးစရိတ်များအား ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများနှင့် အညီ စာရင်းစစ်ဆေးခံနိုင်ရေး ဆောင်ရွက်ထားရှိ ရန်လည်း လူမူရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းက ညွန်ကြားထားကြောင်း သိရသည်။

နာဂ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်းက”ဟုတ်တယ်။ ကျနော်တို့ သုံးစွဲထားတာရှိတယ်။ သူတို့ပေး ထားတဲ့ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ရန်ပုံငွေက မြို့နယ်တခုကို ကျပ် သိန်း ၁၅၀ ပေးထား တာရှိတယ်”ဟု ပြောပြသည်။

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် လဟယ်၊ လေရှီးနှင့် နန်းယွန်း ဟူ၍ မြို့နယ် ၃ မြို့နယ် ရှိကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ COVID-19 ကြောင့် သွားလာမှု ကန့်သတ်ထားသည့် ကာလအတွင်း ရဟန်း၊ သံဃာ၊ သီလရှင်များ၏ ဆွမ်းနှင့် ကျန်းမာရေး ကာကွယ်စောင့် ရှောက်မှု များကို တိုင်းဒေသကြီး အစိုးရ အဖွဲ့၏အစီအမံဖြင့် ထောက်ပံ့ လှူဒါန်းသွားမည် ဖြစ်ကြောင်း လည်း သိရသည်။

အသွားအလာ ကန့်သတ်မှုကြောင့် စားဝတ်နေရေး အခက်အခဲရှိသည့် ပြည်သူများအတွက်လည်း သက်ဆိုင်ရာ မြို့နယ် စီမံ ခန့်ခွဲမှု ကော်မတီများ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အလိုက် ထောက်ပံ့ ကူညီ ဆောင်ရွက်သွားရန်လည်း စီစဉ်ထားသည်ဟု တိုင်း အစိုးရ အဖွဲ့က ပြောဆိုထားသည်။

အဆိုပါ စားဝတ်နေရေး ခက်ခဲနေမှုအား သတင်းပေးပို့ခြင်းနှင့် လှူဒါန်းလိုခြင်းရှိပါက ထောက်ပံ့ လှူဒါန်းလိုသည့် အလှူရှင် များ၊ လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများ အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် စီမံ ခန့်ခွဲမှု ကော်မတီများသို့ ဆက်သွယ်၍ စနစ်တကျ ထောက်ပံ့လှူဒါန်းနိုင်သည်ဟုလည်း အသိ ပေးထားသည်။

COVID-19 ကာကွယ်ထိန်းချုပ်ရေး အတွက် စစ်ကိုင်းတိုင်းအတွင်း ဧပြီလ ၇ ရက်မှ ဧပြီလ ၂၁ ရက်နေ့အထိ ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း၊ ဟိုတယ်၊ တည်းခိုခန်း လုပ်ငန်းများနှင့် အများ ပြည်သူ အပန်းဖြေနေရာများကို ယာယီ ပိတ်သိမ်းမည် ဖြစ်ကြောင်း ဧပြီ ၅ ရက်က ထုတ်ပြန် ကြေညာထားသည်။

စစ်ကိုင်းတိုင်းအတွင်း လက်ရှိ အချိန်အထိ COVID-19 စောင့်ကြည့်လူနာ ၃၂ ဦးရှိပြီး ၎င်းတို့၏ ဓာတ်ခွဲအဖြေ အားလုံး Negative ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ကျန်းမာရေး ဦးစီးဌာနက ပြောသည်။

စစ်ကိုင်းတိုင်းတွင် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့် လဟယ်၊ လေရှီး၊ နန်းယွန်း မြို့နယ်များ အပါအဝင် မြို့နယ် ပေါင်း ၃၇ မြို့နယ်ရှိပြီး အကြမ်းဖျင်းအားဖြင့် လူဦးရေ ၅၃ သိန်းကျော် ရှိကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူ မှု အရ သိရသည်။

ဆက်စပ်ဖတ်ရှုရန်

လေရှီးတွင် စောင့်ကြည့်လူနာများ အတွက် ကျန်းမာရေး ဝန်ထမ်း မလုံလောက်၍ စိုးရိမ်နေ

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကိုရိုနာဗိုင်းရပ်စ် ပညာပေးမှု စတင်လုပ်ဆောင်

နာဂနယ်စပ်ဂိတ် ပိတ်ရက်ရှည်ပါက ဒေသခံများ ကျန်းမာရေးအတွက် အခက်တွေ့နိုင်

Your Thoughts …
Tags: စစ်ကိုင်းတိုင်း COVID-19 ကာကွယ်ရေး
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ နိုင်ငံများ

တရုတ်နိုင်ငံထက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံး ဖြစ်လာတဲ့ နိုင်ငံ ၅ နိုင်ငံ

အိမ်မှာ နေပါ

အိမ်မှာ နေပါ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

19 hours ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate